ကမ္ဘာ့ အန္တရာယ်အများဆုံး ကန္တာရကြီးများ

News Travel

ကန္တာရတွေဟာ များသောအားဖြင့် အန္တရာယ်အလွန်များကြသလို အိုအေစစ်ကို တွေဖို့ရာလည်း ခက်ခဲလွန်းလှပါတယ်။ ကန္တာရတွေဟာ လူသား တွေအတွက် အသက်ရှင်နေထိုင်ဖို့ ခက်ခဲတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး ကန္တာရကြီး (၉) ခုအကြောင်း ဖော်ပြပေးချင်ပါတယ်။

၁။ဂိုဘီ သဲကန္တာရ(Gobi Desert)

ဂိုဘီ သဲကန္တာရ


Gobi ကန္တာရဟာ အာရှ၏ ဒုတိယ အကြီးဆုံး သဲကန္တာရဖြစ်ပြီး တောင်ထူထပ်တဲ့ ဒေသမှာတည်ရှိပါတယ်။ Gobi ကန္တာရဟာ တရုတ်နိုင်ငံမြောက်ပိုင်း နဲ့ အရှေ့မြောက်ပိုင်း ၊ မွန်ဂိုလီးယားနိုင်ငံတောင်ပိုင်းဒေသတွေကို လွှမ်းခြုံထားပါတယ်။

အပူချိန်အနေနဲ့ အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပြီး သဲသောင်တွေအပေါ် ဆီးနှင်းများ ဖုံးအုပ်သည်အထိဖြစ်ပေါ်ပြီး ဆောင်းရာသီမှာ ဖြစ်ပေါ်တတ်တဲ့ အအေးလှိုင်းဟာ လူတွေကိုအသက်သေစေနိုင်သည်အထိ ပြင်းထန်ပါတယ်။

၂။မိုဂျားဗီး ကန္တာရ(Mojave Desert)

မိုဂျားဗီး ကန္တာရ


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား၊နီဗါးဒါး၊ယူတားနဲ့အရီဇိုးစသည့်ပြည်နယ်တွေထဲမှာ တည်ရှိပါတယ်။အခြားကန္တာရတွေနဲ့မတူတာကတော့ သဲတွေအမြောက်အများမတွေ့ခြင်းပါပဲ။ မညီညာတဲ့ ချိုင့်ဝှမ်းများရှိပြီး အပင်အချို့ဟာလည်း ဒီကန္တာရထဲမှာပေါက်နေတတ်ပါတယ်။

ခလောက်မြွေ၊အမြီးရှည်ဖွတ်၊သားပိုက်ကောင်နဲ့တူတဲ့ကြွက်လေးတွေနေထိုင်ကြပါတယ်။ အချိန်မ‌ ရွေး သွားရောက်လည်ပတ်နိုင်တယ်လို့တော့မထင်လိုက်ပါနဲ့ နွေရာသီမှာ အပူချိန် ၅၅ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်မြင့်တက်လာနိုင်လို့ပါပဲ။

၃။နန်မစ် သဲကန္တာရ(Namib Desert)

နန်မစ် သဲကန္တာရ


နန်မစ်ကန္တာရဟာ ကမ္ဘာ‌ပေါ်တွင် သက်တမ်းအရင့်ဆုံး သဲသောင်ကန္တာရဖြစ်ပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၈ သန်းခန့်ကတည်းက တည်ရှိခဲ့တာပါ။ အာဖရိကတိုက်တောင်ပိုင်းမှာတည်ရှိပြီး နမီးဘီယား၊တောင်အာဖရိကနဲ့အင်ဂိုလာနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

နွေရာသီမှာ အလွန်ပူပြီး ညဘက်မှာတော့ နေ့ဘက်နှင့်မတူအောင်အေးပါတယ်။ ပင့်ကူ ၊ ဂဏန်း၊ ကင်းခြေများအစရှိသည့် အန္တရာယ်များတဲ့ အကောင်ပေါင်းစုံလဲရှိပါတယ်။


၄။ကာလာဟာရီး ကန္တာရ(Kalahari Desert)

ကာလာဟာရီး ကန္တာရ


Kalahari ဆိုတာကတော့ တောင်အာဖရိက ဘာသာစကားအနေဖြင့် အလွန်အမင်းရေငတ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ရာသီဥတု အလွန်ပူပြင်းပြီး အလွန်အန္တရာယ်များလှတဲ့ အာဖကိကတောခွေးတွေရဲ့ရန်လဲရှိသည့်အလွန် လူနေထိုင်ဖို့ မဖြစ်နိုင်ပါဘူး။နွေရာသီမှာအလွန်ပူပြင်းပြီး ဆောင်ရာသီမှာတော့ ရေခဲအမှတ်အောက်ရောက်နေတတ်ပါတယ်။


၅။အန္တာတိက ရေခဲ‌တောင်ကန္တာရ(The Antarctica)

အန္တာတိက ရေခဲ‌တောင်ကန္တာရ


အန္တာတိကတိုက်ဟာ ကမ္ဘာ့အအေးဆုံးတိုက်ကြီးတစ်ခုဖြစ်ပြီး မြင်မြင်သမျှဟာ ရေခဲပြင်ကြီးဖြစ်နေတာကြောင့်အန္တာတိကဟာ ကန္တာရတစ်ခုလဲဖြစ်နေပြန်ပါသေးတယ်။

ကန္တာရအမျိုးအစားတွေအဖြစ် အပူပိုင်း ကန္တာရ၊ကမ်းရိုးတန်းကန္တာရနဲ့ ဝင်ရိုးစွန်းကန္တာရထဲမှာပါဝင်နေပါတယ်။ တိုက်တစ်တိုက်လုံးကဲ့ ၉၀% ဟာ ရေခဲပြင်ကြီးဖြစ်နေပြီး အပူချိန်ကလည်း ရေခဲအမှတ်အောက်ရောက်နေသည့်အတွက် လူ တွေအမြဲနေထိုင်ခြင်းလဲမရှိကြပါဘူး။


၆။အာရေးဗီးယန်း သဲကန္တာရ(Arabian Desert)

အာရေးဗီးယန်း သဲကန္တာရ


အာရေးဗီးယန်သဲကန္တာရဟာ အာရှတိုက်ရဲ့အကြီး ဆုံးသဲကန္တာရဖြစ်ပြီး အနောက်အာရှဒေသမှာတည်ရှိပါတယ်။ ဂျော်ဒန်၊အီရတ်၊ကူဝိတ်၊အိုမန်နဲ့ဆော်ဒီအာရေးဗီးယားတို့အပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံထဲမှာပါဝင်ပါတယ်။

ရာသီဥတုအခြေအနေမမှန်ပဲ အလွန်ပူနေရာမှ ညဘက်ဆို ရုတ်တရက်အေးခဲသွားတတ်ပါတယ်။ အမြီးမှာဆူးရှိတဲ့ ပုတ်သင်ညို ၊ သဲကန္တာရကြောင်လေးတွေနဲ့ Oryx လို့ခေါ်တဲ့ တောဆိတ်လေးတွေဟာ ဒီလိုပြင်းထန်လှတဲ့ ရာသီဉတုမှာ နေထိုင်နိုင်တာကတော့ အံ့ဩစရာကောင်းလှပါတယ်။


၇။ကာရာကွမ်း သဲကန္တာရ(Karakum Desert)

ကာရာကွမ်း သဲကန္တာရ


ဒီသဲကန္တာရဟာ အာရှအလယ်ပိုင်းဒေသ တာ့ခ်မင်နစ္စတန်နိုင်ငံထဲမှာ ဧရိယာအများစုပါဝင်နေပါတယ်။ karakum ကတော့ တာကစ်ဘာသာစကားနဲ့အနက်ရောင် သဲလို့ အဓိပ္ပါယ်ရပါတယ်။
သဲကန္တာရရဲ့အလယ် Derweze ဒေသမှာတော့ ငရဲပြည်ရဲ့တံခါးပေါက်လို့တင်စားခေါ်ကြတဲ့ မီးလောင်နေတဲ့တွင်း‌ ပေါက်ကြီး (Door to Hell)
ရှိနေပါတယ်။


၈။ဆာဟာရ သဲကန္တာရ(Sahara Desert)

ဆာဟာရ သဲကန္တာရ


ဆာဟာရ သဲကန္တာရကတော့ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးဖြစ်ပြီး ကန္တာရဖြစ်ပြီး အာဖရိကမြောက်ပိုင်းဒေသမှာတည်ရှိပါတယ်။ စတုရန်းမိုင် ၃.၆ သန်းကျော်ကျယ်ဝန်းပြီး အယ်လ်ဂျီးရီးယား၊အီဂျစ်၊ချဒ်၊လစ်ဗား၊မာလီ၊မော်ရီတေးနီးယား၊မော်ရိုကို၊နိုင်ဂျာ၊ဆူဒန်နဲ့တူနီးရှားနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

ပုံမှန်အားဖြင့် အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိရှိပြီး တစ်ခါတစ်ရံ ၅၀ ဒီဂရီစင်တီဂရိတ်ကျော်ထိ ပူပြင်းတတ်ပါတယ်။ဒါပေမယ့် ညအခါမှာတော့ အအေးလွန်ကဲပြီး ရေခဲအမှတ်အောက် ကျရောက်သွားတတ်ပြန်ပါတယ်။


၉။အတတ်ကမ်မ(Atacama Desert)

အတတ်ကမ်မ


ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး သဲကန္တာရအဖြစ် သတ်မှတ်ထားတာကတော့ Atacama ကန္တာရပဲဖြစ်ပါတယ်။ ချီလီနိုင်ငံမြောက်ဘက်ပိုင်း ၊ အင်ဒီးစ်တောင်တန်းတွေရဲ့ အနောက်ဘက်မှာရှိပါတယ်။ ကမ္ဘာပေါ်မှာ အခြောက်သွေ့ဆုံး ကန္တာရဖြစ်ပြီး ဒီကန္တာရထဲက အချို့နေရာတွေမှာဆိုရင် လွန်ခဲ့တဲ့ နှစ်သန်းချီကတည်းက မိုးအနည်းငယ်မျှပင် ရွာသွန်းမှုမရှိခဲ့ဘူး သိရပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *