အိုလံပစ်ကစားသမားများ ၎င်းတိို့ရဲ့ဆုံတံဆိပ်ကို ကိုက်ရသည့် အကြောင်း

News Sports

ဆုတံဆိပ်ကို ကိုက်နေတဲ့ဓါတ်ပုံများဟာ ခေတ်ရေစီးကြောင်းတစ်ခုလိုဖြစ်နေတဲ့အတွက် တိုကျို 2020 တံဆိပ်များကို စားသုံးခြင်း မပြုနိုင်ကြောင်း ကျွန်ုပ်တို့တရားဝင် အတည်ပြု ပြောလိုပါတယ်။

ကျွန်ုပ်တို့၏ ရွှေ၊ ငွေနှင့်ကြေး တံဆိပ်များကို ဂျပန်လူထုမှ လှူဒါန်းထားသော စွန့်ပစ်လျှပ်စစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုလို့ရ‌တဲ့ ပစ္စည်းများဖြင့် (recycle) ပြုလုပ်ထားတာဖြစ်ကြောင်း၊

ဒါကြောင့် ဆုတံဆိပ်များကို ကိုက်စရာမလိုပါဘူး။ဒါပေမယ့် သင်တို့ဆက်လုပ်နေဦးမယ်ဆိုတာတော့ ကျွန်ုပ်တို့သိပါတယ်လို့ တို‌ကျို ပွဲဖြစ်‌မြောက်ရေး ကော်မတီက ၎င်းတို့ရဲ့ တရားဝင် တိုကျို ၂၀၂၀ တွစ်တာ အကောင့်မှာ ဟာသ‌အ‌နေ ဖြင့် ‌‌‌ရေးသား ဆော်ဩထားပါတယ်။

အိုလံပစ်အားကစားသမားများဟာ သူတို့ရဲ့ဆုတံဆိပ်များကို အဘယ်ကြောင့် ကိုက်ကြတာလဲ?

ဆုရရှိတဲ့ အိုလံပစ် အားကစားပြိုင်ပွဲဝင်တွေရဲ့ စင်မြင့်ထက်မှာ ဆုယူနေတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး ထူးခြားတဲ့ ပုံစံတစ်ခုကို တော့ သတိပြုမိမှာပါ။ ဆုရရှိသူ အားလုံးဟာ သူတို့ရဲ့ ရွှေတံဆိပ်တွေကို ကိုက်ကြတာပါပဲ။

ပထမတော့ ဒါဟာ တိုက်ဆိုင်မှုတစ်ခုလို့ ထင်ခဲ့ပေမဲ့ အားကစားသမား တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ ရွှေတံဆိပ်တွေကို ပါးစပ်ထဲမှာ ကိုက်ထားတာကိုတွေ့ရတော့ ဒါက နာမည်ကြီးတွေရဲ့ အကျင့်တစ်ခုဖြစ်နေပြီး အကြောင်းပြချက်တစ်ခုရှိရမယ်လို့ သံသယရှိလာပါတယ်။

အကြောင်းပြချက်က‌တော့ရှိပါတယ်။ ရွှေဆိုတာ တခြားသတ္တုတွေထက် ပိုပျော့ပြောင်းပြီး ပုံသွင်းနိုင်ပါတယ်။ ရွှေစစ်မစစ်ကို သွားနဲ့ကိုက်ကြည့်ရင် ရွှေအစစ်ဆိုပါက သွားရာထင်ကျန်ခဲ့ရပါမယ်။ ဒါကြောင့် ဆုတံဆိပ်က တရားဝင်ပေးတဲ့ ရွှေအစစ် ဟုတ်မဟုတ်ကို သွားနဲ့ကိုက်ပြီး စစ်ကြည့်ကြတာ ဖြစ်ပါတယ်။

ကိုယ်ရလိုက်တဲ့ဆုကို အမှန်ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ကျေနပ်အားရအောင် ဆန်းစစ်ကြည့်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အားကစားသမား အများစုဟာ ဆုတံဆိပ်ကို ဘာနဲ့ လုပ်ထားလဲဆိုတာထက် ဆုတံဆိပ်ရဲ့ ကိုယ်စားပြုမှုကိုသာ ပိုပြီးအလေးထားကြတာဖြစ်ပါတယ်။

ဒါဆိုရင် ဘာကြောင့် ဆုရအားကစားသမားအားလုံးက ဆုယူတဲ့ စင်ပေါ်မှာ ရွှေတံဆိပ်ကို ပါးစပ်နဲ့ ကိုက်နေတဲ့ပုံစံနဲ့ ဓာတ်ပုံအရိုက်ခံကြတာလဲ။

အပြည်ပြည်ဆိုင်ရာ သမိုင်းဝင် အိုလံပစ်ကစားသမားအဖွဲ့ ဥက္ကဌ David Wallechinsky ‌‌ရှင်းပြတာကတော့ “ဒါဟာ ဓာတ်ပုံဆရာတွေရဲ့ အစွဲအလန်းတစ်ခုလို ဖြစ်နေပါတယ်။

သူတို့က ဒီဆုတံဆိပ်ဟာ ရောင်းချင်ရင် ရောင်းလို့ရတဲ့ အမှတ်တရ ပစ္စည်းတစ်ခုအနေနဲ့မြင်ကြပြီး ဂုဏ်ယူစရာ သင်္ကေတ တစ်ခုအနေနဲ့ သတ်မှတ်ကြတာဖြစ်ပြီး

နောက်ပြီး ဒီအမူအရာကို အားကစားသမားတွေက ကိုယ်ပိုင်စိတ်ကူးနဲ့ လုပ်ကြတဲ့သူနည်းပါတယ်။ ဓာတ်ပုံဆရာတွေ အကြံပေးတဲ့အတိုင်း လိုက်လုပ်ကြတာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်များကို အိုလံပစ်မှာပဲ သီးသန့် တွေ့ရတာတော့မဟုတ်ပါဘူး။

တင်းနစ် စူပါစတားရာဖေးလ်နာဒယ်သည်လည်း သူရရှိသော ဆုဖလားများထဲမှတစ်ခုအားအထူးသဖြင့် Coupe des Mousquetaires (ပြင်သစ်အိုးပင်းအမျိုးသားလက်ရွေးစင်ဖလား) ကို ကိုက်ပြီး ဓါတ်ပုံရိုက်ခဲ့ပါသးတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *