ကမ္ဘာ့လူဦးရေအထူထပ်ဆုံး နှင့် အကြီးဆုံးမြို့​​​တွေအကြောင်း

Knowledge Travel

မြို့တစ်မြို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက ကွဲပြားသော်လည်း ယေဘုယျအားဖြင့် မြို့ငယ် သို့မဟုတ် ရွာထက် လူဦးရေပို၍ လူနေထိုင်ရာနေရာဟု ယူဆကြပါတယ်။

မြို့ကြီးတွေဟာ လူဦးရေ အနည်းအများပေါ် မူတည်ပြီး ထောင်ပေါင်းများစွာမှ သန်းဆယ်ဂဏန်း အထိ ရှိနိုင်ပါတယ်။

လူဦးရေနဲ့ ဆက်စပ်နေတဲ့ ကမ္ဘာ့အကြီးဆုံးမြို့ အကြောင်း ပြောမယ်ဆိုရင် ဂျပန်ကိုကြည့်ဖို့ လိုပါတယ်။

ကမ္ဘာ့လူဦးရေ အများဆုံးမြို့

၂၀၁၈ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကမ္ဘာ့မြို့များ အစီရင်ခံစာအရ တိုကျိုဟာ ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးမြို့ဖြစ်ပြီး လူဦးရေ ၃၇ သန်းကျော် ရှိပါတယ်။

Tokyo

ဒါဟာ တရားဝင်မြို့ကန့်သတ်ချက်များအတွင်းနေထိုင်သည့်လူဦးရေအပြင် ၎င်းရဲ့အနီးတစ်ဝိုက်ရှိ နယ်မြေများကို မျှဝေသည့်စက်မှုလုပ်ငန်း၊ စီးပွားရေးနယ်မြေများ၊ သယ်ယူပို့ဆောင်ရေးကွန်ရက်၊ အခြေခံအဆောက်အအုံများနှင့် အိမ်ရာများတွင် နေ ထိုင်သူများလည်း ပါဝင်ပါတယ်။

နှိုင်းယှဉ်ချက်အရ တက္ကဆက်ပြည်နယ်တစ်ခုလုံး (၂၈.၆ သန်းခန့်) သို့မဟုတ် သြစတြေးလျ တိုက်ကြီးတစ်ခုလုံးတွင် နေထိုင်သူ (၂၅.၅ သန်းခန့်) ထက် များပါတယ်။

တိုကျိုရဲ့ တရားဝင် မြို့ကန့်သတ်ချက်များ အတွင်းနေထိုင်သည့် လူဦးရေဟာ ၁၄ သန်းထက်နည်းသော်လည်း၊ ဒါဟာ အထင် ကြီး စရာဖြစ်နေဆဲ ဖြစ်ပါတယ်။

တိုကျိုမြို့ဟာ ကပ်ရောဂါကာလ၊ ရာစုနှစ်တစ်ခုရဲ့ လေးပုံတစ်ပုံအတွင်း ပထမဆုံး လူဦးရေ ကျဆင်းသွားတာကို မြင်တွေ့ခဲ့ရသော်လည်း နံပါတ်တစ် နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။

Delhi

နောက်ထပ်လူဦးရေအများဆုံးမြို့က ၂၀၁၈ ခုနှစ်အတွင်းလေ့လာမှုအရ နေထိုင်သူ ၃၁.၃ သန်းဝန်းကျင်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်စစ်တမ်းများအရ လူဦးရေ ၈.၄၆ သန်းခန့်ဟာ မြို့ နယ်နိမိတ်အတွင်းမှာနေထိုင်ပြီး ကျန် ၁၉.၇၇ သန်းခန့်ကတော့ အနီးတစ်ဝိုက်ရှိ စက်မှုလုပ်ငန်း၊ စီးပွားရေး နယ်မြေများ၊ သယ်ယူ ပို့ဆောင်ရေး ကွန်ရက်၊ အခြေခံ အဆောက်အအုံများနှင့် အိမ်ရာများတွင် နေထိုင်သူများ ဖြစ်ပါတယ်။

စတုရန်းမိုင်ပေါင်းများစွာရှိတဲ့ ကမ္ဘာ့အကြီးဆုံးမြို့

နယူးယောက်မြို့ဟာ အာရှမြို့ကြီး အချို့နှင့် နှိုင်းယှဉ်ပါက မတူညီတဲ့ အပြင် သာလွန်ပြီးတော့ ကွဲပြားပါတယ်။

နယူးယောက်မြို့ဟာ ဧရိယာအားဖြင့် စတုရန်းမိုင်ပေါင်း ၄၇,၀၀၀ ရှိပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးမြို့ဖြစ်ပါတယ်။

၎င်းမြို့ နယ်နိမိတ်တွေက ကျွန်ုပ်တို့ထင်တဲ့အတိုင်း မသဲကွဲတာကြောင့် ဧရိယာနှင့် စုစုပေါင်းလူဦးရေကို တိုင်းတာဖို့ ခက်ခဲစေပါတယ်။

New York

သို့သော်လည်း နယူးယောက်​မြို့ရဲ့ ခန့်မှန်းလူဦးရေက သန်း ၂၀ ကျော်ဖြစ်ပြီး အမေရိကန်မှာ အများဆုံးဖြစ်ပါတယ်။

ဧရိယာအလိုက် ကမ္ဘာ့အကြီးဆုံး မြို့ကြီး ဆယ်မြို့ အနက် ရှစ်မြို့ဟာ အမေရိကန်ပြည်ထောင်စုမှာ ရှိပါတယ်။

နောက်ပြီး ကမ္ဘာ့အကြီးဆုံးမြို့ကြီးတွေကို ဆွေးနွေးတဲ့အခါ များသောအားဖြင့် လူတွေက လူဦးရေကို ဆိုလိုတာ မဟုတ်ဘဲ ဧရိယာကို ဆိုလိုတာပါ။

အဆောက်အဦးတွေ တစ်ခုနှင့်တစ်ခု ထပ်နေပြီး စုပြုံနေတဲ့မြို့တစ်မြို့ကို ရောက်ဖူးမယ်ဆိုရင် အလုပ်အများဆုံးမြို့ကြီးတွေမှာတွေ့ရတဲ့ လူဦးရေပေါများမှုတွေ၊ နေရာအကန့်အသတ်တွေ ရှိတာကို တွေ့နိုင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.