သစ်တောများအနီး နေထိုင်သော ကလေးများ နှင့် မြို့နေ ကလေးများ၏ ကျန်းမာရေး ကွာခြားချက်

Knowledge Lifestyle

သစ်တောများအနီး နေထိုင်သော ကလေးများဟာ အသိဥာဏ်ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုမိုကောင်းမွန်ကြတယ်လို့ လေ့လာမှု အသစ်များ အရ သိရပါတယ်။

အဆိုပါ ဆက်နွယ်မှု၏ နောက်ကွယ်မှ ရှင်းလင်းသော ရှင်းလင်းချက်ကို မတွေ့ရသော်လည်း လေ့လာမှုအသစ်က ကလေးများ၏ လူမှုစီးပွားရေး နောက်ခံနှင့် အနည်းငယ် ဆက်စပ်မှုရှိကာ သဘာဝ ကမ္ဘာကြီး၏ ကောင်းကျိုးများနှင့် ဆက်စပ်လျှက်ရှိပါတယ်။

Nature Sustainability ဂျာနယ်တွင် လန်ဒန် တက္ကသိုလ်နှင့် အင်ပီရီရယ် ကောလိပ် လန်ဒန်တို့မှ သိပ္ပံပညာရှင်များဟာ အသက် ၉ နှစ်မှ ၁၅ နှစ်ကြား ကျောင်းပေါင်း ၃၁ ကျောင်းမှ ဆယ်ကျော်သက် ကလေး ဦးရေ ၃၅၀၀ ကျော်၏ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကို လေ့လာခဲ့ကြပါတယ်။

သိပ္ပံပညာရှင်များအဖွဲ့ဟာ အဆိုပါကလေးများ၏ နေထိုင်ရာအရပ်၏ အနေအထားကို သိရှိနိုင်ရန် ဂြိုဟ်တု အချက်အလက်များကို အသုံးပြုကာ သုတေသန ပြုခဲ့ကြပါတယ်။

လေ့လာချက်အရ သစ်ပင် သစ်တောများနှင့် နေ့စဉ် ထိတွေ့မှု ပိုများသည့် ကလေးများနှင့် ဆယ်ကျော်သက်များဟာ သိမြင်မှု ဖွံ့ဖြိုးမှုအတွက် ရမှတ် ပိုမြင့်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် သဘာဝ ပတ်ဝန်းကျင်နှင့် ထိတွေ့မှု နည်းသော သူများနှင့် နှိုင်းယှဉ်ပါက ၂ နှစ်အကြာမှာ စိတ်ပိုင်း ဆိုင်ရာနှင့် အပြုအမူ ဆိုင်ရာ ပြသနာများ ဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း ပိုမို နည်းပါးကြပါတယ်။

သို့ပေမယ့် မြက်ခင်းပြင်များနှင့် အပြာရောင်ကဲသည့် နေရာများတွင် နေထိုင်သော ကျောင်းသားများတွင်တော့ သက်ရောက်မှုများကို မတွေ့ရှိရပါဘူး။

အရေးကြီးသည်မှာ လူမျိုးစုနောက်ခံ၊ မိဘများ၏ အလုပ်အကိုင်နှင့် သူတို့ တက်ရောက်ခဲ့သည့် ကျောင်း အမျိုးအစားများ အပါအဝင် အဆို ပါ ရလဒ်အပေါ် လွှမ်းမိုးနိုင်သည့် အခြားအချက်များစွာကို ကိုးကားတွက်ချက်ပြီးနောက် တွေ့ရှိချက်များကို ရရှိလာတာဖြစ်လို့ လေ့လာချက် ၏ ရလဒ်ဟာ စိတ်ချရပါတယ်။

အခြား လေ့လာမှုများအရ စိမ်းလန်းသော နေရာများနှင့် သုခချမ်းသာ တိုးတက်မှုတို့ ကြားမှာ ဆက်နွယ်မှု ရှိတယ်လို့ တွေ့ရှိရပါတယ်။ ဒါပေမယ့် ၎င်းဟာ ပိုမိုကျယ်ပြန့်တဲ့ လူမှုစီးပွားရေး တွန်းအားတွေကိုတော့ ဖယ်ခွာဖို့ ခက်ပါလိမ့်မယ်။

ဒီလေ့လာမှုတွင် လေထုညစ်ညမ်းမှုကို ထိတွေ့ခြင်းဟာလည်း အရေးကြီးသော အခြေခံ အချက်တခု ဖြစ်နိုင်မည်ဟု ဝန်ခံထားပါတယ်။ မကြာသေးမီနှစ်များအတွင်း လေထု ညစ်ညမ်းမှုဟာ ဦးနှောက်ကို သိသိသာသာ ထိခိုက်နိုင်တာကို တွေ့ရှိထားပါတယ်။

သစ်တော သစ်ပင်များနှင့် နီးစပ်သည့်အခါ ကျန်းမာရေးနှင့် ပတ်သက်သည့် ကုစားမှုများ ပြုလုပ်နိုင်တာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် သစ်တောထဲမှာ ရေချိုးရင်း တောတောင် ရှုခင်းများ အသံများကို နားဆင်တာဟာ ဇီဝ ကမ္မဆိုင်ရာ အကျိုးကျေးဇူး များနှင့် ဆက်နွယ်သော အပန်းဖြေ ကုထုံးတခု ဖြစ်ပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *