ကမ္ဘာပေါ်ရှိ အရွယ်အစား အကြီးမားဆုံး ခွေးများ

Knowledge Nature

လူတွေက သူတို့ရဲ့ ကိုယ်ပိုင်စတိုင်နဲ့ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်တဲ့ ခွေးမျိုးစိတ်တွေကို ရွေးချယ်လေ့ရှိပါတယ်။

ဒါဆိုရင် ကမ္ဘာပေါ်မှာ အကြီးဆုံးခွေးကဘာလဲ။ ပြီးတော့ ကျွန်ုပ်တို့ပြောနေတဲ့ အရပ်၊ အလျား သို့မဟုတ် အလေးချိန်ပေါ်မှာ အားလုံးမူတည်ကြောင်း လေ့လာခဲ့​ကြပါတယ်။

အရပ်အရှည်ဆုံးခွေးများ

ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများ (GWR) အရ အရပ်အလိုက် မြင့်မားတဲ့မျိုးစိတ်က Great Dane အမျိုးအစားဖြစ်ပါတယ်။

ပြောင်လက်ပြီး ခြေတံရှည် မျိုးကွဲဖြစ်တဲ့ Great Dane တွေဟာ အရပ်အရှည်ဆုံး ခွေးမျိုးစိတ်အနေနဲ့ ဆယ်စုနှစ် နှစ်ခုကျော် စံချိန်တင်ထားခဲ့ပါတယ်။

GWR သမိုင်းတွင် အမြင့်ဆုံးခွေးမှာ မြေပြင်မှ 3 ပေ 8 လက်မ (1.1 မီတာ) အရပ်မြင့်သော Zeus ဟုခေါ်တဲ့ Great Dane ကြီးဖြစ်ပါတယ်။ Zeus ဟာ US တွင်နေထိုင်ပြီး 2014 တွင် ဆုံးပါးခဲ့ပါတယ်။

အရပ်အရှည်ဆုံးသောခွေးအတွက် လက်ရှိစံချိန်တင်ထားသူမှာ အင်္ဂလန်နိုင်ငံ၊ Essex တွင်နေထိုင်တဲ့ Freddy ဟု အမည်ပေးထားသည့် Great Dane ကြီးဖြစ်ပါတယ်။

Freddy ဟာ 2016 ခုနှစ်တုန်းက GWR အတွက်တိုင်းတာခြင်းခံရတုန်းက မြေပြင်မှ 3 ပေ 4 လက်မ (1.1 မီတာ) ရှိပြီး သူရဲ့နောက်ခြေထောက်များ (တရားဝင် GWR တိုင်းတာမှုမဟုတ်ပါ) မှာ 7 ပေ (2.3 မီတာ) ကျော်ရှိပါတယ်။

Freddy ဟာ အရပ်ရှည်ဆုံးခွေးမျိုးစိတ်များထဲမှ စံနမူနာကောင်းတစ်ခု ဖြစ်ပါတယ်။ သူ့ပိုင်ရှင် Claire Stoneman က သူကို ခွေးပေါက်စလေးဘဝကထဲက မွေးစားခဲ့တာဖြစ်တယ်ဟု Telegraph သို့ ပြောပါတယ်။

Great Dane အမျိုးအစား

တရားဝင် တိုင်းတာမှုများအကြောင်း ပြောရမယ်ဆိုရင် GWR တိုင်းတာမှုအားလုံးကို ပရော်ဖက်ရှင်နယ် တိရစ္ဆာန်ကု ဆရာ ဝန် များမှ လုပ်ဆောင်ပါတယ်။

GWR အတွက် အရည်အချင်းပြည့်မီဖို့ ခွေးများဟာ အနည်းဆုံး အသက် 1 နှစ်ရှိရမှာဖြစ်ပြီး တိရစ္ဆာန်ဆေးကုဆရာဝန်မှ အသိအမှတ်ပြုထားတဲ့ “သန့်ရှင်းတဲ့ကျန်းမာရေးဥပဒေကြမ်း” ကို ပိုင်ဆိုင်ဖို့ လိုပါတယ်။

သို့သော် GWR မှာ အလေးဆုံး သို့မဟုတ် အပေါ့ပါးဆုံး အိမ်မွေးတိရစ္ဆာန်များအတွက် တောင်းဆိုချက်ကို လက်မခံတော့ပါဘူး။

Guinness World Records North America, Inc. မှ လူထုဆက်ဆံရေးမန်နေဂျာ Amanda Marcus က အီးမေးလ်တစ်စောင်မှာ အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။

“အိမ်မွေးတိရိစ္ဆာန်တွေရဲ့ ကောင်းကျိုးချမ်းသာဟာ ပိုင်ရှင်ရဲ့စိတ်အပေါ် အများကြီး မူတည်တယ် ” ဟု သူမက ဆိုပါတယ်။

“ဒါပေမယ့် ပိုင်ရှင်တွေက သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အသိအမှတ်ပြုဖို့ တောင်းဆိုရာမှာ ပိုစားဖို့ ဒါမှမဟုတ် လျှော့ကျွေးဖို့ တွန်းအားပေးခံရဖို့ အလားအလာ ပိုတိုးလာမှာကို ကျွန်တော်တို့ ပိုစိုးရိမ်လာရပါတယ်။

ဒါကြောင့် တိရစ္ဆာန်တိုင်းအတွက် လွန်လွန်ကဲကဲ ဒုက္ခခံစားရတာကို ရှောင်ရှားဖို့၊ အဲဒီမှတ်တမ်းတွေကို အဆုံးသတ်လိုက်တာဖြစ်တယ် “ဟု ဆိုပါတယ် ။

ခန္ဓာကိုယ် အရှည်လျားဆုံးခွေးများ

၎င်းတို့က အလှဆုံးခွေးများ မဟုတ်သော်လည်း အရှည်ဆုံးထဲမှာတော့ Irish wolfhound တွေဟာ နာမည်ကြီးပါတယ်။

Irish wolfhound

ဒါ့အပြင် Irish wolfhound တွေဟာ ၂၀၀၆ ခုနှစ်တုန်းက GWR မှာ အရှည်ဆုံးခွေးဘွဲ့ကို သိမ်းပိုက်ထားခဲ့ပါသေးတယ်။

နောက်ဆုံး ၎င်းတို့ထဲမှ Farrell အမည်ရှိ ခွေးတစ်ကောင်ဟာ နှာတံဖျားမှ အမြီးဖျားအထိ 7 ပေ၊ 9 လက်မ (2.4 မီတာ) ရှိပြီး အရှည်ဆုံးဘွဲ့ကို သိမ်းပိုက်ထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက GWR အတွက် မှတ်တမ်းတင်ထားတဲ့ အရှည်ဆုံးခွေးဟာ နှာတံဖျားကနေ အမြီးဖျားအထိ မယုံနိုင်စရာကောင်းလောက်အောင် 8 ပေ၊ 4 လက်မ (2.5 မီတာ) ရှိတဲ့ အင်္ဂလိပ် mastiff တစ်ကောင်ပဲ ဖြစ်ပါတယ်။

ထိုခွေးကြီးတွေဟာ ကြီးမားပြီး ချစ်စရာကောင်းသည့်အပြင် အလေးချိန် ရှိတဲ့ ခွေးများနှင့် ပတ်သက်လာလျှင် American Kennel Club (AKC) မှ mastiff (တကယ်တော့ မျိုးကွဲများစွာရှိသည့်) ဟာ ထိုခေါင်းစဉ်ကို ကိုင်ဆောင်ထားတယ်ဟု မှတ် ယူလို့ရပါတယ်။

ကြီးမားသန်မာကြပြီး တိုက်ခိုက်လိုစိတ်ပြင်းတဲ့ ခွေးများ

2014 AKC သတင်းထုတ်ပြန်ချက်တွင် အကြီးဆုံးခွေးမျိုးစိတ် 15 မျိုးစာရင်းမှာ mastiff၊ Neapolitan mastiff နှင့် bull mastiff တို့ ပါဝင်ပါတယ်။

Bull mastiff

ပုံမှန် Mastiff အထီးတစ်ကောင်ဟာ မြေပြင်မှ အနည်းဆုံး လက်မ 30 (76 စင်တီမီတာ) ရှိပြီး အလေးချိန် 160 မှ 230 ပေါင် (72 နှင့် 104 ကီလိုဂရမ်) ကြားရှိပါတယ်။ ဒါတွေက lapdog တွေမဟုတ်ဘူး။ ၎င်းတို့ဟာ လေးလံပြီး သန်မာကြပါတယ်။

မှတ်တမ်းတွေအရ ၎င်းတို့ဟာ တိုက်ပွဲအတွက် ပေါက်ဖွားလာကာ အနည်းဆုံးပြောရလျှင် ကြောက်ရွံ့ထိတ်လန့်စရာ ပုံပန်း သဏ္ဍာန် ရှိကြပါတယ်။

သို့သော် ၎င်းတို့ကိုမွေးစားသူများကတော့ ၎င်းတို့ရဲ့ ချိုမြိန်မှု၊ တည်ကြည်မှုနှင့် အကာအကွယ်ပေးသည့် စိတ်ဓာတ်ကို ဖော်ကြူးကြပါတယ်။

Mastiffs တွေက ခွေးလောကတွင် တစ်ခုတည်းသော အပြင်းအထန် တိုက်ခိုက်သူများ မဟုတ်ပါဘူး။

Saint Bernard နှင့် Newfoundland တို့ကလည်း အပြင်းအထန် တိုက်ခိုက်လိုစိတ်ရှိတဲ့ မျိုးကွဲများဖြစ်ပြီး ကြီးမားကာ အ စွမ်း ထက်တဲ့ခွေးများ ဖြစ်ကြပါတယ်။

Saint Bernard အထီးတွေဟာ ကိုယ်အလေးချိန် ၁၄၀ မှ ၁၈၀ ပေါင် (၆၃ မှ ၈၁ ကီလိုဂရမ်) နှင့် အမြင့် ၃၀ လက်မ (၇၆ စင်တီမီတာ) အထိ ရှိပါတယ်။

Saint Bernard

Newfoundlands တွေကတော့ ပုံမှန်အားဖြင့် ပေါင် 130 မှ 150 (58 မှ 68 ကီလိုဂရမ်) ရှိပြီး အမြင့် 28 လက်မ (71 စင်တီမီတာ) အထိ ရှိပါတယ်။

Saint Bernard နှင့် Newfie နှစ်မျိုးစလုံး နူးညံ့သိမ်မွေ့ပြီး အားကိုးအားထားရတဲ့ မိသားစုခွေးများ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ ခွန်အားနှင့် ၎င်းတို့ရဲ့ လေးလံထူထဲတဲ့ အရေခွံကြောင့် မြောက်အတ္တလန္တိတ်ရဲ့ အေးမြသော ရေတွေနှင့် နှင်း​တွေထဲမှာ Saint Bernards တွေကို အသုံးပြုခဲ့ကြပါတယ်။

ခွေးကြီးများကို ပြုစုစောင့်ရှောက်ခြင်း

ခွေးကြီးမျိုးစိတ်တွေဟာ အံ့သြဖွယ် အိမ်မွေးတိရစ္ဆာန်များဖြစ်​ကြသော်လည်း ၎င်းတို့ဟာ အိမ်ထောင်စုတိုင်းအတွက် မသင့် တော်သည့်အပြင် ၎င်းတို့ရဲ့ စောင့်ရှောက်မှု၊ လေ့ကျင့်မှုနှင့် အစာကျွေးခြင်းဆိုင်ရာ အထူးစိန်ခေါ်မှုများလည်း ရှိပါတယ်။

ခွေးချစ်သူတွေဟာ ခွေးမျိုးစိတ်အများစုကို ရည်ရွယ်ချက်ရှိရှိ မွေးစားကြပြီး ကြီးမားတဲ့မျိုးစိတ်တွေကတော့ ပုံမှန်အားဖြင့် အလုပ်လုပ်တဲ့ ခွေးများဖြစ်ကြပါတယ်။

၎င်းတို့ဟာ လေ့ကျင့်ခန်းတွေ အများကြီးလိုအပ်ပြီး လှုပ်ရှားမှုလည်း လိုအပ်ပါတယ်။ လမ်းလျှောက်ထွက်တဲ့အခါမှာလည်း ခွေးကြီးများကို ခေါ်ဆောင်ဖို့ ပြင်ဆင်မယ်ဆိုရင် သန့်ရှင်းရေးလုပ်ရမည်ဟု သတိရပါ။ ခွေးက ပိုကြီးပြီး သူတို့ရဲ့ poo လည်း ပါပါတယ်။

Newfoundland

အဆိုပါ ခွေးကြီးမျိုးစိတ်များကလည်း နေထိုင်တဲ့နေရာမှာ နေရာပိုလိုအပ်ပါတယ်။

ပေါင် 130 (58 ကီလိုဂရမ်) အလေးချိန်ရှိသော mastiff ဟာ ဆိုဖာပေါ်ကို အလွယ်တကူတက်နိုင်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ခြေသည်းများကို စားပွဲများပေါ်တွင် တင်ထားနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့အဖော် ဖြစ်တဲ့ခွေးကြီးများဟာ ဧည့်ဝတ်ကျေပွန်တဲ့ အဖော်တစ်ယောက်ဖြစ်လာအောင် ကူညီပေးဖို့ လေ့ကျင့်မှု များများပေးဖို့လည်း လိုအပ်ပါတယ်။

ပြီးတော့ ဒီလိုခွေးကြီးတွေကို ကျွေးမွေးတဲ့စရိတ်ကလည်း မနည်းပါဘူး။

ကမ္ဘာ့အရပ်အရှည်ဆုံးခွေး Freddy ကိုမှတ်မိလောက်မှာပါ။ Great Danes ကြီးနှစ်ကောင်ကို အမှန်တကယ်ပိုင်ဆိုင်တဲ့ သူ့ပိုင်ရှင်ရဲ့ အဆိုအရတော့ သူတို့ရဲ့ စားစရာဝယ်ဖို့ နှစ်စဉ် ဗြိတိန်ပေါင် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ခန့်) ကုန်ကျတယ်ဟု သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 22/5/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *