ကမ္ဘာပေါ်တွင် ဆိုင်ကယ် အမျိုးမျိုးရှိကြပါတယ်။ မော်တော်ဆိုင်ကယ်များကို နေ့စဉ်သွားလာဖို့ များသောအားဖြင့် ရွေးချယ်ကြပါတယ် ဘာလို့လဲဆိုတော့ ၎င်းတို့ဟာ ကားများထက် စျေးသက်သာသောကြောင့်လည်း ဖြစ်ပါတယ်။
မော်တော်ဆိုင်ကယ်တစ်စီး၏ စျေးနှုန်းဟာ ဇိမ်ခံကားစျေးထက် များစွာသာလွန်လျှင်ကော???
ကမ္ဘာ့ဈေးအကြီးဆုံး မော်တော်ဆိုင်ကယ်များကို အောက်တွင်ဖော်ပြထားပါတယ်။
၁။ Neiman Marcus Limited Edition Fighter

ဒီ Neiman Marcus Limited Edition Fighter မော်တော်ဆိုင်ကယ်ကိုတော့ ကမ္ဘာ့ဈေးအကြီးဆုံးမော်တော်ဆိုင်ကယ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။
Neiman Marcus ဟာ အံ့သြစရာကောင်းတယ်လို့ မှတ်ချက်ပြုရမှာပါ သူဟာ အပြည့်အဝမော်တော်ဆိုင်ကယ်ထုတ်လုပ်သူ မဟုတ်ဘဲ အမေရိကန်ဇိမ်ခံစတိုးဆိုင်ကြီးတစ်ခုက ဖြစ်ပါတယ်။
လေလံပွဲတစ်ခုမှာ ကနဦး တွင်ဒေါ်လာ ၁၁၀,၀၀၀ ဖြင့်စတင်ဖွင့်လှစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ဒေါ်လာ ၁၁ သန်းဖြင့်ရောင်းချခဲ့တာပါ။
Neiman Marcus Limited Edition Fighter ဟာ V-twin အင်ဂျင်တပ်ဆင်ထားပြီး တစ်နာရီကို ကီလိုမီတာ ၃၀၀ အထိမောင်းနှင်နိုင်ပါတယ်။
၂။1949 E90 AJS Porcupine

နံပါတ် ၂ ဈေးအကြီးဆုံးမော်တော်ဆိုင်ကယ်ကတော့ 1949 E90 AJS Porcupine ဖြစ်ပါတယ်။ ဒီဆိုင်ကယ်ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇ သန်းရှိပါတယ်။
E90 AJS Porcupine ဆိုင်ကယ်ကို လေးစင်းသာ ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်တွင် လက်စ် ဂရေဟမ်(Les Graham)ဟာ ထိုဆိုင်ကယ်ထဲက တစ်စီးဖြင့် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တာပါ။ ဒါကြောင့် ဘာလို့ ဈေးကြီးသလဲဆိုတာ အလွယ်တကူသိနိုင်ပါတယ်နော်။
ဆိုင်ကယ် ဖရိန်ကို အလူမီနီယမ်အလွိုင်းနှင့်ပြုလုပ်ထားပြီး 500 cc၊ DOHC အင်ဂျင်နှစ်လုံးတပ်ဆင်ထားပါတယ်။
၃။Ecosse ES1 Spirit

Ecosse Spirit ဆိုင်ကယ်ဟာ အကန့်အသတ်ဖြင့်ထုတ်လုပ်ထားတဲ့ တိုက်တေနီယမ် မော်တော်ဆိုင်ကယ်ဖြစ်ပြီး ကမ္ဘာပေါ်တွင်တတိယမြောက်စျေးကြီးဆုံးဆိုင်ကယ်လည်း ဖြစ်ပါတယ်။ စျေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၃.၆ သန်း ရှိပါတယ်။
ဒီဆိုင်ကယ်ဟာ အရှိန်အဟုန်ဖြင့် ၃၇၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး စီးတဲ့သူကို ကျေနပ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
သင်က ၀ယ်ယူရန်ဆုံးဖြတ်ပါက Ecosse ဌာနချုပ်မှာ နှစ်ပတ်ကြာသင်တန်းကို အရင်တက်ရမှာဖြစ်ပါတယ်နော်။
၄။BMS Nehmesis

BMS Nehmesis မော်တော်ဆိုင်ကယ်ကတော့ ဒေါ်လာ ၃ သန်း တန်ကြေးရှိပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက် ဈေးအကြီးဆုံးဆိုင်ကယ်ဖြစ်ပါတယ်။
ဒီမော်တော်ဆိုင်ကယ်ရဲ့ အဝါတောက်ပနေမှုဟာ ၂၄ ကာရက် ရွှေဖြင့်ပြုလုပ်ထားတာဖြစ်ပြီး အနီရောင်ကတ္တီပါထိုင်ခုံရှိတယ်။ အင်ဂျင်စွမ်းဆောင်ရည်က 1,700 cc ရှိပြီး စုဆောင်းသူ၏ပစ္စည်းနှင့် ၎င်း၏ အလှတရားအတွက် တန်ဖိုးထားမှုအဖြစ် မော်တော်ဆိုင်ကယ်ကို ဒီဇိုင်းဆွဲထားတာပါ။
၅။Harley Davidson Cosmic Starship

ပဉ္စမနေရာမှာတော့ အမေရိကန်နိုင်ငံထုတ် Harley-Davidson Cosmic Starship ဆိုင်ကယ်ပဲဖြစ်ပါတယ် ။ ဤမော်တော်ဆိုင်ကယ်ဟာ အမေရိကန်ဒေါ်လာ တစ်သန်းကျော် တန်ကြေးရှိပါတယ်။
ဒီမော်တော်ဆိုင်ကယ်ရဲ့ ဂရပ်ဖစ်လက်ရာကို နာမည်ကြီး အနုပညာရှင် ဂျက်အမ်းစထရောင်းက လက်ဖြင့်ရေးဆွဲခဲ့တာပါ။ ဒါကြောင့်လည်း မော်တော်ဆိုင်ကယ်က အရမ်းစျေးကြီးသွားတာပါ။ အချက်အလက်တွေအရ ဂျက်၏ပန်းချီကားအချို့ဟာလည်း ဒေါ်လာ ၃ သန်းကျော်ဖြင့် ရောင်းချခဲ့တာပါ။