မီးရထား သံလမ်း​တလျှောက်မှာ ကျောက်ခဲတွေ ခင်းရတဲ့ အကြောင်း

Knowledge Tech

ရထားသံလမ်းဘေးမှာ ကျောက်ခဲတွေ ဘာလို့ ခင်းထားတာလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်း တစ်ခု ဖြစ်ပါတယ်။

အဆိုပါ မီးရထား သံလမ်းခင်းတဲ့ ကျောက်ခဲတွေကို Ballast လို့ ခေါ်ပါတယ်။

၎င်း၏ ရည်ရွယ်ချက်က သံလမ်းတွေကို တစ်နေရာတည်းမှာ ထိန်းထားနိုင်သည့် သစ်သား အထိန်းတွေကို ထောက်ပံ့မှု ရရှိဖို့ ဖြစ်ပါတယ်။

မြေပြင်ပေါ်ရှိ ကျဉ်းမြောင်းပြီး မိုင်ပေါင်းများစွာ ပြေးလွှားနေတဲ့ သံမဏိလမ်းကြောင်းတွေဟာဆိုရင် အပူကြောင့် ပြန့်ကားခြင်းနှင့် အ​အေးကြောင့် ကျုံ့ခြင်းတို့ကို ဖြစ်ပေါ်လေ့ရှိပါတယ်။

မြေပြင်လှုပ်ရှားမှုနှင့် တုန်ခါမှု၊ ကြမ်းတမ်းတဲ့ ရာသီဥတုကြောင့် မိုးရွာသွန်းမှု၊ ပေါင်းပင်​တွေနှင့် အပင်ကြီးထွားမှု အောက်ခံတွေကြောင့်လည်း သံလမ်းတွေဟာ ပျက်စီးစေနိုင်ပါတယ်။

၎င်းဟာ ၉၉ ရာခိုင်နှုန်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ကျန်တစ်ရာခိုင်နှုန်းမှာ ပေါင်ချိန် တစ်သန်းအထိ လေးလံတဲ့ ရွေ့လျားရမည့်ဝန်တွေကို ထိန်းပေးတဲ့ စနစ် ဖြစ်ပါတယ်။

အောက်မှာတော့ အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းလှတဲ့ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ နီးပါးက ပထမဆုံး ဖြေရှင်းခဲ့သည့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။

ပထမအဆင့် အနေနဲ့ မြေပြင်ပေါ်တွင် ရေများအိုင်ထွန်းခြင်း သို့မဟုတ် လျှံခြင်းများ မဖြစ်စေအောင် လမ်းကြောင်းကို လုံလုံလောက်လောက် မြင့်တင်ဖို့အတွက် အောက်ခံ အုတ်မြစ်ကို တည်ဆောက်ရပါတယ်။

အဲဒီ့နောက် အောက်ခံ အုတ်မြစ်၏ အပေါ်တွင် သံလမ်းခင်း ကျောက်များ( ballast ) ကို နေရာအနှံ့ တင်ထားလိုက်ပါတယ်။

အောက်ခံ အုတ်မြစ်ပေါ်မှာမှ ၁၉.၅ လက်မ အလယ်ဗဟို၊ အလျား ၈.၅ ပေ၊ အကျယ် ၉ လက်မ နှင့် အထူ ၇ လက်မ (ပေါင် ၂၀၀ ခန့် အလေးချိန်ရှိတဲ့) ဇလီဖားတုံးတွေကို နေရာချထားပါတယ်။

ထို့နောက်မှာတော့ သံလမ်းခင်း ကျောက်ခဲတွေကို နေရာအနှံ့ ကြားတွေ မကျန်အောင် ဖြန့်ကာ ခင်းကျင်းပါတယ်။

ကျောက်တုံးတွေရဲ့ ချွန်ထက်နေတဲ့ အစွန်းတွေက အချင်းချင်း အပေါ်မှ လျှောကျဖို့ ခက်ခဲစေတဲ့ အတွက်ကြောင့် အထိန်းအနေနဲ့ အလုပ်ဖြစ်တာကို တွေ့ရပါတယ်။

ဇလီဖားတုံးတွေကို ဝက်သစ်ချသားဖြင့် ပြုလုပ်ထားပြီး ရာသီဥတုကို ကာကွယ်ဖို့အတွက် creosote လို့ခေါ်တဲ့ ကြာရှည်ခံစေတဲ့ အညိုရောင် သုတ်ဆေးကို အသုံးပြုထားပါတယ်။

ယခုအခါမှာဆိုရင် အမေရိကန်ပြည်ထောင်စုရှိ ရထားလမ်းတွေရဲ့ ၉၃ ရာခိုင်နှုန်းဟာ သစ်သားဖြင့် ပြုလုပ်ထားတဲ့ ဇလီဖား တုံးတွေကို အသုံးပြုဆဲဖြစ်သော်လည်း

လူဦးရေထူထပ်လာပြီး အသွားအလာ များပြားလာမှုကြောင့် ခေတ်မီ ရထားလိုင်းတွေ ပေါများလာချိန်မှာတော့ ပေါင်းစပ်ပလပ်စတစ်၊ သံမဏိနှင့် ကွန်ကရစ်တို့အပါအဝင် အခြား ရွေးချယ်စရာတွေကို ပိုမိုအသုံးပြုလာကြပါတယ်။

ယခင် မီးရထားသံလမ်းတွေတုန်းက ရထားသံတွေကို ဆက်တဲ့နေရာမှာ fishplate ဟုခေါ်တဲ့ သံပြား ထပ်ပိုးပြီး တစ်ဖက်နဲ့တစ်ဖက် တွဲချည်ကြသော်လည်း ယနေ့ခေတ်မှာတော့ အများအားဖြင့် အဆုံးနှစ်ဖက်ကို ဂဟေဆက်ကြပါတယ်။

ရထားသံလမ်းတွေကို သံမှို သို့မဟုတ် တစ်ခုခုနဲ့ သပ်ရိုက် ချည်နှောင်ထားတာကလည်း အလုပ်မဖြစ်ပါဘူး။

အကြောင်းကတော့ ရထားလမ်းရဲ့ အရှည် တစ်လျှောက် အပူကြောင့် ဖြစ်လာတဲ့ ပွခြင်းနှင့် ကျုံ့ခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့ အသေးအဖွဲ မဟုတ်တဲ့ သံလမ်းရဲ့ လှုပ်ရှားမှုတွေဟာ ၎င်းတို့ကို ကွဲထွက်သွားခြင်းတွေ ဖြစ်စေတက်ပါတယ်။

ဒါ့ကြောင့် အဲ့ဒီအစား ရထားလမ်းတွေကို ကလစ်တွေ သို့မဟုတ် ချိတ်​တွေနဲ့ ချိတ်ထားတာကြောင့် အပူကြောင့် ပြန့်ကားဖို့ ဒါမှမဟုတ် အေးတဲ့အခါ ကျုံ့ဖို့အတွက် သံလမ်းများကို အလျားလိုက် လှုပ်ရှားနိုင်စေမှာ ဖြစ်ပါတယ်။

သံလမ်းခင်းကျောက် (ballast) တွေဟာ အုတ်မြစ်ပေါ်ရှိ ရထားရဲ့ ဝန်ကို အောက်သို့ ပျံ့နှံ့စေသည့် အပြင် အောက်ခံ အုတ် မြစ် တလျှောက်မှ သက်ရောက်လာတဲ့ မြေပြင်လှုပ်ရှားမှုများ၊ အပူကြောင့် သံလမ်းများ ပြန့်ကားခြင်းနှင့် အလေးချိန် ကွဲ ပြား မှုတွေကို အဆင်ပြေစေပြီး မိုးနှင့် ဆီးနှင်းတွေကိုလည်း ကောင်းမွန်စွာ စီးဆင်းစေပါတယ်။

ဒါတွေအပြင် လမ်းကြောင်းကို လျင်မြန်စွာ နေရာယူတက်တဲ့ ပေါင်းပင်​တွေနှင့် အသီးအရွက်ပင်တွေ ကြီးထွားမှုကိုလည်း တားဆီးပေးပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.