ကမ္ဘာကြီးကို အင်ဂျင်နီယာဆိုင်ရာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်၊ ဖွဲ့စည်းပုံများစွာဖြင့် ဝန်းရံထားပါတယ်။ ဒီနေရာမှာ စိတ်ဝင် စားစရာကောင်းတဲ့ အင်ဂျင်နီယာဆိုင်ရာ ဆုံးဖြတ်ချက်တွေရဲ့ ယေဘူယျနမူနာအချို့အပြင် တိကျသေချာတဲ့ ဥပမာအချို့ကို ဖော်ပြလိုက်ပါတယ်။
အလွန်စိတ်ဝင်စားစရာကောင်းတဲ့ AMC Connector ကေဘယ်တင်သင်္ဘောအကြောင်း
ရေငုပ်သင်္ဘောကြိုးကို ချထားတာဟာ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ လုပ်ငန်းစဉ်မှာဆိုရင် လိုအပ်တဲ့နေရာသို့ရောက်အောင် ရေအောက်ကေဘယ်လ်ကို ပို့ဆောင်ဖို့ အထူး သင်္ဘော အသုံးပြုဖို့ လိုအပ်ပါတယ်။
ထိုရေယာဉ်တွေဟာ ကေဘယ်အရှည် 1,200 မိုင် (2,000 ကီလိုမီတာ) အထိ သယ်ယူပို့ဆောင်နိုင်ပါတယ်။
ဦးတည်ရာကိုရောက်တဲ့အခါ သင်္ဘောဟာ ကေဘယ်လ်အော်ပရေတာရဲ့ ညွှန်ကြားချက်အတိုင်း ပင်လယ်ကြမ်းပြင်ပေါ်မှာ ကေဘယ်ကိုနေရာချထားပါတယ်။

အဆိုပါ ရေယာဥ်တွေဟာ နေ့စဉ် ကေဘယ်ကြိုးရဲ့ မိုင် 60-90 (100 မှ 150 ကီလိုမီတာ) အကြား နေရာတိုင်းမှာ မတင်နိုင်ကြပါတယ်။
အဆိုပါ အထူးသင်္ဘောကို AMC Connector ဟုခေါ်ပါတယ်။
၎င်းဟာ ကမ္ဘာ့အကြီးဆုံး ကေဘယ်ကြိုးတင်သင်္ဘောဖြစ်ပါတယ်။ ပါဝါကြိုးများနှင့် ဖိုက်ဘာအော့ပတစ် ကေဘယ်ကြိုးများ ချထားဖို့အတွက် AMC Connector ကို အသုံးပြုပါတယ်။
အဝိုင်းပုံကို အခြေခံတည်ဆောက်ထားတဲ့ Lujiazui လူကူးတံတားအကြောင်း
အဆိုပါ အဝိုင်းပုံတံတားဟာ လူကြပ်နေတဲ့ လမ်းတွေကို ရှင်းလင်းရုံသာမက လူသွားစင်္ကြံတွေ ပိတ်ဆို့မှုတွေမဖြစ်အောင် တည်ဆောက်ထားပါတယ်။
Lujiazui လူကူးတံတားဟာဆိုရင် ရှန်ဟိုင်း၊ Pudong မှာ တည်ရှိပြီး လမ်းအထက် ပေ ၂၀ နီးပါး (၆ မီတာ) မြင့်ပါတယ်။

အဆိုပါ တံတားဟာ လမ်းသွားလမ်းလာတွေအတွက် နေ့စ ဉ်ယာဉ်ကြော ရှုပ်ထွေးမှုကို ရှောင်ရှားနိုင်စေပါတယ်။
၎င်း “ခုံးကျော်တံတား” ဟာ ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများအတွက် မဖြစ်မနေကြည့်ရှုရမည့်နေရာတစ်ခုဖြစ်လာပြီး ဒေသခံတွေအတွက် ကော်ဖီဆိုင်တွေနှင့် ဈေးဆိုင်တွေဝန်းရံထားတဲ့ အနီးနားအပန်းဖြေနေရာတွေကိုလည်း ချိတ်ဆက်ပေးပါတယ်။
Lujiazui တံတားမှာဆိုရင် စက်လှေကား ဝင်ပေါက်တွေနှင့် ထွက်ပေါက်များစွာလည်း ရှိပါတယ်။
အထင်ကြီးစရာကောင်းတဲ့ Sidu မြစ်တံတားအကြောင်း
တရုတ်နိုင်ငံရဲ့ Sidu မြစ်ကူးတံတားဟာ တောင်ထိပ်နှစ်ခုကို ချိတ်ဆက် တည်ဆောက်ထားတဲ့ အံ့မခန်းတံတားဖြစ်ပါတယ်။
အဆိုပါ တံတားဟာ Hubei ပြည်နယ်ရှိ Yichang နှင့် En’shi နယ်စပ်မှာ တည်ရှိပါတယ်။
တံတားကို ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ချိုင့်ဝှမ်းတစ်ခုအထက် 1,600 ပေခန့် (487 မီတာ) ခန့်မှာ တည်ဆောက်ထားပြီး ကမ္ဘာ့အမြင့်ဆုံးတံတားဖြစ်ပါတယ်။
အဆိုပါ တံတားဟာ ချိုင့်ဝှမ်းတစ်လျှောက် ပေ 5,000 (1,524 မီတာ) ကျော်ရှိပါတယ်။

Sidu မြစ်တံတားဟာ အလွန်ရှည်လျားသည်သာမက အလွန်လုံခြုံတယ်ဟုဆိုပါတယ်။
တံတားရဲ့ ကြီးမားတဲ့ ဆိုင်းထိန်းကေဘယ်ကြိုးတွေရဲ့ တစ်ချောင်းစီဟာ အလေးချိန် တန်ချိန် ၄၃ သန်းကျော်ကို ပံ့ပိုးပေးနိုင်ပါတယ်။
ဒါဟာ တံတားကိုဖြတ်ပြီး သွားလာနေတဲ့ မည်သည့်ယာဉ်အရေအတွက်ကိုမဆို ထောက်ပံ့ပေးဖို့ သေချာပေါက် လုံလောက်ပါတယ်။
ဒုတိယ ကမ္ဘာစစ် စစ်မှုထမ်းဟောင်းတွေနေထိုင်ဖို့ တည်ဆောက်ခဲ့တဲ့ မန်ဟက်တန်ရှိ အဆောက်အဦးတွေအကြောင်း
Stuyvesant Town-Peter Cooper Village ကို ဒုတိယ ကမ္ဘာစစ်မှ စစ်မှုထမ်းဟောင်းများ ထားရှိဖို့အတွက် ၁၉၄၀ ခုနှစ်တုန်းက တည်ဆောက်ခဲ့ပါတယ်။
အဆိုပါ အဆောက်အအုံတွေမှာ နေထိုင်သူ ၂၇,၅၀၀ ဝန်းကျင်ရှိပါတယ်။
နေထိုင်သူများအနက် သုံးပုံတစ်ပုံဟာ Peter Cooper Village မှာဖြစ်ပြီး ကျန်လူတွေကတော့ Stuyvesant Town မှာ ဖြစ်ကြပါတယ်။

အဝေးကကြည့်မယ်ဆိုရင် အဆောက်အအုံတွေဟာ ပိုမိုကြီးမားတဲ့ မြို့ထဲမှာ မြှုပ်နှံထားတဲ့ မြို့ငယ်လေးတစ်ခုနှင့်တူနေပါတယ်။ ၎င်းမှာဆိုရင် ကိုယ်ပိုင်ကုန်စုံဆိုင်၊ စတိုးဆိုင်၊ ဘားတွေအပြင် စားသောက်ဆိုင်များစွာလည်း ရှိပါတယ်။
ဒါ့အပြင် လှပတဲ့ ကစားကွင်းတွေနှင့် ဘတ်စကတ်ဘောကွင်းတွေလည်း ရှိပါတယ်။ အဆောက်အအုံမှာ ပြည်သူ့ဘေးကင်းလုံခြုံရေးတပ်ဖွဲ့အပြင် သန့်ရှင်းရေးတွေလည်း ရှိပါတယ်။
ဆွစ်ဇာလန်ရှိ Brusio Spiral Viaduct မီးရထားလမ်း အကြောင်း
Brusio spiral viaduct ဟာ ခရုပတ် မီးရထားလမ်းခုံးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီမယုံကြည်နိုင်စရာကောင်းတဲ့ ခရုပတ်မီးရထားလမ်းခုံးကို ဆွစ်ဇာလန်နိုင်ငံ၊ brusio တွင် တွေ့မြင်နိုင်ပါတယ်။
မီးရထားတွေကို တိုတောင်းတဲ့အကွာအဝေးအတွင်း အမြင့်သို့တက်နိုင်စေဖို့ တံတားလမ်းကြောင်းကို တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။
အရှည် 360 ပေ (110 မီတာ) ရှိပြီး အလျားလိုက်မျဥ်းကွေး အချင်းဝက်ကတော့ 229 ပေ (70 မီတာ) ရှိပါတယ်။

တံတားဟာ ရထားကို 65 ပေ (20 မီတာ) မြှင့်တင်ပေးပါတယ်။ Brusio spiral viaduct ဟာ Brusio နှင့် Campascio ကြားရှိ Bernina မီးရထားကဏ္ဍရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။
Provo Tabernacle ဘုရားကျောင်းကို ပြန်လည်မွန်းမံခြင်းဟာ အလွန် ခက်ခဲတဲ့အကြောင်း
Utah ရှိ Provo Tabernacle ဘုရားကျောင်းကို မူလက ၁၈၈၃ ခုနှစ်တုန်းက စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်တုန်းက ဘုရားကျောင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ချိန်မှာတော့ ဝမ်းနည်းစရာ ဖြစ်ခဲ့ရပါတယ်။
ဘုရားကျောင်းအကြီးအကဲတွေက အဆောက်အအုံကို ထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့ကြပြီး နှစ်နှစ်အကြာမှာတော့ ပြန်လည်တည်ဆောက်မည့် ဘုရားကျောင်းအစီအစဉ်ကို အတည်ပြုခဲ့ပါတယ်။
အဆောက်အဦးကြီးကို ပိုကြီးတဲ့ ဘုရားကျောင်း အဖြစ် ပြန်လည်မွန်းမံတည်ဆောက်မှာ ဖြစ်ပါတယ်။

ဘုရားကျောင်း ပြန်လည် တည်ဆောက်တဲ့ အချိန်မှာတော့ ဘုရားကျောင်းသစ် ပြီးစီးဖို့ ၄၃ လ ကြာခဲ့ပါတယ်။ မြေအောက်ခန်းကို အဆင့်နှစ်ဆင့်ဖြင့် ဆောက်လုပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ခဲ့တယ် ဟု ဆိုပါတယ်။
အထင်ကြီးလောက်တဲ့ အင်ဂျင်နီယာ လက်ရာတစ်ခုဖြစ်တဲ့ Forth Bridge အကြောင်း
Forth Bridge ဟာ စကော့တလန်အရှေ့ပိုင်းရှိ River Forth ရဲ့မြစ်ဝ (Firth) ကို ဖြတ်တောက်ထားတဲ့ မီးရထားလမ်းတံတားဖြစ်ပါတယ်။
အဆိုပါတံတားဟာ Fife မှ Edinburgh သို့ မီးရထားဖြင့် ချိတ်ဆက်ထားပြီး 1890 တွင် ဖွင့်လှစ်ခဲ့သည့် ကမ္ဘာ့အစောဆုံး အရှည်လျားဆုံး တံတား ဖြစ်ပါတယ်။

တံတားဟာ 8,297 ပေ (2,529 မီတာ) ရှည်လျားပြီး ကမ္ဘာပေါ်မှာ အရှည်ဆုံးတံတားများထဲမှ တစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး ကြိုက်တယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုအရှိဆုံးတံတားတွေထဲက တစ်ခုလို့ ပြောရမှာပါပဲ။
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ Confederation Bridge အကြောင်း
Confederation Bridge ဟာ 20 ရာစု ကနေဒါနိုင်ငံရဲ့ ထိပ်တန်း အင်ဂျင်နီယာအောင်မြင်မှုများထဲမှ တစ်ခုဖြစ်ပါတယ်။
၎င်းဟာ အထင်ကြီးလောက်စရာ ၈ မိုင် (၁၂.၉ ကီလိုမီတာ) ရှည်လျားပြီး ကမ္ဘာပေါ်တွင် အရှည်ဆုံးတံတားအဖြစ် သတ်မှတ်ခံထားရပါတယ်။

တံတားဟာ ကုန်းမြေပေါ်ရှိ Prince Edward Island ပြည်နယ်နှင့် New Brunswick ပြည်နယ် တို့ကို ဆက်သွယ်ပေးကာ Northumberland ရေလက်ကြားကို ဖြတ်ပြီး ကနေဒါအား ဖြတ်ကျော်ထားသည့် အဝေးပြေးလမ်းမကြီးကို သယ်ဆောင်ထားပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။