စိတ်ဝင်စားစရာကောင်းတဲ့ အင်ဂျင်နီယာ ဆိုင်ရာ ဆုံးဖြတ်ချက်တွေရဲ့ ယေဘူယျ နမူနာအချို့အပြင် တိကျသေချာတဲ့ ဥပမာအချို့ကို ဆက် လက် ဖော်ပြပေးလိုက်ပါတယ်။
အလွန်အလုပ်များတဲ့ နေရာတစ်ခုဖြစ်တဲ့ Union Pacific Bailey Yard အကြောင်း
Union Pacific ရထားလမ်းရဲ့ Bailey Yard ဟာ North Platte၊ Nebraska တွင် တည်ရှိပါတယ်။ ၎င်းဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံး ရထားလမ်း အမျိုးအစားတွေ ခွဲပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ 2,850 ဧက ကျယ်ဝန်းပြီး စုစုပေါင်း အရှည် 8 မိုင် (12 ကီလိုမီတာ) ရှိပါတယ်။
အဆိုပါ ဧရိယာကြီးဟာ ဘောလုံးကွင်းပေါင်း ၂,၈၀၀ ကို အံဝင်ခွင်ကျ ဖြစ်စေဖို့ နေရာ အလုံအလောက် ရှိပါတယ်။

Image: Courtesy of Zeroxysm/Wikimedia Commons
Bailey Yard ကို Union Pacific ရဲ့ သမ္မတဟောင်း Edd H. Bailey ကို ဂုဏ်ပြုသောအားဖြင့် အမည်ပေးခဲ့တာ ဖြစ်ပါတယ်။
၎င်းဟာ ၂၄ နာရီတိုင်း မီးရထားအတွဲ အစီးရေ ၁၀,၀၀၀ ခန့်ကို ကိုင်တွယ်ပါတယ်။
နေ့စဉ် မီးရထားအတွဲပေါင်း အမြောက်အများ ဝင်ရောက်လေ့ ရှိတဲ့ အတွက် အဆိုပါ နေရာတွင် ဝန်ထမ်း ၂၆၀၀ ခန့် တာဝန် ထမ်းဆောင် လျှက် ရှိပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ၊ Lumen ရှိ Turbine Interchange လို့ အမည်ပေးထားတဲ့ ယာဉ်ကြောပြောင်း လမ်းဆုံ အကြောင်း
Turbine Interchange ယာဉ်ကြောပြောင်း လမ်းဆုံကြီး ဟာ Lummen Belgium တွင် တည်ရှိပါတယ်။

Image: Courtesy of u/jomme/Reddit
သူ့ရဲ့နာမည်နဲ့ အလွန် လိုက်ဖက်ညီလှပြီး ညဘက် လေထုမှကြည့်သော အခါမှာမျိုးမှာ မြင်ရတဲ့ ပုံစံကို အကောင်းဆုံး ကိုယ်စားပြုထားခြင်း ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်တုန်းက အပြီးသတ်ခဲ့ပြီး အဆိုပါ လမ်းဆုံဟာ ဘယ်လ်ဂျီယံ အဝေးပြေး လမ်းမကြီး ကွန်ရက်ရှိ ယာဉ်ကြော ပိတ်ဆို့မှုတွေနှင့် ယာဉ်မတော်တဆမှုတွေကို အားလုံးနီးပါးကို ဖယ်ရှားပေးခဲ့ပါတယ်။
အလွန်နာမည်ကြီးတဲ့ နေရာတစ်ခုဖြစ်တဲ့ မြူနစ်မြို့ မြေအောက် ရထားလမ်းအကြောင်း
မြူနစ်မြို့ရဲ့ မြေအောက်ရထားလမ်းဆီကို ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာနဲ့ ရင်သပ်ရှုမောဖွယ် ဒီဇိုင်းတွေကို မြင်တွေ့ရမှာပါ။

Image: Courtesy of FloSch/Wikimedia Commons
အရောင်အသွေးနှင့် ပြိုးပြိုးပြက်ပြက်ပြက် လက်နေတဲ့ ပုံစံတွေနဲ့ အလှဆင်ပစ္စည်းပေါင်းများစွာကို ပေါင်းထည့်ကာ ဒေသခံ ဗိသုကာ ပညာရှင်များက မြေအောက် ရထား ဘူတာရုံတွေ အတွက် အသစ်အဆန်းတွေကို လှုံ့ဆော်ပေးခဲ့ပါတယ်။
၎င်းဟာ ခရီးသည်များ အကြားတွင် အလွန် ရေပန်းစားနေပြီး လက်ရှိမှာ နေ့စဉ် ခရီးသည်ပေါင်း ၃ သိန်း ကျော် အသုံးပြုလျက်ရှိပါတယ်။
Amundsen – Scott South Pole Station အကြောင်း
၁၉၅၇ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ American South Pole Station ဟာ တောင်ဝင်ရိုးစွန်းရှိ အမေရိကန် သိပ္ပံ သုတေသနဋ္ဌာန ဖြစ်ပါတယ်။

Image: Courtesy of Daniel Leussler/Wikimedia Commons
၁၉၁၁ နှင့် ၁၉၁၂ တုန်းက တောင်ဝင်ရိုးစွန်းသို့ ရောက်ရှိခဲ့တဲ့ Roald Amundsen နှင့် Robert F. Scott တို့ကို ဂုဏ်ပြုသော အားဖြင့် Amundsen – Scott ဟုခေါ်တွင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အကြိမ်ပေါင်းများစွာ အဆင့်မြှင့်တင်ခဲ့ကာ ဆန်းသစ်တီထွင်မှုတစ်ခုဖြစ်လာပါတယ်။
ပင့်ကူအိမ်နှင့် ခပ်ဆင်ဆင်တူတဲ့ Judge Harry Pregerson လို့အမည်ပေးထားတဲ့ ယာဉ်ကြောပြောင်း လမ်းဆုံ အကြောင်း
Judge Harry Pregerson လို့အမည်ပေးထားတဲ့ ယာဉ်ကြောပြောင်း လမ်းဆုံကြီးဟာ ကယ်လီဖိုးနီးယား၊ လော့စ်အိန်ဂျလိစ်မှာ ရှိပြီး လမ်းများကို အပြန်အလှန်ချိတ်ဆက်ပေးထားပါတယ်။
အမြင့်ပေ 130 (40 မီတာအောက်) မြင့်ပြီး ငှက်မျက်လုံးမြင်ကွင်းမှ ပင့်ကူအိမ်နှင့်ဆင်တူပြီး ယာဉ်မောင်းသူတွေကို လော့စ်အိန်ဂျလိစ်ရဲ့ ရင်သပ် ရှုမောဖွယ် မြင်ကွင်းကို ပေးဆောင် ပေးပါတယ်။

Image: Courtesy of Remi Jouan/Wikimedia Commons
အဝေးပြေးလမ်းကြောင့် ထိခိုက်ခံစားရတဲ့ မိသားစုများစွာအတွက် အလုပ်အကိုင်၊ အိမ်ရာနှင့် အခြားဝန်ဆောင်မှုများရရှိသင့်ကြောင်း ကူညီပေးခဲ့တဲ့ တရားသူကြီး Harry Pregerson ကို အစွဲပြု၍ အဆိုပါ အမည်ကို ပေးထားခြင်း ဖြစ်ပါတယ်။
Pregerson ဟာ လော့စ်အိန်ဂျလိစ် အခြေစိုက် တရားသူကြီးအဖြစ် နှစ် ၅၀ တာဝန်ထမ်းခဲ့တယ်ဟု သိရပါတယ်။
မယုံနိုင်စရာ အင်ဂျင်နီယာ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Netherlands Aqueduct system အကြောင်း
ဒတ်ခ်ျ အင်ဂျင်နီယာတွေဟာ ပင်လယ်ပြင်ကနေ ကုန်းမြေတွေကို ပြန်လည် ရယူတဲ့ နေရာမှာ ၎င်းတို့ရဲ့ကျွမ်းကျင်မှုကြောင့် ကျော်ကြားပါတယ်။
နယ်သာလန်ရဲ့ သုံးပုံတစ်ပုံဟာ ပျမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အောက်သာ ရှိနေတဲ့အတွက်ကြောင့် ဒါဟာ အရေးကြီးပါတယ်။
တူးမြောင်းတွေ ၊ ဆည်တွေနှင့် ရေစုပ်စက်တွေသာ မကယ်လျှင် နိုင်ငံရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဟာ ဒီရေတက်ချိန်မှာ ရေအောက်တွင်ရှိနေမှာပဲ ဖြစ်ပါတယ်။

Image: Courtesy of Imgur
Aqueduct Veluwemeer ဟာ အံ့သြဖွယ်ကောင်းတဲ့ အင်ဂျင်နီယာအစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြေယာပြန်လည်ရယူခြင်းအတွက် ပြီးပြည့်စုံတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းဟာ Veluwemeer ရေကန်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခု အောက်မှာ တည်ရှိပါတယ်။
Aqueduct Veluwemeer ဟာ ပြည်မကြီးနယ်သာလန်ကနေ ကမ္ဘာပေါ်ရှိ အကြီးဆုံးကျွန်းတုဖြစ်တဲ့ Flevoland ကို ချိတ်ဆက်ပေးထားတာပါ။
အဆိုပါ ရေအောက် တူးမြောင်းဟာ ၆၂ ပေ (၁၉ မီတာ) ကျယ်ပြီး ၈၂ ပေ (၂၅ မီတာ) ရှည်ပါတယ်။ ၎င်းအပေါ်မှာဆိုရင် ရေအနက် ၉ ပေ (၃ မီတာ) ရှိပြီး လှေငယ်များ ဖြတ်သန်းသွားလာခွင့်ရှိပါတယ်။
အဆိုပါ ရေအောက်တူးမြောင်းကို ၂၀၀၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ခန့်မှန်းခြေအားဖြင့် နေ့စဉ် ယာဉ်အစီးရေ ၂၈,၀၀၀ ကျော် ဖြတ်ကျော် သွားလာနေပါတယ်။
အနုပညာလက်ရာမြောက်တဲ့ Falkirk Wheel လို့အမည်ပေးထားတဲ့ လှေများအတွက် ဓာတ်လှေကားအကြောင်း
မတူညီတဲ့ အမြင့်နှစ်ခုက ရေလမ်းအကြား လှေတစ်စီးကို ပို့ဆောင်တဲ့နေရာမှာ Falkirk Wheel ဟာ ရေလမ်းတစ်ခုကနေ မတင်ပြီး တခြားတစ်ဖက်မှာ နေရာချထားခြင်း ဖြစ်ပါတယ်။

Image: Courtesy of johnmcgrevey/Pixabay
၎င်းဟာ စကော့တလန်၊ Falkirk မြို့အနီးတွင် တည်ရှိပြီး ကမ္ဘာပေါ်မှာ တစ်ခုတည်းသော လှေကို လှည့်ပတ် မတင်တဲ့ အမျိုးအစားဖြစ်ပါတယ်။
Falkirk Wheel ကို စကော့တလန်အတွက် အင်ဂျင်နီယာ အံ့ဖွယ်တစ်ခု အဖြစ် မှတ်ယူထားပါတယ်။
၎င်းဟာ ခရီးစဉ်တစ်ခုတည်းမှာ တစ်ကြိမ်လျှင် ရှစ်စီး သို့မဟုတ် ထို့ထက်ပိုတဲ့ လှေတွေကို သယ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။
ခရီးစဉ် ပြီးမြောက်ဖို့ ၁ နာရီခန့် ကြာတယ်ဟု သိရပါတယ်။
နာမည်နဲ့လိုက်တဲ့ Basketweave ယာဉ်ကြောပြောင်း လမ်းဆုံ အကြောင်း
အဝေးပြေးလမ်းများပေါ်မှာ Basketweave လမ်းဆုံတွေကို မကြာခဏတွေ့ရပြီး လမ်းအများအပြားဖြင့် ဖွဲ့စည်းထားပါတယ်။

Image: Courtesy of Imgur
လမ်းဆုံတွေဟာ အဝေးပြေးလမ်းတစ်ခုက ခုံးကျော်တံတားများနှင့် ချဉ်းကပ်လမ်းများကို အသုံးပြုပြီး ရထားလမ်းများကြားတွင် တူညီတဲ့ဦးတည်ချက်ဖြင့် သွားလာနေတဲ့ ယာဉ်လမ်းကြောင်းတွေကြားမှာ ကူးပြောင်းနိုင်စေဖို့ ဖြစ်ပါတယ်။
ဒါ့ကြောင့် လမ်းကြောင်းတစ်ခုတည်းမှာ သွားလာနေတဲ့ ယာဉ်ကြောတွေကို ရှောင်ကွင်းစရာ မလိုဘဲ ရထားလမ်းများကြား ကူးပြောင်းသွားလာနိုင်စေပါတယ်။
Tokyo Bay Aqualine အဏ္ဏဝါကူး တံတားကြီး အကြောင်း
Tokyo Bay Aqualine ဟာ 9.3 မိုင် (15.1 ကီလိုမီတာ) အဏ္ဏဝါ ဖြတ်ကျော်မှုဖြစ်ပြီး တိုကျိုပင်လယ်အော် အလယ်ပိုင်းကို တိုက်ရိုက် ဖြတ် သန်း တည်ဆောက် ထားတာပဲ ဖြစ်ပါတယ်။
Trans-Tokyo Bay Highway ဟုလည်း သိကြတဲ့ aquiline ဟာ Kanagawa စီရင်စုရှိ Kawasaki မြို့ နှင့် Boso ကျွန်းဆွယ်ရှိ Chiba စီရင်စုရှိ Kisarazu မြို့တို့ကို ချိတ်ဆက်ထားတာပါ။
Kawasaki မှ Kisarazu သို့ ခရီးစဥ် ၁၅ မိနစ်မျှသာ ကြာပါတယ်။

Image: Courtesy of Hideyuki KAMON/Wikimedia Commons
နယ်ပယ်နှစ်ခုစလုံးဟာ အဓိကစက်မှုလုပ်ငန်း အရေးကြီးတဲ့ နေရာတွေ ဖြစ်တာကြောင့် စီးပွားရေး ရှုထောင့်မှ ကြည့်လျှင် အရေးပါ ပါတယ်။
သုတေသနနှင့် ဆောက်လုပ်ရေးလုပ်ငန်းစဥ်အတွက် စုစုပေါင်း ၃၁ နှစ်ကြာပြီးနောက် ၁၉၉၇ ဒီဇင်ဘာလမှာ Aquiline ကို နောက်ဆုံး ဖွင့်လှစ်ခဲ့ပါတယ်။
ကားလမ်းရဲ့ စုစုပေါင်း ကုန်ကျစရိတ်မှာ ယန်း ၁.၄၄ ထရီလီယံ ဖြစ်ပြီး ဒါဟာ ဒေါ်လာ ၁၂,၉၂၉ သန်း ဝန်းကျင် နှင့် ညီမျှပါတယ်။
“ကမ္ဘာတစ်ဝှမ်းမှာ စိတ်ဝင်စားစရာ အကောင်းဆုံး အင်ဂျင်နီယာ ဒီဇိုင်းများ ၂”
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
First Published 4/11/2022