ငါးလေးတွေ အေးနေတဲ့ ရေထဲမှာတောင် မအေးခဲရတဲ့ အကြောင်းအရင်း

Knowledge Nature

ငါးအားလုံးနီးပါးကတော့ သွေးအေး သတ္တဝါများ ဖြစ်ကြပါတယ်။

ကျောင်းရှိ သင်ရိုးညွှန်းတမ်းမှာဆိုရင် ငါးများဟာ သွေးအေးသတ္တဝါများဖြစ်ကြောင်း ကျွန်ုပ်တို့ သိထားပြီး ဖြစ်ပါတယ်။

ဆိုလိုတာက ၎င်းတို့ရဲ့ ခန္ဓာကိုယ် အပူချိန်က ၎င်းတို့ ကူးခတ်နေတဲ့ ရေရဲ့အပူချိန်နှင့် ညီမျှပါတယ်။

ဒါဆိုရင် အန္တာတိကတိုက်ရဲ့ အေးတဲ့ ​​ရေပြင်တွေမှာ ကူးခတ်နေတဲ့ ငါးတွေကတော့ အပူချိန် အလွန်အမင်း ကျဆင်း သော် လည်း အသက်မဆုံးရှုံးတာဟာ ဘာကြောင့်လဲ၊ ဘာလို့လဲဆိုတော့ အဆိုပါဒေသများရှိ ရေအပူချိန်ဟာ အလွန်ပြင်းထန်ပြီး 4 ဒီဂရီစင်တီဂရိတ်ထက် မြင့်တက်ခဲပါတယ်။

ပင်လယ်ရေရဲ့ ရေခဲမှတ်က -2 ဒီဂရီဖြစ်တဲ့ အတွက်ကြောင့် အေးခဲ​နေတဲ့ ရေပြင်ကို ဖြတ်၍ သွားလာနေချိန်မှာ ငါး​တွေကလည်း ရေခဲများအဖြစ်သို့ ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်။

သို့သော်လည်း အချို့ငါးမျိုးစိတ်တွေရဲ့သွေးထဲမှာ subzero လို့ခေါ်သည့် အပူချိန်တွင် အေးခဲခြင်းမရှိသော ဓာတ်တစ်မျိုးပါ ဝင်တာကြောင့် အေးခဲမသွားတာပဲ ဖြစ်ပါတယ်။

ဒါ့​ကြောင့် အဆိုပါ ငါးတွေဟာ အန္တာတိကတိုက်ရဲ့ ပြင်းထန်သော အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်တာပဲ ဖြစ်ပါတယ်။

အန္တာတိကငါး

များသောအားဖြင့် အန္တာတိကရေပြင်တွင် nototheniidae ဟုခေါ်သော ငါးများ ကူးခတ် သွားလာတတ်ကြပါတယ်။

သိပ္ပံပညာရှင်များရဲ့ တွက်ချက်မှုအရ ယနေ့တွင် nototheniidae မျိုးစိတ်ပေါင်း ၁၅၆ မျိုးခန့်ရှိနေပြီပဲ ဖြစ်ပါတယ်။

၎င်းတို့ထဲကမှ အများစုကို စားသုံးကြပြီး ရုရှားနိုင်ငံသို့ပင် တင်သွင်းကြပါတယ်။ ဥပမာ တင်သွင်းရောင်းချတဲ့နေရာမှာ sea bass (Patagonotothen ramsayi) သို့မဟုတ် ice fish (for Champsocephalus gunnari) တို့ကို အဓိကထားကြပါတယ်။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းဆိုရင် nototheniidae ငါးတွေဟာ အပူချိန် 4 ဒီဂရီစင်တီဂရိတ်ထက် လုံးဝမတက်နိုင်တဲ့ ရေထဲတွင် နေထိုင်ကြပါတယ်။

မကြာသေးမီက ကျွန်ုပ်တို့ကမ္ဘာရဲ့ အအေးဆုံးဒေသတွင် ရာသီဥတု ဆိုးရွားခဲ့ပါတယ်။ 2020 ခုနှစ်အစတုန်းက အန္တာတိကတွင် 18.3 ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်ခဲ့ကြောင်း သတင်းကို ထုတ်ပြန်ခဲ့သည်။

၎င်းဟာ ရေရဲ့အခြေအနေကို လွှမ်းမိုးပြီး ၎င်းတွင်နေထိုင်သော ငါးများအနေနဲ့ ကောင်းစွာ ခံစားရမှာတော့ သေချာပါတယ်။

ငါး​​လေးတွေ​​​ရဲ့ အံ့သြဖွယ် စွမ်းရည်

ဒါပေမယ့် ငါးအများစုဟာ မီတာ ၁၅၀၀ အနက် ရေအေးထဲမှာ နေလေ့ရှိတဲ့အချက်ကို ပြန်ကြည့်မယ်ဆိုရင် လေ့လာမှုအရတော့ glycoproteins ဟုခေါ်သော အထူးပရိုတင်းများရဲ့တားဆီးမှုဖြင့် ၎င်းတို့ရဲ့ ခန္ဓာကိုယ်များကို ရေခဲတုံးများအဖြစ် ပြောင်းလဲမှုကို ဟန့်တားပေးကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။

နှစ်ဆယ်ရာစု အလယ်ပိုင်းတုန်းက ဒီအရာနဲ့ပတ်သတ်ပြီး ဆောင်းရာသီတွင် ကျွန်ုပ်တို့နိုင်ငံရှိ မြို့များရဲ့လမ်းများကို ဖုံးအုပ်ပေးတဲ့ ဆားတွေထက် အရည်အေးခဲခြင်းဖြစ်စဉ်ကို ပိုမိုဟန့်တားပေးနိုင်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြပါတယ်။

၎င်းက ငါးတွေကို အလွန်နိမ့်သော အပူချိန်ကို ခံနိုင်ရည်ရှိစေသော အအေးဓာတ်တစ်မျိုးဖြစ်ပါတယ်။

Notothenioidei ငါးမျိုးစိတ် ၁၅၆ မျိုးခန့်ရှိတဲ့အကြောင်း

အသက်ကယ် ငါးပရိုတင်းတွေဟာ ၎င်းတို့ရဲ့ခန္ဓာကိုယ်အတွင်းမှာသာမက ရေရဲ့ပြင်ပလွှမ်းမိုးမှုပါရှိပါတယ်။

သိပ္ပံနည်းကျလေ့လာမှုအရ ငါး​တွေရဲ့သွေးထဲတွင် glycoproteins များပါဝင်နေခြင်းကြောင့် ရေမော်လီကျူးတွေ ရေခဲပုံဆောင်ခဲများဖြစ်ပေါ်ခြင်းကို ဟန့်တားပေးခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဆိုလိုတာက ငါးတွေ ရေခဲတုံးများအဖြစ်သို့ ပြောင်းလဲဖို့ မရှိနိုင်ပါဘူး။

သွေးနွေးငါးတမျိုး

ဒါပေမယ့် ရေအေးကို ခံနိုင်ရည်ရှိတဲ့ ငါးအားလုံးတော့ မရှိပါဘူး။ ၎င်းတို့ထဲမှ တစ်မျိုးကတော့ red-blooded fish opah (Lampris guttatus) ဖြစ်ပါတယ်။

ဒီဆောင်းပါးရဲ့အစမှာ ငါးတွေအားလုံးဟာ သွေးအေးဖြစ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ရေအပူချိန်ပေါ်မှာ မူတည်တယ်လို့ ပြောထားပါတယ်။ သို့ပေမည့် အဆိုပါ ငါးမျိုးစိတ်ကတော့ ချွင်းချက်ဖြစ်တယ်ဟု ဆိုပါတယ်။

2015 ခုနှစ်တုန်းက အမေရိကန် သိပ္ပံပညာရှင်များက ၎င်းငါးခန္ဓာကိုယ် အပူချိန်ဟာ များသောအားဖြင့် ရေအပူချိန်ထက် 5 ဒီဂရီရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

၎င်းငါးတွေဟာ အဆက်မပြတ် အပူရှိန်နှင့် ၎င်းတို့ရဲ့ ဆူးတောင်များကို တက်ကြွစွာ လှုပ်ရှားတဲ့အတွက်ကြောင့် ဖြစ်ပြီး ခန္ဓာကိုယ်တွင်းရှိ အပူထိန်းထားမှုဟာ ၎င်းတို့ကို ထူထဲတဲ့ အဆီလွှာကို ဖြစ်စေပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.