နာရီပေါင်းများစွာ အလုပ်လုပ်ခြင်းထက် စွမ်းအင် ဖြည့်တင်းခြင်းက အရေးပါပုံ အကြောင်း

Knowledge Science

အလုပ်ကြိုးစားတာဟာ ကောင်းမွန်တဲ့ အကျင့်တခု ဆိုပေမယ့် အချိန် နှင့် စွမ်းအင် ကိုတော့ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။

လူသားတွေရဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းအင် အပေါ်မူတည်ပြီး အလုပ်လုပ်ဖို့အတွက် လိုအပ်သည့် အချိန် ပမာဏဟာ ကန့် သတ်ထားတာပါ။

လူသားများ အလုပ်လုပ်နိုင်ဖို့အတွက် စွမ်းအင်ဟာ ခန္ဓာကိုယ်၊ စိတ်ခံစားမှု၊ အတွေးအမြင် နှင့် စိတ်ခွန်အားတို့ကနေ ရရှိလာတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် အလုပ်အပေါ်မှာ အားစိုက်လိုက်ရတဲ့ စွမ်းအင်ကို ပြန်လည် ဖြည့်တင်းဖို့ အရေးကြီးပါတယ်။

အဓိကအချက်ကတော့ စွမ်းအင် ဖြည့်တင်းဖို့အတွက် အအိပ် အစား မှန်ဖို့ အထူးလိုအပ်ပါတယ်။

ဒါ့ကြောင့် အလုပ်ချိန် ကြာမြင့်စွာ လုပ်ရပါက အိပ်ယာ စောစောဝင်ခြင်း၊ အသောက်အစား လျှော့ချခြင်း နှင့် အိပ်စက်ချိန်မှာ အနှောင့်အယှက်မရှိအောင် နေထိုင်ဖို့ကို စီစဉ်ရမှာ ဖြစ်ပါတယ်။

ရလဒ်အနေဖြင့် မနက်ခင်း နိုးထလာတဲ့ အခါမှာ ယခင်ထက် ပိုမို စိတ်ကျေနပ်မှု ရရှိစေပြီး နေ့စဉ် လုပ်ငန်းများအတွက် ပိုမို ထိရောက်စွာ ကြိုးစား ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အိပ်ချိန် နှင့် စားချိန် မှန်ကန်စွာ ရှိသည့်အတွက် ကျန်းမာရေး ပိုမို ကောင်းမွန်လာပြီး ထင်မထားတဲ့ ရလဒ်တွေ အ များကြီး ရှိစေမှာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ် အစောပိုင်းလောက်က နယူးဂျာစီရှိ ဒေသတွင်း ဘဏ် ၁၂ ခုမှ ဝန်ထမ်းများနှင့် သုတေသန တခု ပြုလုပ်ဖူးပါတယ်။

အဆိုပါ ဝန်ထမ်းများထဲမှ ၂၀ မှ ၂၅ ယောက်လောက်ရှိတဲ့ လူများကို အုပ်စုငယ်များ ခွဲပြီး ၁ လစီ သင်ရိုး ၄ ခုဖြင့် စွမ်းအင်ကို ဂရုစိုက် ဖြည့်တင်းနိုင်စေရန် လက်တွေ့ လုပ်ဆောင်စေခဲ့ပါတယ်။

ပထမ ၃ လအတွင်းမှာ သင်တန်း မတက်သည့် ဝန်ထမ်းများထက် ၁၃ ရာခိုင်းနှုန်း လောက် အလုပ်တွင် စွမ်းဆောင်ရည် ပိုမိုလာပြီး နှစ်အနည်းငယ်ကြာတဲ့အခါမှာ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

ပါဝင်သူများထဲမှ ၆၈ ရာခိုင်နှုန်းဟာ customer များနှင့် ဆက်ဆံရာမှာ တိုးတက်မှု ရှိတယ်လို့ ဆိုပြီး ၇၁ ရာခိုင်နှုန်းသော ပါ ဝင်သူများကတော့ နေ့စဉ် လုပ်ငန်းတွင် စွမ်းဆောင်ရည် မြင့်တက်လာတာကို ခံစားရတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် လုံလောက်မှု မရှိသည့် အာဟာရ၊ လေ့ကျင့်ခန်း၊ အိပ်စက်ခြင်း နှင့် အနားယူခြင်းတို့ဟာ လူတို့၏ အခြေခံ စွမ်း အင် အဆင့်ကို ကျဆင်း စေတာကို ထောက်ပြနေပါတယ်။

ထိုကဲ့သို့ စွမ်းအင်ကျဆင်းမှုကြောင့် စီမံခန့်ခွဲနိုင်စွမ်းနှင့် အာရုံ စူးစိုက်နိုင်စွမ်းတို့ပါ လျော့ကျလာတာကို တွေ့ရပါတယ်။

ခန္ဓာကိုယ်အတွက် အာဟာရ ပြည့်စုံအောင် ဖြည့်တင်းခြင်း၊ စိတ်ကြည်လင်ရန်နှင့် အတွေးအမြင်သစ်များ ရရှိစေရန် စိတ်အနှောင့်အယှက်ဖြစ်စရာများကို ရှောင်ရှားခြင်းနှင့် ကောင်းမွန်စွာ အိပ်စက်ခြင်းဟာ နာရီပေါင်းများစွာ ဆက်တိုက်အလုပ်လုပ်ခြင်းထက် များစွာ အကျိုးရှိပါတယ်။

နေ့စဉ် လုပ်ငန်းဆောင်တာများကို အများနှင့်မတူ သွက်လက် တက်ကြွစွာနှင့် လုပ်ဆောင်နိုင်ဖို့အတွက် အထက်ပါ သုတေ သနကို ကိုးကားပြီး စွမ်းအင်၏ အရေးကြီးပုံကို ဖော်ပြပေးလိုက်ရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.