ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ် တာဘိုင် ဒလတ်တွေအကြောင်း

News Tech

ပြန်လည်အသုံးပြုနိုင်တဲ့ လေတာဘိုင်များကို ထုတ်လုပ်တဲ့ ကုမ္ပဏီပေါင်းစုံ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းစုဟာ ၎င်းရဲ့ အပြည့်အဝ ပြန်လည်အသုံးပြုနိုင်တဲ့ လေတာဘိုင်ရဲ့ ရှေ့ပြေးပုံစံကို ထုတ်လုပ်ပြီးနောက် အလားအလာကောင်းတဲ့ အသီးအပွင့်တွေ ထွက်ပေါ်လာခဲ့ကြောင်း GE က ၎င်းရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်တွေကနေတဆင့် စွမ်းအင်လိုအပ်ချက်ကို ကမ္ဘာကြီးအတွက် ဖြည့်ဆည်းဖို့ ကြိုးပမ်းနေချိန်မှာ နေရောင်ခြည်နှင့် လေစွမ်းအင် အခြေခံအဆောက်အအုံတွေ တည်ဆောက်မှု လုပ်ငန်းစဥ်တွေဟာ ကျယ်ပြန့်လာခဲ့ပါတယ်။

အဆိုပါ လုပ်ငန်းစဥ်တွေဟာက ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရာမှာ ကူညီပေးသော်လည်း၊ ၎င်းတို့ရဲ့ သက်တမ်းကုန်ဆုံးချိန်မှာတော့ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်ပြီး ပြဿနာ အနည်းငယ်တော့ ရှိပါတယ်။

လေအားလျှပ်စစ်တာဘိုင်တွေကို အဘယ်အရာဖြင့် ပြုလုပ်တာလဲ

တာဘိုင်များကို တည်ဆောက်ရာတွင် အသုံးပြုသည့် တာဝါတိုင်တွေကို ပြန်လည် အသုံးပြုနိုင်သည့် သံမဏိဖြင့် ပြုလုပ်ထားသော်လည်း တာဘိုင်တွေရဲ့ လုပ်ဆောင်မှုတွင် အရေးပါတဲ့ အစိတ်အပိုင်းတွေကို ကိုင်တွယ်ထားတဲ့ တာဘိုင်တွေရဲ့ အသွားတွေကတော့ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမဖြစ်ပါဘူး။

Image: Courtesy of The General Electric Company

တာဘိုင်ရဲ့အသွား​တွေကို ပေါ့ပါးစေဖို့ ဒီဇိုင်း ထုတ်ထားပြီး ၎င်းတို့တွင် ဖိုက်ဘာမှန်နှင့် အပူချိန်ထိန်း ပလပ်စတစ် တွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုထားတာကို မြင်တွေ့ရပါတယ်။

လေအားလျှပ်စစ် တာဘိုင်တွေဟာ ပုံမှန်အားဖြင့် 20-25 နှစ် ကြာပြီးနောက် ပြန်လည် အစားထိုးရမှာပဲ ဖြစ်ပါတယ်။

လာမည့်နှစ် 20 ကာလအတွင်း တာဘိုင် တန်ချိန် 720,000 ကျော်ဟာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး အမှိုက်များကို စီမံခန့်ခွဲဖို့ လိုအပ်မှာဖြစ်ကြောင်း ခန့်မှန်းပြောဆိုမှုတွေအရ သိရပါတယ်။

အသုံးမပြုတော့မည့် တာဘိုင်တွေကို တခြား ကြီးမားတဲ့ အရာတွေကို တည်ဆောက်မည်ဆိုတဲ့ ရည်ရွယ်ချက် ကလည်း ရေ ရှည်ကိုင်တွယ် ဖြေရှင်းလို့ရမလားဆိုတာကို သေချာမသိရသေးပါဘူး။

GE ရဲ့ အရွေ့

2020 ခုနှစ် စက်တင်ဘာလတုန်းက GE ရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီဖြစ်တဲ့ LM Wind Power ဟာ လေတာဘိုင်များကို တတ်နိုင်သမျှ ပြန်လည်အသုံးပြုနိုင်စေဖို့ ထုတ်လုပ်ခြင်း၊

သိပ္ပံနှင့် ပြန်လည်အသုံးပြုခြင်းဆိုင်ရာ အချက်အလက်တွေအောက်မှာ ဆန်းသစ်တီထွင်မှုတွေကို စုစည်းပြီး Zero wastE Blade ReseArch သို့မဟုတ် ZEBRA ဟုခေါ်တဲ့ ပရောဂျက်တစ်ခုကို ပုံဖော်ခဲ့ကြပါတယ်။

ပစ္စည်းတည်ဆောက်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာ အစိတ်အပိုင်း စမ်းသပ်မှုတွေကို တစ်နှစ်ကျော်ပြုလုပ်ပြီးနောက် လုပ်ငန်းစုဟာ စပိန်နိုင်ငံရှိ LM Wind Power ရဲ့ ထုတ်လုပ်ရေးစက်ရုံမှာ ကမ္ဘာ့အကြီးဆုံး သာမိုပလတ်စတစ်လေတာဘိုင်အသွားကို ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ပါတယ်။

203 ပေ (62 မီတာ) အသွားဟာ ZEBRA ပရောဂျက်ရှိ မိတ်ဖက်ကုမ္ပဏီများဖြစ်သော Owens Corning မှ Arkema နှင့် ဖန်ထည်များမှ သာမိုပလတ်စတစ်အစေးများကို အသုံးပြုထားပါတယ်။

၎င်းတို့နှစ်ခုကို ပေါင်းစပ်ခြင်းဖြင့် ပရောဂျက်ဟာ ၎င်းရဲ့ သက်တမ်းကုန်ဆုံးချိန်မှာ ပြန်လည် အသုံးပြုခြင်းရဲ့ အကျိုးကျေး ဇူး နှင့်အတူ ပုံမှန်လေအားတာဘိုင်တွေနဲ့ တူညီတဲ့ စွမ်းဆောင်ရည်အဆင့်ကို ရရှိစေဖို့ တီထွင်ထားခြင်းဖြစ်တယ်ဟု သိရပါတယ်။

Image: Courtesy of The General Electric Company

ဒါ့အပြင် စွန့်ပစ် ပစ္စည်းများကို လျှော့ချ နိုင်သည့်အပြင် စွမ်းအင် သုံးစွဲမှုရဲ့ အကျိုးကျေးဇူး များကိုလည်း အလိုအလျောက် ရရှိ စေနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ယခု ပရောဂျက်ဟာ ပြန်လည်အသုံးပြုနိုင်တဲ့ နည်းလမ်းများကိုလည်း အတည်ပြုနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာလည်း အသွားများရဲ့ တည်ဆောက်ပုံဆိုင်ရာ တစ်သက်တာ စမ်းသပ်မှုကို အပြည့်အဝ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ပြန်လည်အသုံးပြုနိုင်တဲ့ လေတာဘိုင်များ အပြည့်အ၀ ထုတ်လုပ်မှုကို 2023 ခုနှစ်တွင် အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားတယ်ဟုလည်း သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.