ကမ္ဘာ့အကြီးဆုံး ဆိုလာစွမ်းအင်သုံး ဘက်ထရီကြီး တည်ဆောက် ပြီးတော့မည်

News Tech

Florida Power and Light (FPL) ကုမ္ပဏီက လုပ်ငန်း လည်ပတ်ဖို့ ယခုအခါ ၇၅% ပြီးစီးထားပြီးဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံးနေရောင်ခြည်စွမ်းအင်သုံး ဘက်ထရီ သိုလှောင်ရုံ ဖြစ်သော Manatee Energy Storage Center အတွက် ပထမဆုံး ဘက်ထရီ modules ကို တပ်ဆင်လိုက်ပါတယ်။

ကုမ္ပဏီက စွမ်းအင် သိုလှောင်မှု ကွန်တိန်နာ ၁၃၂ လုံးအနက် အလုံး ၁၀၀ ကို တပ်ဆင်ထားပြီး စီမံကိန်းရဲ့ အင်ဗာတာ ၁၃၂ ခုစလုံးကို တပ်ဆင်ပြီးဖြစ်ပါတယ်။

တည်ဆောက်ပြီးစီးပါက စင်တာသည် တစ်နာရီလျှင် ၉၀၀ မဂ္ဂါဝပ် (MWh) ထုတ်ပေးနိုင်သော စွမ်းအားနဲ့ ၄၀၉ မဂ္ဂါဝပ် (MW) ဆံ့နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ထုတ်လွှတ်မှုအရ ဒါဟာ နှစ်နာရီကျော်အတွင်းအိမ်ခြေ ၃၂၉၀၀၀ ခန့်ကို လည်ပတ်နိုင်ဖို့ လုံလောက်ပါတယ်။

သမိုင်း မှတ်တိုင် တစ်ခုပြီးတစ်ခုနဲ့ သန့်ရှင်းပြီး စိတ်ချရရုံသာမက ဈေးလည်းသက်သာတဲ့ လျှပ်စစ်ဖြစ်ပြီး အမေရိကန်ရဲ့ အကောင်းဆုံးစွမ်းအင်တွေကို ကျွန်တော်တို့ အမြဲတစေဖြန့်ဝေပေးတာကြောင့် Florida အား ရေရှည် တည်တံ့ခိုင်မြဲမှုနဲ့ ခံနိုင်ရည်ရှိမှု၌ ခေါင်းဆောင်ဖြစ်စေရန် ၎င်းရဲ့ ခိုင်မာသောကတိကဝတ်များကို လိုက်နာနေတယ်လို့ FPL ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် Eric Silagy ကပြောခဲ့ပါတယ်။

၂၀၃၀ တွင် ဆိုလာပြားသန်း ၃၀ တပ်ဆင်ရန် 30 by 30 အစီအစဉ်ပြီးမြောက်ဖို့ လမ်း‌ကြောင်းရဲ့ ၄၀% ကို ကျော်လွန်သွားတာကြောင့် ဖလော်ရီဒါရှိ FPL ရဲ့နောက်ဆုံး ကျောက်မီးသွေး စက်ရုံကို ဖျက်သိမ်းလိုက်ပါတယ်။

မကြာခင်မှာ ကမ္ဘာ့အကြီးဆုံး ဆိုလာစွမ်းအင်သုံး ဘက်ထရီသည် ၀ယ်ယူသူများအား စတင်ဝန်ဆောင်မှု‌ ပေးတော့မှာဖြစ်ပါတယ်။

၁၀၀% ကာဗွန်ကင်းစင်သော စွမ်းအင် အနာဂတ်အတွက် အလားအလာကို သော့ဖွင့်ပေးမည့် တီထွင်ဆန်းသစ်သော အစိမ်းရောင်ဟိုက်ဒရိုဂျင် ရှေ့ပြေးပရောဂျက်ကို ကျွန်တော်တို့ အာရုံစိုက်နေပါတယ်လို့လည်း Eric Silagy က ပြောခဲ့ပါတယ်။

FPL က ကမ္ဘာ့အကြီးဆုံး ဆိုလာစွမ်းအင်သုံး ဘက်ထရီများ ပါဝင်သော ဘက်ထရီ modules ၅၀၀၀၀ကျော်ကို ပထမဆုံးတပ်ဆင်ခဲ့ပါတယ်။

ကုမ္ပဏီရဲ့အဆိုအရ ဘက်ထရီ module တစ်ခုစီဟာ အလေးချိန်ပေါင် ၂၀၀ ကျော် (၉၁ ကီလိုဂရမ်) ရှိပြီး အကြမ်းဖျင်းအားဖြင့် iPhone ဘက်ထရီ ၂၀၀၀ နဲ့ညီမျှတဲ့ နေရောင်ခြည်စွမ်းအင်ကို သိုလှောင်နိုင်စွမ်းရှိပါတယ်။

ပြီးပြည့်စုံသောဘက်ထရီစနစ်ဟာ ခန့်မှန်းခြေအားဖြင့် iPhone ဘက်ထရီ သန်း ၁၀၀ နဲ့ညီမျှလိမ့်မယ်။

စွမ်းအင် သိုလှောင်သေ ာကွန်တိန်နာများကို ဧက ၄၀ ရှိသောမြေတစ်လျှောက် (သို့) ဘောလုံးကွင်း ၃၀ နဲ့ ညီမျှတဲ့ မြေပေါ်မှာ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ကွန်တိန်နာတစ်ခုစီတွင် FPL Manatee Solar Energy Center မှဓာတ်အားဖြည့်‌ပေးမယ့် ဘက်ထရီ modules အကြမ်းဖျင်းအားဖြင့် ၄၀၀ ဆံ့ပါတယ်။

FPL က ဒီနှစ်နှောင်းပိုင်းမှာ ဘက်ထရီကို ဝယ်ယူသူများအား ၀န်ဆောင်မှုများစတင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တပ်ဆင်ထားသော ဆိုလာပြား ၁၂ သန်းကျော်နဲ့ လုပ်ငန်း လည်ပတ်နေသော နေရောင်ခြည်စွမ်းအင် စင်တာ ၄၀ ကျော်ဖြင့် FPL သည် ကမ္ဘာ့အကြီးဆုံး ဆိုလာစွမ်းအင်သုံး ဘက်ထရီနဲ့ နေရောင်ခြည်စွမ်းအင်ကို လျင်မြန်စွာ ဖြန့်ကျက်ရန် တည်ဆောက်နေပါတယ်။

ဒါပေမယ့် ဒါဟာ လုပ်ငန်းရဲ့အစွန်အဖျားပဲ ရှိပါသေးတယ်။

FPL သည် ပြည်နယ်တစ်ဝှမ်း ဆန်းသစ်တီထွင်ထားသော ဘက်ထရီသိုလှောင်ရေး စီမံကိန်းများကို အကောင်အထည်ဖော်နေပါတယ်။

EV အားသွင်းစက် ၁၀၀၀ ကျော်နှင့် ဖလော်ရီဒါရဲ့သယ်ယူပို့ဆောင်ရေးရှု‌ေထာင့်ကိုအသွင်ကူးပြောင်းနေပြီး နောက်ဆုံးပေါ် microgrid နည်းပညာကို အားဖြည့်ပေးသော ဘက်ထရီစနစ်များနှင့် ပတ်သတ်၍ တက္ကသိုလ်များ၊ မြို့တော်များနဲ့ ပူးပေါင်းနေပါတယ် လို့ FPL ဖွံ့ဖြိုးရေးဒုဥက္ကဌ Matt Valle က ပြောခဲ့ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *