ဆော်ဒီ အာရေဗျ နိုင်ငံဟာ ရေနံအပေါ် အလွန်အမင်း မှီခိုနေရခြင်းကို ကင်းဝေးဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် NEOM လို့ခေါ်တဲ့ ဒေါ်လာ ဘီလီယံ ၅၀၀ လောက် ကုန်ကျမည့် ဖွံ့ဖြိုးရေး စီမံကိန်း တခုကို လုပ်ဆောင် နေပါတယ်။
လက်ရှိ တည်ဆောက်ဖို့ ရည်မှန်းထားသည့် ကမ္ဘာ့အကြီးဆုံး မိုးမျှော်တိုက်ကြီးများဟာ NEOM စီမံကိန်း၏ တစိတ် တဒေ သ အဖြစ် ပါဝင်နေပါတယ်။
ဆော်ဒီဟာ တရက်လျှင် ရေနံစည်ပေါင်း ၁၀.၈ သန်းခန့် ထုတ်လုပ်နိုင်ပြီး ကမ္ဘာ့ရေနံ ထုတ်လုပ်မှု၏ ၁၁ ရာခိုင်နှုန်းကို ပံ့ပိုးနိုင်သည့် ရေနံစိမ်းအများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံကြီးများဟာ ပိုမို သန့်ရှင်းသည့် စွမ်းအင် ရင်းမြစ်များဖြင့် လည်ပတ်နိုင်မယ့် အနာဂါတ်ကို ကြိုးပမ်းနေသည့် အ တွက် ဆော်ဒီအနေဖြင့် နိုင်ငံ၏ ဝင်ငွေရင်းမြစ်များကို ကွဲပြားစေလိုပြီး အနာဂတ်မှာ စက်မှု လုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းများကို ဆွဲဆောင်နိုင်သည့် နေရာများကို တည်ဆောက်ရန် ရှာဖွေနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ အတွင်းမှာတော့ နိုင်ငံဟာ ပင်လယ်ပြင်တွင် တည်ဆောက်မည့် ကမ္ဘာ့အကြီးဆုံး စက်မှုဇုံ နေရာကို ကြေငြာခဲ့ပါတယ်။
ဒီရေပေါ် မြို့တော်တွင် အင်တာနက်နှင့် ချိတ်ဆက်ခိုင်းစေနိုင်သည့် ပစ္စည်းများ (IoT)၊ ဥာဏ်ရည်တု စနစ် (AI)၊ စက်ရုပ်များ၊ လူနှင့် စက်များ ပေါင်းစပ်သည့် စနစ်များ အပါအဝင် အဆင့်မြင့် နည်းပညာများကို သန့်ရှင်းသည့် ရုပ်ကြွင်းလောင်စာ အသုံးမပြုသော စွမ်းအင်ဖြင့် လည်ပတ်စေမှာ ဖြစ်ပါတယ်။
ဆော်ဒီအာရေးဗျနိုင်ငံ၏ NEOM စီမံကိန်းရဲ့ တစိတ်တပိုင်း ဖြစ်တဲ့ Oxagon လို့ခေါ်တဲ့ ဒီ စက်မှုဇုံဟာ နိုင်ငံ၏ အလုပ် အ ကိုင်နှ င့် လူနေမှုဘဝကို တခေတ်ဆန်းစေမှာပါ။

NEOM စီမံကိန်းဆိုတာ
ဆော်ဒီ၏ အိမ်ရှေ့မင်းသားနှင့် အုပ်ချုပ်သူ Mohammed bin Salman ၏ တီထွင်ဖန်တီးမှု ဖြစ်တဲ့ NEOM စီမံကိန်းဟာ ကမ္ဘာ၏ စက်မှု လုပ်ငန်းနှင့် စီးပွားရေး အချက်အချာ နေရာအဖြစ် သတ်မှတ်ရန် ရည်မှန်းထားပါတယ်။
ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ စီမံကိန်းဟာ ဆောက်လုပ်ရေးမှသည် ယဉ်ကျေးမှု၊ ဆော့ဖ်ဝဲလ်များ မှသည် အားက စားအထိ၊ စွမ်းအင်မှသည် ပညာရေး စသည့် ကဏ္ဍ အများအပြားကို ထည့်သွင်းထားပါတယ်။
NEOM စီမံကိန်း၏ နောက်ထပ် သန့်ရှင်းသည့် စွမ်းအင်ဆိုင်ရာ နေရာကတော့ The Line လို့ အမည်ရတဲ့ မြို့ ဖြစ်ပြီး မျဉ်း ဖြောင့် အတိုင်း တည်ရှိမှာ ဖြစ်ပါတယ်။
တည်ဆောက်ဖို့ရာအတွက် ဒေါ်လာ ၂၀၀ ဘီလီယံလောက် ကုန်ကျမယ်လို့ ခန့်မှန့်ထားတဲ့ အဆိုပါ မြို့ဟာ အရှည် ၁၀၅ မိုင်လောက် ရှည်လျားသည့် မျဉ်းပေါ်တွင် တည်ရှိမှာ ဖြစ်ပါတယ်။

ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် မြို့တော်တွင် မည်သည့်လမ်းမှ မရှိတော့ဘဲ မြေအောက်ကို အခြေပြုမည့် အလွန်မြန်သည့် ရထားလိုင်း စနစ်ကိုသာ အားထားမှာ ဖြစ်ပါတယ်။
မိုင်ပေါင်းများစွာ ရှည်လျားတဲ့ ဒီမြို့ကို ဖြတ်သန်း သွားလာဖို့အတွက် ခရီးသည်များဟာ အချိန် မိနစ် ၂၀ ထက် ပိုပြီး မလို အပ်အောင်လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အဆောက်အအုံတွေဟာ မြို့တော် အကျယ်အဝန်းရှိ မြေမျက်နှာပြင် ကွဲပြားမှုများကို ထည့်သွင်းစဉ်းစားပြီး မတူညီသည့် အမြင့်များဖြင့် တည်ဆောက်ရမှာ ဖြစ်တယ်လို့
NEOM စီမံကိန်း၏ CEO ဖြစ်တဲ့ Nadhmi Al-Nasr က Bloomberg သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောကြားခဲ့ပါတယ်။

လက်ရှိ ဆော်ဒီတွင် နှောင့်နှေးနေတဲ့ သို့မဟုတ် ရပ်တန့်နေတဲ့ စီမံကိန်း အမြောက်အများ ရှိနေပေမယ့် The Line အတွင်းရှိ အဆောက်အဦးများကို လိုအပ်ချက်အတိုင်း ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ စီမံကိန်း အကြံပေး ဘုတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။
ကမ္ဘာ့ရေနံစိမ်း တင်ပို့သည့် နိုင်ငံ တခု ဖြစ်သည်နှင့် အညီ ငွေကြေးဟာ ပြဿနာတခု မဟုတ်တဲ့အတွက် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေတော့ ရှိမှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် လာမယ့် အနာဂါတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။