ရှေးသားရဲများ ပြန်လည်ဝင်မွေးဖွားနိုင်ဖို့ တက်ကြွစွာ လုပ်ဆောင်နေသည့် ဇီဝနည်းပညာ ကုမ္ပဏီ Colossal က မျိုးသုဉ်းပြီး အမွှေးရှည် ဆင်များကို ၂၀၂၇ ခုနှစ်တွင် ပြန်လည် မွေးဖွား လာနိုင်တော့မည် ဟု ပြောကြားခဲ့ပါတယ်။
သိပ္ပံ ပညာရှင်များက မျိုးသုဉ်းသွားတဲ့ Woolly Mammoth ကို “ de-de-de-tinction” ဟုခေါ်သည့် လုပ်ငန်းစဉ်ဖြင့် အ သက် ပြန်ရှင်လာစေဖို့ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကမ္ဘာမြေကို လှည့်ပတ်သွားလာခဲ့သည့် Woolly Mammoth တွေဟာ မျိုးသုဉ်းပျောက်ကွယ်သွားသော်လည်း နည်းပညာ ဖွံ့ဖြိုးတိုးတက် လာမှုတွေကြောင့် ပြန်လည် မွေးဖွားလာနိုင်တော့မှာ ဖြစ်ပါတယ်။
လုပ်ငန်းစဉ်တွင် ထိန်းသိမ်းထားသော Woolly Mammoth နမူနာများထံမှ DNA ရယူခြင်းနှင့် Woolly Mammoth ရဲ့ အနီးစပ်ဆုံး သက်ရှိ ဆွေမျိုးဖြစ်သည့် ဆင်များရဲ့ DNA ကို တည်းဖြတ်ခြင်းတွင် မျိုးသုဉ်းလုနီးပါး မျိုးစိတ်များရဲ့ စရိုက် လက္ခ ဏာများကို ပေါင်းစပ် ထည့်သွင်းခြင်းတို့ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ဇီဝဗေဒကုမ္ပဏီ Colossal ဟာ ၂၀၂၁ ခုနှစ်တုန်းက စတင်ခဲ့တဲ့ မျိုးဗီဇပြုပြင်ခြင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ဖို့ ရန်ပုံငွေ နောက်ထပ်ဒေါ်လာ သန်း ၆၀ ရရှိခဲ့ပါတယ်။
လုပ်ငန်းစဉ် အောင်မြင်ပါက ကုမ္ပဏီမှ “အအေးဒဏ် ခံနိုင်သောဆင်” ဟု အမည်ပေးထားသည့် မျိုးသုဉ်းသွားသော မျိုးစိတ်များကို ပြန်လည် ရရှိနိုင်ရုံသာမက ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ တစ်ချိန်က ထွန်းကားခဲ့သော အမွှေးရှည် ဆင်တွေရဲ့ ဂေဟစနစ်သို့လည်း ပြန်လည် အသက်သွင်းပေးနိုင်မှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
သုတေသီတွေရဲ့ ရည်ရွယ်ချက်က သက်ရှိ Woolly Mammoth ကို ပြန်လည်ဖန်တီးပြီး အာတိတ် tundra အတွင်းသို့ ပြန် လည် ကျက်စားနိုင်ပါက ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုး သက်ရောက်မှု များကို လျော့ပါး သက်သာစေဖို့ အဓိက အခန်းကဏ္ဍမှ ကူညီပေးလိမ့်မည်ဟု ဆိုပါတယ်။

ရုပ်ကြွင်းတခု
သိပ္ပံပညာရှင်များက အမွှေးရှည်ဆင်တွေဟာ တစ်ချိန်က အာတိတ်ဂေဟစနစ်ရဲ့ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့ပြီး ၎င်းကို ပြန်လည် မွေးဖွားလာနိုင်ခြင်းဟာ နောက်ထပ်ဂေဟစနစ်ရဲ့ ပျက်စီးမှုများ မဖြစ်ပေါ်စေဖို့ ကူညီပေးနိုင်ကြောင်း ယုံကြည်နေကြပါတယ်။
အဆိုပါပရောဂျက်ကို အပြီးသတ်ဖို့ လေးနှစ်ကြာမြင့်မည်ဟု ဆိုပါတယ်။
ဒီအတောအတွင်း သိပ္ပံပညာရှင် အဖွဲ့က ဆင်များရဲ့ DNA ကိုတည်းဖြတ်ဖို့ လိုအပ်တဲ့ နည်းပညာများကို သုတေသနပြုကာ တီထွင်ဖန်တီးနေချိန်တွင် Woolly Mammoth DNA ကို တတ်နိုင်သမျှ ရရှိ နိုင်ဖို့ နှင့် ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့ လုပ် ဆောင် နေပါတယ်။
သို့သော် အချို့သိပ္ပံပညာရှင်တွေက မျိုးသုဉ်းလု နီးပါးမျိုးစိတ်များကို ပြန်လည် ယူဆောင်လာခြင်းဟာ ဂေဟစနစ်များရဲ့ ဟန်ချက်ညီမှုကို ပြောင်းလဲစေပြီး မလိုလားအပ်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်တယ်ဟု ငြင်းခုံနေကြပါတယ်။
ဒီစိုးရိမ်မှုများကြားမှ ကုမ္ပဏီဟာ မျိုးသုဉ်းပျောက်ကွယ်ခြင်းကို ထိန်းသိမ်းနိုင်တာဟာ အကျိုးကျေးဇူး အလွန် ကြီးမားတယ်ဟု ဆိုပါတယ်။
တချိန်က အာတိတ်ဂေဟစနစ်မှာ အဓိကကျတဲ့ အမွှေးရှည်ဆင်တွေဟာ ရာသီဥတုပြောင်းလဲမှုရဲ့သက်ရောက်မှုများကို လျော့ပါးသက်သာစေဖို့ အဓိက အခန်းကဏ္ဍမှ ပါဝင်တယ်ဟု ပြောကြားခဲ့ပါတယ်။
အဆိုပါ ပရောဂျက်ဟာ သိပ္ပံနှင့်နည်းပညာအတွက် ကြီးမားတဲ့ ခြေလှမ်း တစ်ရပ် ဖြစ်ရုံသာမက ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်ရဲ့ အနာဂါတ်ကိုလည်း အာမခံနိုင်စေမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ သိပ္ပံပညာအသိုက်အဝန်းက လာမည့်လေးနှစ်အတွင်း အာတိတ် tundra ဒေသကို Woolly Mammoth များ ပြန်လည်ဝင်စားခြင်းအတွက် အပြင်းအထန် လုပ်ဆောင်လျက်ရှိပါတယ်။
မျိုးသုဉ်းခြင်းကို ထိန်းသိမ်းနိုင်ခြင်းရဲ့ အလားအလာ ကောင်းများက သိသာ ထင်ရှားသော်လည်း မလိုလားအပ်တဲ့ အကျိုး ဆက် များကို ရှောင်ရှားဖို့တော့ သတိထားရမှာ ဖြစ်ပါတယ်။
သို့သော် အဆိုပါ ပရောဂျက်က မျိုးသုဉ်း ပျောက်ကွယ်ခြင်း နယ်ပယ်တွင် မယုံနိုင်လောက်အောင် တိုးတက်မှုများကို သက် သေ ပြနေတာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။