ဝင်းဖုန်းတောင်ဒေသကို ပြည်တွင်းခရီးသွားများအတွက် အဆင့်မြှင်တင်မည်

Travel

သထုံ၊ ဇန်နဝါရီ ၃၁

မွန်ပြည်နယ် ၊ သထုံမြို့နယ်အတွင်း ဝင်းဖုန်းတောင်ဒေသကို ပြည်တွင်းခရီးသွားများ သီးသန့်လာရောက်လည်ပတ်မှုမြှင့်တင်ရေး ယခုနှစ်အတွင်း ဆောင်ရွက်မည်။

ဝင်းဖုန်းတောင်ဒေသကို ဒေသတွင်းခရီးစဉ်အသစ်အဖြစ် သတ်မှတ်ထားပြီးဖြစ်သော်လည်း ယခုနှစ်အတွင်း ပြည်တွင်းခရီးသွားများ သီးသန့် လာရောက်လည်ပတ်မှုမြှင့်တင်ရေး စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရပါတယ်။

အဆိုပါဒေသကို နိုင်ငံခြားသား လည်ပတ်ခွင့်ကို ကန့်သတ်ထားပြီး ပြည်တွင်းခရီးသွားများ အနေဖြင့် လာရောက်လည်ပတ်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ခွင့်ပြုထားပြီးဖြစ်ကာ မွန်ပြည်နယ်၏ ခရီးစဉ်ဒေသအဖြစ် ၂၀၁၉ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တာပါ။

ပြည်တွင်းခရီးသွား လာရောက်မှုနည်းပါးနေသေးသည့်အတွက် ယခုနှစ်တွင် ခရီးသွားဝင်ရောက်မှု မြှင့်တင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနမှ သိရပါတယ်။

ဝင်းဖုန်းတောင်ရှိ ဝင်းဖုန်းဂူဟာ အရှည် ပေ ၅၀၀ ခန့်ရှိပြီး နှစ်ဖက်ပွင့်ဂူဖြစ်ပါတယ်။ ဝင်းဖုန်းဂူသို့ သွားရောက်မည်ဆိုလျှင် သထုံမြို့ပေါ်မှ ဒူးရင်းဆိပ်ကျေးရွာသို့ မော်တော်ယာဉ်ဖြင့် သွားရောက်ရမည်ဖြစ်ပါတယ်။ ထိုမှတဆင့် ဝင်းဖုန်းကျေးရွာကို ရေယာဉ်ဖြင့် ၁ နာရီ မိနစ် ၃၀ ခန့် သွားရောက်ရမည်ဖြစ်ပြီး ဝင်းဖုန်းတောင်နှင့် ဂူသို့ ၁၅ မိနစ်ခန့် ခြေကျင်သွားရမည် ဖြစ်ပါတယ်။

ဝင်းဖုန်းဂူကို သွားရောက်မယ်ဆိုရင် ခြေလျင် တောလမ်းခရီးတွေ ဖြစ်ကျော်ရမယ်၊ စက်လှေစီးရတဲ့ ခံစားမှု ရသတွေ ရရှိမှာပဲဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာလည်း မြင်တွေ့ရမည့် ရှု့ခင်းတွေကလည်း အရမ်းလှပါတယ်။ ရေကလည်း ကြည်လင်နေတယ်။ ထုံးကျောက်တောင်တွေကို ဖြတ်တဲ့အခါမှာလည်း မြိတ်ကျွန်းစု ရောက်သွားသလိုမျိုး ခံစားရမှာပါ။

သဘာဝအတိုင်းလှပမှုတွေ တည်ရှိနေတဲ့ ဝင်းဖုန်းတောင်ဟာ ခရီးသွားဧည့်သည်တွေကို တကယ့်ဆွဲဆောင်စရာပါ။

လက်ရှိကာလဟာ ကိုဗစ်ထိန်းချုပ်ဆဲကာလဖြစ်သဖြင့် အဆိုပါဒေသသို့ မွန်ပြည်နယ်အတွင်းမှ Stay at Home အစီအစဉ်တွင် ပါဝင်ခြင်းမရှိသည့်မြို့နယ်မှ ခရီးသွားများလာရောက်လည်ပတ်နိုင်ကြောင်း သိရပါတယ်။

ASH

ZawGyi

ဝင္းဖုန္းေတာင္ေဒသကို ျပည္တြင္းခရီးသြားမ်ားအတြက္ အဆင့္ျမႇင္တင္မည္
သထုံၿမိဳ႕နယ္ ဝင္းဖုန္းေတာင္ေဒသကို ျပည္တြင္းခရီးသြားမ်ား သီးသန႔္လာေရာက္လည္ပတ္မႈျမင့္တင္ေရး ယခုႏွစ္အတြင္း ေဆာင္႐ြက္မည္။


ဝင္းဖုန္းေတာင္ေဒသကို ေဒသတြင္းခရီးစဥ္အသစ္အျဖစ္ သတ္မွတ္ထားၿပီးျဖစ္ေသာ္လည္း ယခုႏွစ္အတြင္း ျပည္တြင္းခရီးသြားမ်ား သီးသန႔္ လာေရာက္လည္ပတ္မႈျမႇင့္တင္ေရး စီစဥ္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ သိရပါတယ္။


အဆိုပါေဒသကို ႏိုင္ငံျခားသား လည္ပတ္ခြင့္ကို ကန႔္သတ္ထားၿပီး ျပည္တြင္းခရီးသြားမ်ား အေနျဖင့္ လာေရာက္လည္ပတ္ႏိုင္ရန္ ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာနက ခြင့္ျပဳထားၿပီးျဖစ္ကာ မြန္ျပည္နယ္၏ ခရီးစဥ္ေဒသအျဖစ္ ၂၀၁၉ ခုႏွစ္ကတည္းက ေဆာင္႐ြက္ခဲ့တာပါ။
ျပည္တြင္းခရီးသြား လာေရာက္မႈနည္းပါးေနေသးသည့္အတြက္ ယခုႏွစ္တြင္ ခရီးသြားဝင္ေရာက္မႈ ျမႇင့္တင္ရန္ စီစဥ္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း မြန္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာနမွ သိရပါတယ္။


ဝင္းဖုန္းေတာင္ရွိ ဝင္းဖုန္းဂူဟာ အရွည္ ေပ ၅၀၀ ခန႔္ရွိၿပီး ႏွစ္ဖက္ပြင့္ဂူျဖစ္ပါတယ္။ ဝင္းဖုန္းဂူသို႔ သြားေရာက္မည္ဆိုလွ်င္ သထုံၿမိဳ႕ေပၚမွ ဒူးရင္းဆိပ္ေက်း႐ြာသို႔ ေမာ္ေတာ္ယာဥ္ျဖင့္ သြားေရာက္ရမည္ျဖစ္ပါတယ္။ ထိုမွတဆင့္ ဝင္းဖုန္းေက်း႐ြာကို ေရယာဥ္ျဖင့္ ၁ နာရီ မိနစ္ ၃၀ ခန႔္ သြားေရာက္ရမည္ျဖစ္ၿပီး ဝင္းဖုန္းေတာင္ႏွင့္ ဂူသို႔ ၁၅ မိနစ္ခန႔္ ေျခက်င္သြားရမည္ ျဖစ္ပါတယ္။


ဝင္းဖုန္းဂူကို သြားေရာက္မယ္ဆိုရင္ ေျခလ်င္ ေတာလမ္းခရီးေတြ ျဖစ္ေက်ာ္ရမယ္၊ စက္ေလွစီးရတဲ့ ခံစားမႈ ရသေတြ ရရွိမွာပဲျဖစ္ပါတယ္။ လမ္းတစ္ေလွ်ာက္မွာလည္း ျမင္ေတြ႕ရမည့္ ရႈ႕ခင္းေတြကလည္း အရမ္းလွပါတယ္။ ေရကလည္း ၾကည္လင္ေနတယ္။ ထုံးေက်ာက္ေတာင္ေတြကို ျဖတ္တဲ့အခါမွာလည္း ၿမိတ္ကြၽန္းစု ေရာက္သြားသလိုမ်ိဳး ခံစားရမွာပါ။


သဘာဝအတိုင္းလွပမႈေတြ တည္ရွိေနတဲ့ ဝင္းဖုန္းေတာင္ဟာ ခရီးသြားဧည့္သည္ေတြ တကယ့္ဆြဲေဆာင္စရာပါ။


လက္ရွိကာလဟာ ကိုဗစ္ထိန္းခ်ဳပ္ဆဲကာလျဖစ္သျဖင့္ အဆိုပါေဒသသို႔ မြန္ျပည္နယ္အတြင္းမွ Stay at Home အစီအစဥ္တြင္ ပါဝင္ျခင္းမရွိသည့္ၿမိဳ႕နယ္မွ ခရီးသြားမ်ားလာေရာက္လည္ပတ္ႏိုင္ေၾကာင္း သိရပါတယ္။

ASH

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *