ကမ္ဘာ့ပထမဆုံး ဘက်ထရီ-လျှပ်စစ် ကုန်တင်ရထား အကြောင်း

Innovation Tech

မီးရထား ကုန်စည် ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Wabtec ကော်ပိုရေးရှင်းဟာ Carnegie Mellon တက္ကသိုလ် နှင့် ပူးပေါင်း၍ ကမ္ဘာ့ပထမဆုံး ၁၀၀ ရာခိုင်နှုန်း ဘက်ထရီ-လျှပ်စစ် ကုန်တင်ရထား ဟုခေါ်တဲ့ နောက်ဆုံးပေါ်ဗားရှင်းကိုတရားဝင် ထုတ်ဖော်ပြသခဲ့ပါတယ်။

FLXdrive ဟု လူသိများသော အဆိုပါ ဘက်ထရီလျှပ်စစ်စက်ခေါင်းဟာ ရှေ့ပြေးပုံစံတစ်ခု မဟုတ်တော့ဘဲ Wabtec ရဲ့ ပထမဆုံးစက်ခေါင်းကို ယခုအပတ်အစောပိုင်းတွင် ရောင်းချမှုအပြီး Pittsburgh, PA တွင် တရားဝင်ပွဲဦး ထွက်ခဲ့ပါတယ်။

ရထားရဲ့ ဘက်ထရီစွမ်းအင်သုံး လျှပ်စစ်ပါဝါကို ပုံမှန် လောင်စာဆီ သုံးစွဲမှု ၁၁ ရာခိုင်နှုန်းအထိ လျှော့ချရန် ရိုးရိုးဒီဇယ်အင်ဂျင်နှင့်လည်း တွဲသုံးနိုင်ပါတယ်။ ကာဗွန်ထုတ်လွှတ်မှုကိုလည်း ၁၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

ဒီဇယ်လောင်စာဆီ ၆၂၀၀ ဂါလန်ကျော်နဲ့ ညီမျှသော ထိန်းသိမ်းနိုင်မှု​ဖြစ်ပြီး ခန့်မှန်းချေ CO2 ၆၂တန် ထုတ်လွှတ်မှု လျော့ကျစေလိမ့်မည် ဟု ဆိုပါတယ်။

ယခုနှစ်အစောပိုင်းတုန်းက FLXdrive ဟာ ကယ်လီဖိုးနီးယားမှာရှိတဲ့ Barstow နှင့် Stockton ကြား မိုင်ပေါင်း ၁၃၀၀၀ ( ၂၀၉၂၀ ကီလိုမီတာ)ရှိတဲ့ သုံးလခရီးကို အောင်မြင်စွာ စမ်းသပ်ပြေးဆွဲ ပြီးစီးခဲ့ပါတယ်။

အဆိုပါ ဘက်ထရီ-လျှပ်စစ်စက်ခေါင်းဟာ ပေါင် ၄၃၀,၀၀၀ (၁၉၅,၀၄၅ ကီလိုဂရမ်) ကို တင်ဆောင်နိုင်စွမ်း ရှိပါတယ်။

ရှေ့ပြေးကုန်တင်ရထားဟာ lithium-ion ဘက်ထရီဆဲလ် ၂၀၀၀၀ ကျော်ကနေ စွမ်းအင် ၂.၄ မဂ္ဂါဝပ် ထုတ်လုပ်ပေးပါတယ်။ဒါဟာ FLX ရှေ့ပြေးပုံစံကို တစ်နာရီ ၇၅မိုင်နှုန်း နှင့် မိုင်၃၅၀ ခရီးကိုသွားဖို့ ဖြစ်ပါတယ်။

ရှေ့ပြေးအစီအစဉ်အပြင် Wabtec ဟာ General Motor (GM) နှင့် ပူးပေါင်း၍ GM ရဲ့ Ultium ဘက်ထရီနည်းပညာကို Wabtec ၏ကုန်တင်စက်ခေါင်းထဲသို့ ထည့်သွင်းအကောင်အထည်ဖော်ရန် ကြေငြာခဲ့ပါတယ်။

မကြာသေးမီက Wabtec ဟာ ၎င်း၏ပထမဆုံး FLXdrive လျှပ်စစ်ရထားကို Roy Hill သို့ရောင်းချခဲ့ပါသေးတယ်။

၂၀၂၃ မှာ FLXdrive ဘက်ထရီ-လျှပ်စစ်စက်ခေါင်းရဲ့ နောက်ဆုံးပေါ်ဗားရှင်းကို ရရှိလိမ့်မည်လည်း ဆိုထားပါတယ်။

Wabtec က အဆိုပါ FLXdrive ဘက်ထရီ-လျှပ်စစ်စက်ခေါင်းဟာ စွမ်းအင် ၇ မဂ္ဂါဝပ် အထိထုတ်လုပ်ပေးနိုင်မည် ဖြစ်ပြီး တစ်မိုင်ထိရှည်သော ရထားတစ်စင်းဟာ တန်ချိန်ထောင်ချီသော ကုန်စည်များသယ်ဆောင်နေစဥ်မှာဘဲ လောင်စာဆီသုံးစွဲမှု နှင့် ကာဗွန်ထုတ်လွှတ်မှု ၃၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်တယ် ဟု ဆိုပါတယ်။

Wabtec ရဲ့ပန်းတိုင်ဟာ ကာဗွန် လုံးဝ ထုတ်လွှတ်မှု မရှိတဲ့ စက်ခေါင်းမျိုးဆက်သစ်များကို ဖွံ့ဖြိုးတိုးတက် တီထွင်ရန် ဖြစ်ပါတယ်။ ကုမ္ပဏီဟာ စက်ခေါင်းအသစ်များကို ထုတ်လုပ်ဖို့ လမ်းကြောင်းရှိနေပါတယ်။

ထုတ်လုပ်​ပြီးသား စက်ခေါင်းများကိုလည်း ဘက်ထရီ၊ ဟိုက်ဒရိုဂျင်အတွင်း လောင်ကျွမ်းစေသော အင်ဂျင်များ နှင့်ဟိုက်ဒရိုဂျင် လောင်စာဆဲလ်များဖြင့် ပြန်လည်အားဖြည့်ဖို့ ရည်ရွယ်ထားပါတယ်။

ဒါဟာ သန့်ရှင်းသော စွမ်းအင်စီးပွားရေး ကိုတည်ဆောက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါ၀င်မည့် ရထားလမ်းစက်မှုလုပ်ငန်းအတွက် Wabtecရဲ့ မျှော်မှန်းချက် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု တန်ချိန် သန်း ၃၀၀ အထိ လျှော့ချနိုင်လိမ့်မည် ဟု မျှော်မှန်းထားပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *