Tesla ရဲ့ Powerwall 2 ထက် စွမ်းအင် 3 ဆ ပိုသိုလှောင်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး အိမ်သုံး ဟိုက်ဒရိုဂျင် ဘတ္တရီ အကြောင်း

Innovation Tech

အိမ်သုံး ဆိုလာဖြင့် လျှပ်စစ်ဓာတ်အားလိုင်းတွေဟာ နေထွက်ချိန်မှာ စွမ်းအင်ထုတ်ပေးနိုင်ပြီး နေ မရှိတော့တဲ့အချိန်မှာ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။

ပုံမှန်အားဖြင့် လူတွေက လီသီယမ် ဘတ္ထရီစနစ်တွေနဲ့ အလုပ်ကြပါတယ်။

Tesla ရဲ့ Powerwall 2 က ဥပမာတစ်ခုဖြစ်ပါတယ်။

သြစတြေးလျ ကုမ္ပဏီ တခုဖြစ်တဲ့ Lavo ဟာ ပိုလျှံနေတဲ့ စွမ်းအင်ကို ဟိုက်ဒရိုဂျင်ကဲ့သို့ သိုလှောင်နိုင်တဲ့ box တစ်ခုကို တည်ဆောက်လိုက်ပြီပဲ ဖြစ်ပါတယ်။

Lavo Green Energy Storage System ဟာ 1,680 x 1,240 x 400 mm (66 x 49 x 15.7 လက်မ) ရှိပြီး အလေးချိန်အားဖြင့် ၃၂၄ ကီလိုဂရမ် (၇၁၄ ပေါင်) ရှိပါတယ်။

Image: Courtesy of Lavo

၎င်းကို ဆိုလာ အင်ဗာတာ နှင့် mains water (သန့်စင်သည့် ယူနစ်မှတဆင့်) နှင့် ချိတ်ဆက်ပြီး ရေကို electrolyze လုပ်ဖို့ ပိုလျှံနေတဲ့ စွမ်းအင်ကို အသုံးပြုပြီး အောက်ဆီဂျင်ကို ထုတ်လွှတ်ကာ ဟိုက်ဒရိုဂျင်ကို သတ္တုဟိုက်ဒရိုက် “ရေမြုပ်” တွင် သိုလှောင်ကာ ဖိအား 30 bar သို့မဟုတ် 435 psi ဖြင့် ပြန်အထိုင်ချခြင်းဖြစ်ပါတယ်။

၎င်းဟာ Tesla ရဲ့လက်ရှိ Powerwall 2 ထက် သုံးဆခန့် ကီလိုဝပ်နာရီ တန်ဖိုးရှိသော စွမ်းအင်အချို့ကို သိုလှောင်ထားပြီး ပျမ်းမျှအိမ်တစ်လုံးကို နှစ်ရက်ကြာလည်ပတ်ဖို့ အပြည့်အဝ လုံလောက်ပါတယ်။

စွမ်းအင်လိုအပ်တဲ့အခါမှာ ၎င်းဟာ အိမ်ထဲသို့ စွမ်းအင်ပို့ဆောင်ဖို့ လောင်စာဆဲလ်ကိုအသုံးပြုကာ ချက်ခြင်းတုံ့ပြန်မှုအတွက် 5-kWh လီသီယမ်ကြားခံဘက်ထရီငယ်ကိုလည်း ပေါင်းထည့်ထားပါတယ်။

Wi-Fi ချိတ်ဆက်မှု နှင့် စောင့်ကြည့်ထိန်းချုပ်ဖို့အတွက် ဖုန်းအက်ပ်တစ်ခု ရှိပြီး ပါဝါလိုအပ်မှု မြင့်မားသော စီးပွားရေးလုပ်ငန်းများအနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဓာတ်အားပေးစက်ရုံကို ဖွဲ့စည်းပြီး အပြိုင်အများအပြား လည်ပတ်နိုင်ပါတယ်။

AU$34,750 (US$26,900) ဖြင့် သြစတြေးလျရှိ Powerwall သုံးခု အတွက် ပေးချေရမည့် ပမာဏထက် ပိုများသော်လည်း

Image: Courtesy of Lavo

၎င်းရဲ့စျေးနှုန်းကို 2022 ခုနှစ် နောက်ဆုံး သုံးလပတ်လောက်မှာ AU$29,450 (US$22,800) အထိ ကျဆင်းသွားစေဖို့ စီစဉ်ထားပြီး Lavo က နိုင်ငံတကာမှာ ရရှိနိုင်မယ်လို့လည်း ပြောထားပါတယ်။

ဘက်ထရီထက် ဘယ်လိုပိုကောင်းလဲ။ Lavo က လစ်သီယမ်ဘက်ထရီ တပ်ဆင်မှုမှာ 15 နှစ်အထိ ကြာရည်ခံမယ်ဆိုရင် ၎င်းတို့ဟာ အနှစ် 30 အထိ ဘက်ထရီစနစ်​တွေထက် ပိုကြာတယ်ဟု ဆိုပါတယ်။

နောက်ပြီး စွန့်ပစ်ဖို့ အဆိပ်သင့် ဓာတုပစ္စည်းများလည်း မရှိတော့ဘဲ၊ ၎င်း Lavo စနစ်တစ်ခုဟာ ဘက်ထရီသိုလှောင်မှုပမာဏထက် ပိုမိုကျစ်လျစ်တယ်ဟု ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

ဆိုးကျိုးအနေနဲ့ကတော့ ဘေးကင်းရေး ကဏ္ဍက သေချာပေါက် ဆွေးနွေးဖို့ လိုအပ်ပြီး Lavo မှ ယိုစိမ့်မှု မြင့်တက်လာပြီး မီးလောင်ပေါက်ကွဲဖို့ အခွင့်အလမ်း အနည်းငယ်သာရှိတယ်ဟု ဆိုပါတယ်။

ဟိုက်ဒရိုဂျင်ဟာ ဓာတ်ဆီ သို့မဟုတ် သဘာဝဓာတ်ငွေ့ကဲ့သို့ အခြားသော သမားရိုးကျ လောင်စာများထက် အန္တရာယ်မရှိ ဟုဆိုသော်လည်း အမှန်တကယ် ဆန်းစစ်ဖို့ကတော့ လိုအပ်မှာ သေချာပါတယ်။

ဘက်ထရီတွေကတော့ ဆုံးရှုံးမှုအနည်းဆုံးဖြင့် သိုလှောင်ပြီး စွမ်းအင်ထုတ်လွှတ်တဲ့အခါမှာလည်း ၎င်းရဲ့ 90 ရာခိုင်နှုန်းကျော်ကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

သို့သော် ပရိုတွန်လဲလှယ်အမြှေးပါးကို အသုံးပြုပြီး ဟိုက်ဒရိုဂျင်ဓာတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်ကတော့ 80 ရာခိုင်နှုန်းခန့်သာ ထိရောက်တဲ့အတွက်ကြောင့် စွမ်းအင်ရဲ့ 20 ရာခိုင်နှုန်း ချက်ချင်း ဆုံးရှုံး သွားနိုင်ပါတယ်။

Image: Courtesy of Lavo

အခြားတစ်ဖက်မှာလည်း လောင်စာဆဲလ်မှတစ်ဆင့် ဟိုက်ဒရိုဂျင်ကို စွမ်းအင်အဖြစ်သို့ ပြန်ပြောင်းပေးတဲ့ လုပ်ငန်းစဉ်မှာလည်း သိမ်းဆည်းထားတဲ့ စွမ်းအင်ရဲ့ ထက်ဝက်ခန့် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အားဖြည့်ရန် စွမ်းအင်ပိုယူရုံသာမက၊ 40-kWh ဟိုက်ဒရိုဂျင် စွမ်းအင်သိုလှောင်မှုစနစ်ကနေ စွမ်းအင်ပြန်လည်ရရှိဖို့ အမှန်တကယ်ကြိုးစားတဲ့အခါတွင် 20-kWh စနစ်နှင့် တူညီနေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စနစ်ရဲ့ အမြင့်ဆုံး ဆက်တိုက် ပါဝါ အထွက်ဟာ 5 kW ဖြစ်ပြီး လောင်စာဆဲလ်ရဲ့ ဖြတ်သန်းမှုအား ကန့်သတ်ထားတယ်ဟု ယူဆရပါတယ်။

အပြင်မှာလည်း 7 kW ထက် ပိုဆွဲနိုင်တဲ့ အဲကွန်းစနစ်တွေ ရှိတဲ့အတွက်ကြောင့် 5 kW ဆက်တိုက် ပါဝါအထွက်မှာ ပြဿနာဖြစ်မှာ သေချာပါတယ်။

မည်သို့ပင် ဆိုစေကာမူ ယခုအခါ အစောပိုင်း ကာလသာ ဖြစ်သည့်အပြင် ဟိုက်ဒရိုဂျင်ဟာ စွမ်းအင်ကဏ္ဍမှာ ကျယ်ပြန့်လာတာကို တွေ့မြင်လာရဖွယ် ရှိပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.