သဲပွင့်လောက်သာရှိသည့် ပျံဝဲ နိုင်သည့် မိုက်ခရိုချစ်ပ်များ အကြောင်း

Innovation Science

၎င်းတို့ဟာ သဲမှုန့်လောက်သာ ရှိပေမယ့် အချက်အလက်တွေ စုဆောင်းနိုင်မယ့် အာရုံခံ ကိရိယာတွေကို တပ်ဆင်ထားပါတယ်။

တနေ့မှာ ၎င်းတို့ဟာ ပတ်ဝန်းကျင် အချက်အလက်တွေကို စုဆောင်းရင်းနှင့် လေထဲမှာ ဖြည်းညင်းစွာ ပျံဝဲရင်း ၎င်းတို့၏ တာဝန်ပြီးဆုံးပါက မြေပြင်ပေါ် သက်ဆင်းကာ မြေကြီးထဲမှာ နစ်ဝင်‌ ပျောက်ဆုံးသွားနိုင်ပါတယ်။

ဒါဟာ သဘာဝကို အတုယူပြီး ဖန်တီးထားတဲ့ microfliers လို့ခေါ်တဲ့ အသေးစား တောင်ပံလေးတပ်ထားတဲ့ မိုက်ခရိုချစ်ပ် လေးများ ဖြစ်ပါတယ်။

Northwestern တက္ကသိုလ်မှ microfliers များကို “လူပြုလုပ်သမျှထဲမှာ အသေးငယ်ဆုံး ပျံသန်းနိုင်သည့် အရာတွေ” လို့ စက်တင်ဘာ ၂၂ ရက်နေ့က ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်.

အဲဒီ့ ချစ်ပ်ပြားလေးတွေဟာ သဲပွင့်လောက်သာ အရွယ်အစားရှိပြီး လေမှ တဆင့် ပျံဝဲ သွားလာနိုင်မှာပါ။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ အလုပ်လုပ်နိုင်စွမ်းကို မြင့်မားစေမယ့် တောင်ပံတပ်ပျံသန်းနိုင်တဲ့ အရာတွေကို အသေးစား အီလက်ထရောနစ် စနစ်အဖြစ် ပြောင်းလဲပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု စောင့်ကြည့်ခြင်း၊ လူဦးရေစောင့်ကြည့်ခြင်း သို့မဟုတ် ရောဂါများကို ခြေရာခံခြင်းများ ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်” လို့

ယခု အပတ်ထုတ် Nature ဂျာနယ်တွင် ပါဝင်သည့် microfliers နှင့် ပတ်သက်သည့် စာတမ်းကို ပူးတွဲရေးသားသူဖြစ်သည့် John Rogers မှာ ပြောကြားခဲ့ပါတယ်။

ယခု မိုက်ခရိုချစ်ပ်၏ လွန်စွာသေးငယ်ပုံ၊ တည်ဆောက်ပုံ နှင့် ပျံသန်းပုံများကို Northwestern က ဗီဒီယို ရုပ်သံဖြင့် ပြသခဲ့ပါတယ်။

အတောင်ပံတပ်ထားသည့် မိုက်ခရိုချစ်ပ်များဟာ ဖြေးညင်းစွာ ဆင်းသက်နိုင်ပြီး လေဟုန်စီးနိုင်စွမ်းရှိကာ အဆင်းမှာ အချက်အလက် စု ဆောင်းဖို့ အချိန် အများကြီး ပေးနိုင်မယ်လို့ ဆိုပါတယ်။

အဖွဲ့၏ အဆိုအရ အဆိုပါ ချစ်ပ်များကို အသေးစား အာရုံခံ ကိရိယာများ၊ အင်တာနာများ နှင့် အချက်အလက် သိုလှောင်စနစ်များ ပါဝင်နိုင်မယ်လို့ သိရပါတယ်။

သဘာဝမှ အတူယူပြီး မကြာသေးမီ နှစ်များအတွင်းမှာ အင်ဂျင်နီယာ နည်းပညာနှင့် ပတ်သက်သည့် စီမံကိန်းများကို လုပ်ဆောင်နိုင်တာကို ရေဘဝဲကဲ့သို့ လက်တံများ တည်ဆောက်ခြင်းကနေ ပုစဉ်းရင်ကွဲ ပုံစံ ဒရုန်းများအထိ ထုတ်လုပ်ခဲ့ခြင်းက သက်သေပြနေပါတယ်။

ယခု နည်းပညာကိုတော့ အင်ဂျင်နီယာများဟာ သစ်ပင် မျိုးစေ့များ လေမှတဆင့် ပျံ့နှံ့ပုံကို အတုယူပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။

tristellateia အပင်နှင့် ၎င်း၏ ကြယ်ပုံစံ အစေ့များဟာ အီလက်ထရောနစ် ပစ္စည်းများအတွက် ကောင်းမွန်တဲ့ စံပြ ပုံစံ ဖြစ်ပါတယ်။

Rogers နှင့် သူ၏ အဖွဲ့ဟာ ရေတွင် ပျော်ဝင်နိုင်သည့် ပစ္စည်းများဖြင့် ထုတ်လုပ်နိုင်သည့် microfliers များကို ဖန်တီးဖို့ ကြိုးစားနေပြီး အဲဒါဟာ အီလက်ထရောနစ် အမှိုက်သရိုက်များ သန့်ရှင်းရေးအတွက် ကောင်းမွန်သည့် ဖြေရှင်းမှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.