Alphabet ကုမ္ပဏီမှ ပိုင်ဆိုင်သည့် ဒရုန်း ပစ္စည်းပို့ ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် Wing ဟာ ဩစတေးလျရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ကျော်ကြားမှုကြောင့် ပို့ဆောင်မှု ၁၀၀,၀၀၀ အထိ မှတ်တမ်းတင်နိုင်ရန် လုပ်ဆောင်နေပါတယ်။
ကုမ္ပဏီက လာမယ့်ရက်တွေမှာ မှတ်တိုင်တစ်ခုကို ရောက်ဖို့ ရည်ရွယ်ထားပြီး ယမန်နှစ်အတွင်း ဩစတေးလျနိုင်ငံ၊ လိုဂန်တွင် ကော်ဖီခွက် ၁၀၀၀၀၊ သရေစာထုပ် ၁၇၀၀ နဲ့ ကြက်ကင် ၁၂၀၀ တို့ကို စားသုံးသူများထံသို့ ပို့ဆောင်ပေးခဲ့တာကို သူ့ရဲ့တိုးတက်မှု အကြောင်း အသေးစိတ် တင်ထားတဲ့ blog တစ်ခုမှာ ပြောထားခဲ့ပါတယ်။
ဒါဟာ သူ့ရဲ့အသုံးဝင်မှုကို ကြီးကြီးမားမား သက်သေမပြရသေးတဲ့ နည်းပညာတစ်ခုအတွက် သိသာ ထင်ရှားသည့် အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှ စတင်ခဲ့တဲ့ ဒရုန်း စမ်းသပ်မှုများ အပြီးတွင် Wing သည် အမေရိကန် ဖက်ဒရယ် လေကြောင်း စီမံခန့်ခွဲမှု အဖွဲ့ထံမှ ခွင့်ပြုချက် ရခဲ့ပြီး ၂၀၁၉ တွင် ဩစတေးလျ၌ စတင်ခဲ့ပါတယ်။

ကုမ္ပဏီရဲ့ ဒရုန်းတွေဟာ လေယာဉ်များနဲ့ ရဟတ်ယာဉ် တွေလို ပုံစံ ၂ မျိုးဖြင့် ပျံသန်းနိုင်ပါတယ်။
ဒရုန်းလေယာဉ်များသည် ၎င်းတို့ရဲ့တည်နေရာသို့ ပျံသန်းပြီး ၂၃ ပေ (ခုနစ်မီတာ) အမြင့်က ဆင်းသက်ကာ ၎င်းတို့ရဲ့ ကုန်ပစ္စည်းများကိုမြေပြင်ပေါ်သို့ အလိုအလျောက် ချပေးပါတယ်။
သုံးစွဲသူတွေက Wing အက်ပလီကေးရှင်းတွင် ကော်ဖီ၊ ကုန်စုံဆိုင်များ၊ ဆူရှီ၊ ကိတ်များ၊ အိမ်မွေးတိရိစ္ဆာန် အစားအစာနဲ့ အားကစားဝတ်စုံ စတဲ့ ကုန်ပစ္စည်း အနည်းငယ်ကို မှာယူနိုင်ပါတယ်။
ပို့ဆောင်မှုအတွက် Wing ရဲ့စံချိန်ဟာ မှာယူချိန်မှ ရောက်ရှိသည်အထိ ၂မိနစ်နဲ့ ၄၇ စက္ကန့်ဖြစ်သော်လည်း ယေဘူယျအားဖြင့်တော့ ၁၀ မိနစ်အောက်အတွင်း ရရှိနိုင်ပါတယ်။
ယနေ့တွင် ဒီဒရုန်းနဲ့ ပစ္စည်း ပို့ဆောင်ရေး တွေကို ဩစတေးလျ၊ အမေရိကန်နဲ့ ဖင်လန် သုံးနိုင်ငံတွင် လည်ပတ်လျက်ရှိပါတယ်။
သို့သော်လည်း လူ ၃၀၀,၀၀၀ ရှိတဲ့ Brisbane ဆင်ခြေဖုံးရှိ Logan ဟာ ကုမ္ပဏီရဲ့အကြီးမားဆုံး အောင်မြင်မှုမှတ်တမ်းဖြစ်ခဲ့ပါတယ်။
သတင်းထုတ်ပြန်ချက်အရ Logan သည် “ကမ္ဘာ့ဒရုန်းပို့ဆောင်ရေးမြို့တော်” ဖြစ်လာရန် လမ်းကြောင်းပေါ်သို့ ရောက်နေပြီဖြစ်ပါတယ်။

Wing သည် ထိုဒေသတွင် ပို့ဆောင်မှု ၅၀၀၀၀ ကျော်ကို ဆောင်ရွက်ခဲ့ပြီး ၎င်းရဲ့ဝန်ဆောင်မှုကို ဒီလူဦးရေရဲ့ သုံးပုံတစ်ပုံကျော်တွင် ရရှိနိုင်နေပါပြီ။
ဩဂုတ်လ ပထမအပတ်တွင် Logan ဒေသခံများသည် ပို့ဆောင်မှု ၄၅၀၀ ဝန်းကျင်ကို မှာယူခဲ့ပါတယ်။ ဒါဟာ ဒရုန်းဖြင့် ပို့ဆောင်ရေးကို အလုပ်ချိန်အတွင်း စက္ကန့် ၃၀တိုင်း ပြုလုပ်နေတယ်လို့ ဆိုလိုပါတယ်။
Logan တွင် Wing ရဲ့အောင်မြင်မှုဟာ New Orleans၊ အမေရိကန်၊ မန်ချက်စတာ၊ အင်္ဂလန်၊ သို့ ဖလောရင့်၊ အီတလီကဲ့သို့ ကမ္ဘာတစ်ဝှမ်းရှိ အရွယ်အစားတူတဲ့ မြို့များတွင် တိုးတက်မှုကို တွေ့မြင်နိုင်တာကိုလည်း ပြသနေပါတယ်။
လူဦးရေ ၅၀၀,၀၀၀ သို့မဟုတ် အဲ့ထက် နည်းတဲ့ပမာဏရှိတဲ့ မြို့တွေမှာ လူဦးရေ ၂ ဘီလီယံကျော် နေထိုင်သော်လည်း အဲ့တာဟာ Wing က မြို့ကြီးများတွင် လုပ်ငန်းလည်ပတ်ရန် ရည်ရွယ်ချက်မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။
Wing က လာမယ့်လတွေမှာ မြို့အသစ်တွေနဲ့ မိတ်ဖက်တွေကို ကြေညာမယ်လို့ ပြောခဲ့ပြီး သူ့ရဲ့အောင်မြင်မှုက ဆင်ခြေဖုံးရပ်ကွက်တွေကို ပိုကြီးတဲ့ စီမံကိန်းတွေထိ မတိုးချဲ့မီ ပထမဆုံးလုပ်ဆောင်တာ ဖြစ်ကာ ကျွန်တော်တို့နဲ့ မဝေးတော့တဲ့ အနာဂတ်မှာ ဒရုန်းဖြင့် ပို့ဆောင်ရေးတွေ ပိုများလာမယ် ဆိုတာကို ပြသနေပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။