ပိုကြီးပြီး ပိုကောင်းအောင် ဒီဇိုင်းဆွဲထားတဲ့ လေယာဉ်တွေကို စစ်တပ်ကစိတ် ၀င်စားတယ်ဆိုတာ အံ့သြစရာတော့မဟုတ်ပါဘူး။ဒါက ပြသရုံ အတွက်လည်း မဟုတ်ပါဘူး။
လိုအပ်လို့ပါပဲ။ သေးငယ်သည့် လေယာဉ်နှစ်စင်းထက် ကြီးမားသောလေယာဉ်တစ်စင်းရှိခြင်းက ပို၍ စီးပွားရေတွက်ချေကိုက်လို့ပါပဲ။ လေယာဉ်ကြီးများဟာ ဝေဟင်နှင့်မြေပြင်လုပ်သားများကို ထပ်တိုး ငှားရမ်းရန်မလိုပဲ ပိုမိုလိုက်လျော ညီထွေလို့ပါပဲ။
ခရီးသည် ၂၀၀ ခန့် လိုက်ပါနိုင်သည့် လေယာဉ် ၂ စီးအစား ခရီးသည် ၅၀၀ တင်ဆောင်နိုင်တဲ့ ကြီးမားသော စစ်လေယာဉ်တစ်စင်းက ပို၍ အဓိပ္ပာယ်ရှိပါတယ်။
ကမ္ဘာပေါ်ရှိ အကြီးမားဆုံး စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ် ၅ စီးကို ဖော်ပြလိုက်ပါတယ်။
1.Antonov An-124 (Russia)

Antonov An-124 ကို နေတိုးတပ်ဖွဲ့က သတ်မှတ်ထားတဲ့ နာမည်မှာ Condor ဖြစ်ပါတယ်။ ၎င်းဟာ အနည်းငယ်သေးငယ်သော Lockheed C-5 Galaxy နှင့် ဆင်တူပါတယ်။ လက်ရှိတွင် An-124 ဟာ ကမ္ဘာ့အကြီးဆုံး စစ်ရေး လေယာဉ်ဖြစ်ပါတယ်။ တစ်စီးတည်းရှိသော Antonov An-225 ကတော့ ပိုကြီးပါတယ်။
၁၉၇၁ ခုနှစ်တွင် ဤသယ်ယူပို့ဆောင်ရေး လေယာဉ်ကို စတင်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ပထမဆုံးပျံသန်းခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တွင် ဆိုဗီယက်လေတပ်တွင် စတင်၀င်ရောက်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ်တွင် Antonov An-124 Ruslan လေယာဉ် ၅၄ စီးတင်ပို့ခဲ့ပြီး လောလောဆယ် ၄၀ ကျော် တာဝန်ထမ်းဆောင်နေပါတယ်။ထိုလေယာဉ်အများစုကို စီးပွားဖြစ် အသုံးပြုကြပြီးအရေအတွက်အနည်းငယ်မျှကိုသာ ရုရှားလေတပ်၏ လေကြောင်းသယ်ယူပို့ဆောင်ရေးဌာနသို့ တိုက်ရိုက်တာဝန်ချထားပါတယ်။
ဤလေယာဉ်သည် အများဆုံး တင်ဆောင်နိုင်သည့် စွမ်းရည် ၁၅၀ တန် ရှိပါတယ်။ ဤမဟာဗျူဟာမြောက် လေယာဉ်၏ ကုန်တင်ခန်းဟာ ရုရှားသံချပ်ကာကား၊တိုက်ခိုက်ရေးယာဉ်များ၊ ရဟတ်ယာဉ်များနှင့်အခြားသောကုန်တင်ကုန်ပစ္စည်းများ အပါအ၀င်မည်သည့်ဝန်ကိုမဆို သယ်ဆောင်နိုင်ပါတယ်။
2.C-5M Super Galaxy(USA)

Lockheed Martin မှထုတ်လုပ်သော C-5M Super Galaxy လေယာဉ်ဟာ အမေရိကန်လေတပ်မှာ အသုံးပြုနေတဲ့ အကြီးမားဆုံး စစ်ရေးသယ်ယူပို့ဆောင်ရေးလေယာဉ်ပဲဖြစ်ပါတယ်။
C-5M Super Galaxy လေယာဉ်ဟာ C-5 Galaxy မဟာဗျူဟာမြောက် လေယာဉ်ပျံ၏ ဗားရှင်းအသစ်ဖြစ်ပြီး အလေးချိန် ၁၃၀ တန် သယ်ဆောင်နိုင်ပါတယ် ။ C-5M ဟာ Mine-Resistant Ambush Protected (MRAP) မော်တော်ယာဉ်ခြောက်စီး သို့မဟုတ် ရဟတ်ယာဉ် ၅ စီးကို တင်ဆောင်နိုင်ပါတယ်။
၁၉၇၀ တွင် ပထမဦးဆုံး C-5 Galaxy လေယာဉ် ကို အမေရိကန်လေတပ်နှင့်စတင်မိတ်ဆက်ခဲ့ပါတယ်။ C-5M လေယာဉ် ကိုတော့၂၀၀၉ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့တာပါ။
C-5M လေယာဉ်ဟာ ၇၅.၅ မီတာရှည်ပြီး ၁၉.၈ မီတာအမြင့်ရှိကာ ရှေ့နှင့်နောက် တစ်ပြိုင်တည်း လျှင်မြန်စွာ အတင် / အချ ပြုလုပ်လို့ရပါတယ်။
GE CF-80C2 turbofans အင်ဂျင် လေးလုံ တပ်ဆင်ထားပြီး အင်ဂျင်တစ်လုံးစီတွင် မောင်းနှင်အား၂၂၅ ကီလိုနယူတန် (၅၀,၅၈၀ ပေါင်) ရှိပါတယ်။
3.Antonov An-22(Russia)

An-22 သည်ကမ္ဘာ့အကြီးဆုံး turboprop လေယာဉ်ဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင်စတင်မိတ်ဆက်ချိန်မှာ ၎င်းဟာ ကမ္ဘာ့အကြီးဆုံးလေယာဉ်ဖြစ်ပါတယ်။ An-22 လေယာဉ်ကို ဆိုဗီယက်ယူနီယံ၏ အဓိကစစ်ရေးများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပါတယ်။
ဤလေယာဉ်ဟာ ပျံသန်း သယ်ဆောင်နိုင်သည့် ပမာဏ တန် ၈၀ ရှိပါတယ်။ BMD-2 တိုက်ခိုက်ရေးယာဉ် လေးစီးကို သယ်ဆောင်နိုင်သည်။
ဒီစစ်လေယာဉ်ကို Cock လို့ နေတိုးတပ်ဖွဲ့ကခေါ်ပြီး ဆိုဗီယက်ယူနီယံတစ်လျှောက်မှာ လူသားချင်းစာနာထောက်ထားမှုနဲ့စစ်ရေးအတွက်အသုံးပြုခဲ့ပါတယ်။
ပျော့ပျောင်းသောမြေပြင် နှင့် ပြင်ဆင်ထားခြင်းမရှိသော လေယာဉ်ကွင်းများ၌ ဆင်းနိုင် တက်နိုင်ရန် ဒီဇိုင်းဆွဲထားခြင်းကြောင့် ၎င်းလေယာဥ်ဟာ အမျိုးမျိုးသော လှုပ်ရှားမှုများအတွက် အကောင်းဆုံး စစ်ရေးလေယာဉ်ပဲဖြစ်ပါတယ်။
လက်ရှိတွင်အဆိုပါလေယာဉ် ၆ စီးသာရုရှားလေတပ်နှင့်အတူအမှုထမ်းနေသည်။
Antonov An-22 လေယဉ်သည် Boeing C-17 Globemaster III လေယာဉ်သထက် အနည်းငယ်ပိုကြီးပြီး အလေးချိန်အနည်းငယ်ပိုမိုသယ်ဆောင်နိုင်သည်။
4.Boeing C-17 Globemaster III(USA)

McDonnell Douglas က ဒီဇိုင်းဆွဲခဲ့ပြီး နောက်ပိုင်းတွင် ဘိုးအင်းနှင့်ပေါင်းစည်းခဲ့ကာ C-17 Globemaster III စစ်လေယာဉ်ကို C-141 Starlifter များတွင် အစားထိုးရန် ထုတ်လုပ်ခဲ့တာပါ။
၁၉၉၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းတွင် Globemaster ကို စတင်မိတ်ဆက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ကနေဒါ၊ သြစတြေးလျ၊ ယူကေနှင့်အိန္ဒိယအပါအ၀င် နေတိုးနိုင်ငံများမှာ အသုံးပြုခဲ့ပါတယ်။
မူလကတည်းက ထိုလေယာဉ်ကို အစီး ၂၅၀ ခန့် လုံလုံလောက်လောက် တည်ဆောက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ မညီညာ မပြင်ဆင်ထားတဲ့ လေယာဉ်ပြေးလမ်းမှာတောင် ဆင်းနိုင် တက်နိုင်လို့ပါ။
ဤလေယာဉ်သည် ပျံသန်းသယ်ဆောင်နိုင်သည့် အလေးချိန် ပမာဏ ၇၆.၆ တန် ရှိပြီး အလေးချိန် ၄၉.၈ တန် အထိရှိသည့် M1A2 Abrams တင့်ကား သို့မဟုတ် Stryker 8×8 သံချပ်ကာကား သုံးစီး သို့မဟုတ် AH-64 Apache helicopters သုံးစင်းကို သယ်ဆောင်နိုင်ပါတယ်
5.Xian Y-20 (China)

၁၉၉၀ ပြည့်နှစ် ထုတ်လုပ်မှုစတင်ခဲ့ချိန် မှစပြီး Y-20 လေယာဉ်ကိုအသစ်အဆန်းဟု ယူဆခဲ့ပါတယ်။ ၎င်းကို ရုရှားနှင့်ယူကရိန်းတို့၏အကူအညီဖြင့် Xian Aircraft Corporation (XAC) ကတီထွင်ထုတ်လုပ်ခဲ့တာပါ။
မည်သို့ပင်ဆိုစေကာမူ ၎င်းသည် တရုတ်နိုင်ငံတွင် ပထမဆုံးပေါ်ထွန်းခဲ့သော အကြီးစား ကုန်တင်စစ်လေယာဉ်ပျံဖြစ်ပါတယ်။
Y-20 သည် ၂၀၁၃ ခုနှစ်တွင်ပထမဆုံးပျံသန်းမှုကိုပြုလုပ်ခဲ့ပါတယ်။တရုတ်နိုင်ငံဟာ တန်ချိန် ၂၀၀ တန် စစ်ရေးသယ်ယူပို့ဆောင်ရေး လေယာဉ်ထုတ်လုပ်မှုတွင် အမေရိကန်၊ ရုရှားနှင့်ယူကရိန်းပြီးလျှင် ကမ္ဘာပေါ်တွင်စတုတ္ထမြောက်နိုင်ငံဖြစ်လာခဲ့ပါတယ်။
၂၀၁၆ ခုနှစ်တွင် တရုတ်လေတပ်သို့ ၀င်ရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Y-20 သည် ပျံသန်းသယ်ဆောင်နိုင်သည့် အလေးချိန် ၆၀-၆၆ တန် ခန့်ရှိပြီး Type 99 series tank များအပါအ၀င် ကြီးမားသောတိုက်ခိုက်ရေးနှင့်အထောက်အပံ့ပစ္စည်းများကို သယ်ဆောင်နိုင်ပါတယ်။
Y-20 ၏ ပုံစံသည် ခေတ်သစ် စစ်ရေးသုံး သယ်ယူပို့ဆောင်ရေး လေယာဉ်များအတွက် ပုံမှန်ပဲဖြစ်ပါတယ်။ ၎င်း လေယာဉ်ကို ရုရှားလုပ် D-30KP2 turbofan အင်ဂျင်လေးလုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။