ကမ္ဘာပေါ်ရှိ အကြီးမားဆုံး တိရစ္ဆာန်ဖြစ်တဲ့ ဝေလငါးပြာ အကြောင်း

Knowledge Nature

အတိုင်းအတာအရ ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်တွင် အကြီးဆုံးတိရစ္ဆာန်မှာ ဝေလငါးပြာဖြစ်ပါတယ်။

အရွယ်ရောက် ဝေလငါးပြာ တွေက ဘယ်နေရာက တိုင်းတိုင်း ခေါင်းမှ အမြီးအထိ ၇၅ ပေ (၂၃ မီတာ) မှပေ ၁၀၀ (၃၀.၅ မီတာ) ရှိနိုင်ပြီး အလေးချိန်မှာ ၁၅၀ တန် (၁၃၆ မက်ထရစ်တန်) ရှိနိုင်ပါတယ်။

၎င်းသည် ၈ ထပ်မှ ၁၀ ထပ်အဆောက်အအုံလောက် အထိ ရှည်လျားပြီး အရွယ်ရောက် သစ်ကုလားအုတ် အထီး ၁၁၂ ကောင်ခန့်စာ အထိ လေးလံပါတယ်။

ယနေ့ခေတ်တွင် အရွယ်ရောက်ပြီး ဝေလငါးပြာ အများစုက ၇၅ ပေမှ ၈၀ ပေသာ ရှည်ပါတယ်။ ဝေလမုဆိုးတွေက တကယ့် အကြီးမားဆုံး ဝေလငါး အများစုကို လိုက်လံရှာဖွေ ကြပါတယ်။

ဝေလငါးပြာအမတွေက အများအားဖြင့် အထီးတွေထက် အလေးချိန်ပိုများပါတယ်။ ယနေ့အထိ အကြီးဆုံး ဝေလငါးပြာ က ၃၈၉,၇၆၀ ပေါင် (၁၇၆,၇၉၂ ကီလိုဂရမ်) ရှိတဲ့ ဝေလငါးပြာ အမပဲ ဖြစ်ပါတယ်။

ဝေလငါးပြာ တစ်ကောင်ရဲ့ ဦးခေါင်းက လူ ၅၀ ခန့် လောက်ပါတဲ့ ဘောလုံးအဖွဲ့ တစ်ဖွဲ့လုံးပင် သူရဲ့လျှာပေါ်မှာ ရပ်နိုင်လောက်အောင် အလွန်ကျယ်ဝန်းပါတယ်။

သူ့ရဲ့နှလုံးသည် ကားငယ်တစ်စီးလောက် ကြီးမားပြီး သွေးလွှတ်ကြောတွေက သင်သူတို့ကို ဖြတ်၍ တွယ်တက် နိုင်လောက်အောင် ကျယ်ဝန်းပါတယ်။

ဝေလငါးပြာ ပေါက်စလေးတောင်မှ တိရစ္ဆာန် အများစုထက် ကြီးမားပါတယ်။ မွေးဖွားချိန်တွင် ဝေလငါးပြာလေးတစ်ကောင်က ၂၅ ပေ (၇.၆ မီတာ) ခန့်ရှည်လျားပြီး ဆင်ထက်ပိုလေးပါတယ်။

ပြီးတော့ သူတို့က ကြီးထွားတာမြန်ပါတယ်၊ သူတို့ဘဝရဲ့ပထမ ၇ လအတွင်းမှာ ဝေလငါးပြာ တစ်ကောင်ဟာ မိခင်နို့ကို တစ်နေ့ ဂါလံ ၁၀၀ (၃၇၉ လီတာ) ခန့်သောက်ပြီး ၂၄ နာရီတိုင်း ပေါင် ၂၀၀ (၉၁ ကီလိုဂရမ်) နှုန်းတက်ပါတယ်။

အရွယ်ရောက် ဝေလငါးပြာ တစ်ကောင်က နေ့စဥ္ ပုစွန်ဆိတ်ငယ် ၄ တန် (၃.၆ မက်ထရစ်တန်) ထက် ပိုစားနိုင်ပါတယ်။ အဲ့ဒါက ဝေလငါးပြာ တွေကို မည်သည့် ကုန်းနေ နို့တိုက်သတ္တဝါရဲ့အရွယ်အစားထက်မဆို သာလွန်စေပါတယ်။

လူအများစုက ကမ္ဘာပေါ်တွင်တည်ရှိခဲ့သမျှ အကြီးဆုံးတိရစ္ဆာန်တွေက ဒိုင်နိုဆောတွေဖြစ်တယ်လို့ သိထားကြပါတယ်။

သို့သော် အကြီးဆုံး ဒိုင်နိုဆောများထဲမှ တစ်မျိုး ဖြစ်တဲ့ sauropod Argentinosaurus တောင် ပေါင် ၁၈၀,၀၀၀ ခန့် (၈၁.၆၄၇ ကီလိုဂရမ်) သာရှိပါတယ်။

အဲ့တာက အရွယ်ရောက် ဝေလငါးပြာအရွယ်ရဲ့ထက်ဝက်ကျော်ခန့်သာ ရှိပါတယ်။

ကမ္ဘာ့အကြီးဆုံးတိရစ္ဆာန်က ပင်လယ်သတ္တဝါဖြစ်လိမ့်မယ်ဆိုတာက အဓိပ္ပါယ် အများကြီးရှိပါတယ်။

​ကုန်းနေသတ္တဝါတွေက ၎င်းတို့ရဲ့ကိုယ်အလေးချိန် အားလုံးကို သယ်ဆောင်ရပြီး ပင်လယ်သတ္တဝါတွေက ရေကနေ အကူအညီ အချို့ရကြပါတယ်။

တစ်ချိန်တုန်းက ဝေလငါးပြာ ၂၀၀,၀၀၀ ကျော် ရှိတယ်လို့ သိရပြီး ယခုအခါ ဝေလငါးပြာ ၁၀,၀၀၀ ခန့်သာရှိပါတယ်။

၎င်းတို့သည် ၁၉၆၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းကနေ စတင်၍ မျိုးသုဉ်းပျောက်ကွယ် လုနီးပါး စာရင်းတွင်ပါဝင်ခဲ့ပြီး အရေအတွက် ပြန်များလာဖို့ မမျှော်လင့်နိုင်တော့ပါဘူး။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *