UAE မှ ကမ္ဘာ့အကြီးဆုံး Hummer H1 ကားကြီးကို ဖန်တီး ထားတဲ့ အကြောင်း

Innovation Tech

ကြီးမားတဲ့ ကားကြီးတွေကို ဖန်တီးတာဟာ ယနေ့ခေတ်မှာ ခေတ်စားနေပေမယ့် အများစုကတော့ လော်ရီကားများနှင့် SUV ကားများ၏ ပုံတူများသာ ဖြစ်ပါတယ်။

တကယ်တော့ မူလ ပုံစံထက် ၄ ဆလောက် ပိုကြီးတဲ့ ကားတစ်စီးကို ပုံတူ တည်ဆောက်တာဟာ ကားကို ကြီးလာစေရန် အောက်ပိုင်းမြှင့်ပြီး တာယာအကြီးကြီး တပ်တာထပ်စာရင် အများကြီး ပညာသား ပါပါတယ်။

တည်ဆောက်ရာမှာလည်း ရိုးရှင်းမှု မရှိတဲ့အတွက် တော်ရုံလူတွေ မဖန်တီးနိုင်ကြပါဘူး။

Hummer မှ ထုတ်လုပ်သည့် အမေရိကန် စစ်သုံး Humvee ယာဉ်တစင်းအားတွေ့ရစဉ်

ဒီလို မလွယ်ကူမှုနဲ့ ကုန်ကျစရိတ်တွေ ရှိပေမယ့် ကြွယ်ဝလှတဲ့ ယူအေအီးမှာတော့ Hummer H1 ကား အကြီးကြီး ကို ဖန် တီးလိုက်ပါတယ်။

ဒီကားကြီးကို ယူအေအီးရှိ အဝေးပြေး လမ်းမကြီးပေါ်တွင် ပုံမှန်သွားလာနေသည့် ကားများ ကြားတွင် တွေ့ရှိခဲ့ရတာပါ။

နိုင်ငံအတွင်း အကြီးမားဆုံးသော မောင်းနှင်နိုင်တဲ့ ဧရာမ Hummer H1 ကားကြီးကို Sheikh Hamad bin Hamdan Al Nahyan ဆိုသူ က မှာယူခဲ့တာပါ။

Image: Courtesy of Motor1

ပုံမှန်အားဖြင့် Hummer SUV ကားများဟာ အမေရိကန် ကြည်းတပ်၏ နာမည်ကျော် စစ်သုံးကား အမျိုးအစားဖြစ်ပြီး လူတော်တော်များများ သိကြပါတယ်။

Hummer များကို အဓိကအားဖြင့် စစ်သည်များကို သယ်ယူ ပို့ဆောင်သည့်နေရာတွင် အသုံးပြုသည့်အပြင် အပေါ့စား တိုက်ခိုက်ရေး မစ်ရှင်များတွင်လည်း အသုံးပြုပါတယ်။

စစ်မြေပြင်တွင် အကြမ်းပတမ်း အလွန်ခံပြီး စိတ်ချရမှုရှိသဖြင့် အလွန်ကျော်ကြားပါတယ်။

Image: Courtesy of Sheikh Hamad bin Hamdan Al Nahyan

နောက်ပိုင်းမှာတော့ ၎င်း၏ အကြမ်းခံသည့် သွင်ပြင်ကြောင့် အရပ်ဘက်တွင် စိတ်ဝင်စားမှု ရှိလာပြီး Hummer များကို အ ရပ်ဖက်သုံး SUV များအဖြစ်ပါ ထုတ်လုပ်လာခဲ့တာပါ။

သတ္တုပြားများအပြင် ဘီးနှင့် တာယာများမှ အခြား အစိတ်အပိုင်းများဟာ အမေရိကန် စစ်တပ်တွင် အသုံးပြုသည့် စစ်ဘက် ဆိုင်ရာ တိကျမှုဖြင့် ထုတ်လုပ်ထားတာပါ။

Hummer ဟာ နှစ်ပေါင်းများစွာ ၎င်း၏ ကားများကို အဆင့်မြှင့် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ယခုအခါတွင် လျှပ်စစ် စွမ်း အင်သုံးကားများပါ ရှိလာပြီ ဖြစ်ပါတယ်။

Image: Courtesy of Motor1

The Rainbow Sheikh လို့လည်း သိကြတဲ့ Sheikh Hamad bin Hamdan Al Nahyan ဆိုသူဟာ ကမ္ဘာပေါ်တွင် အကြီးဆုံး 4×4 ကားများ ပိုင်ဆိုင်မှုဖြင့် ဂင်းနစ်စံချိန် တင်ထားပါတယ်။

Top Gear ထဲမှာ ဧရာမ Willys Jeep ဂျစ်ကားကြီးဟာလည်း ၎င်းပိုင်ဆိုင်တာဖြစ်ပြီး အဘူဒါဘီရှိ Emirates အမျိုးသားကားပြတိုက် အပြင်တွင် ပြသထားပါတယ်။

ကား၏ အတွင်းခန်းဟာ အိမ်တလုံးကဲ့သို့ တည်ဆောက်ထားတာ ဖြစ်ပြီး လက်ဆေးကန် ကအစ ပါဝင်ပါတယ်။

Image: Courtesy of Motor1

ကားကို ICE အင်ဂျင် လေလုံးဖြင့် မောင်းနှင်နိုင်မှာဖြစ်ပြီး အထပ်အားဖြင့် နှစ်ထပ်ရှိကာ လှေကားနှင့် အပေါ်နှင့် အောက်ကို ချိတ်ဆက်ထားပြီး အိမ်သာတလုံးနှင့် မီးဖိုချောင်လည်း ပါဝင်ပါတယ်။

The Hummer H1 X3 ဟာ ကမ္ဘာပေါ်တွင် အကြီးဆုံး Hummer H1 ကား ဖြစ်လာသည့်အတိုင်း အမြင့် ၂၁.၆ ပေ ရှိပြီး ပုံမှန် Hummer ကားထက် ၃ ဆ ပိုကြီးပါတယ်။

ဒီကားဟာ ပုံစံသပ်သပ်သာ တည်ဆောက်ထားတာ မဟုတ်ဘဲ တကယ်မောင်းနှင်နိုင်ပြီး Sheikh Hamad bin Hamdan Al Nahyan ကို ဂုဏ်ပြုတဲ့ အနေဖြင့် ယူအေအီး Al Madam ရှိ Off-Road သဘာဝသမိုင်း ပြတိုက်တွ၍် ပြသထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.