ရေရှားပါးမှုဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်ပြီး ကမ္ဘာလူဦးရေ ရဲ့ သုံးပုံနှစ်ပုံခန့်ဟာ နှစ်စဥ် အနည်းဆုံး တလ လောက် သန့်ရှင်းတဲ့ရေကို မရရှိဘဲ ဖြစ်နေကြပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ၂၀၂၅ ရောက်တဲ့အခါ ကမ္ဘာ့လူ ဦးရေရဲ့ ထက်ဝက်ခန့်ဟာ ရေရှားပါးတဲ့ဒေသတွေမှာ နေထိုင်ရလိမ့်မယ် ဟု ခန့် မှန်း နေကြပါတယ်။
ရေသန့်စင်တာတွေနဲ့ ပတ်သတ်တဲ့ စိတ်ကူးတွေဟာ ယခုဆိုရင် နှစ်ပေါင်း၅၀လောက်ထိရှိနေပြီဖြစ်ပြီး ရေရှည်မှာ အလားအလာကောင်းတဲ့ ဖြေရှင်းချက်လို့ ထင်မြင်ရပါတယ်။
သို့ပေမဲ့ reverse osmosis (RO)နည်းပညာ ရဲ့ အသုံးများတဲ့ ရေသန့်စင်နည်းလမ်းတွေဟာ စျေးအလွန်ကြီးပြီး စွမ်းအင်သုံးစွဲမှုအတွက် ကုန် ကျ တာလည်း အလွန်များပါတယ်။
ထို့ကြောင့် EU မှ ထောက်ပံံ့ပေးတဲ့ H2020 W2O စီမံကိန်း မှ သုတေသီတွေဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားလိုင်းများအတွက် အလားအလာရှိတဲ့ ဖြေရှင်းချက်တစ်ခု ဖြစ်နိုင်တယ် ဟုဆိုပါတယ်။
လှိုင်းစွမ်းအင်သုံးနည်းပညာဖြင့် ရေသန့်စင်ခြင်းကို တက်နိုင်သလောက် ပြုလုပ်နိုင်ခဲ့တဲ့အကြောင်း
ပင်လယ်ရေကို သန့်စင်ပြီး ပိုးသတ်ဖို့အတွက် electro-active ဘက်တီးရီးယားများဖြင့် တီထွင်ဆန်းသစ်ထားတဲ့ MDC နည်းပညာဟာ အ ချိန် အနည်းငယ်အကြာရှိနေပြီ ဖြစ်သော်လည်း သုတေသီတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ၊ သီးခြားကျွန်းတွေ နှင့် ကမ်းရိုးတန်းတွေကို ကူညီဖို့ အခြားရိုးရှင်းတဲ့ နည်းလမ်းများကို ရှာဖွေခဲ့ကြပါတယ်။
သမုဒ္ဒရာလှိုင်းတွေ ၊ အဆုံးမဲ့ပြီးအားကောင်းတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များကို အသုံးပြုဖို့ သုတေသီတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

စီမံကိန်း အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ Olivier Ceberio က ” ပင်လယ်လှိုင်းများရဲ့စွမ်းအားကို အသုံးချပြီး ရေချိုထုတ်လုပ်တဲ့ နည်းပညာဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေ ၂.၁ ဘီလီယံအတွက် ရေချိုရရှိအောင် ရုန်းကန်နေရမှုတွေ နဲ့ ဘေးကင်းတဲ့ သောက်သုံးရေ ရရှိဖို့အတွက် အဖြေတစ်ခု ဖြစ်တယ်” ဟု သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တခြားစနစ်များကို တော်လှန်မည့် Wave20 နည်းပညာဟာ လျင်မြန်စွာတပ်ဆင်နိုင်ပြီး ဓာတ်အားလုံးဝမထုတ်ဘဲ စျေးသက်သက်သာသာနဲ့ ရေချိုအမြောက်အမြားထုတ်နိုင်ပါတယ်။
အဆိုပါ စနစ်သစ်ဟာ လျှပ်စစ်မလိုအပ်တဲ့ ကမ္ဘာပထမဆုံး လှိုင်းစွမ်းအင်သုံး ရေသန့်စင်စနစ် ဖြစ်ပါတယ်။
Wave20 ဟာ လှိုင်းတွေအပြန်အလှန် ရွှေလျားနေတဲ့ ပင်လယ်ကြမ်းပြင်ပေါ်မှာ Wave Energy Converter (WEC) အကူအညီဖြင့် အကန့် အသတ်မရှိသော စွမ်းအင်အရင်းအမြစ် မှအခမဲ့ စွမ်းအင်ကို ထုတ်လုပ်သုံးစွဲမည် ဖြစ်ပါတယ်။
ဥရောပကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်အရ အဆိုပါ စနစ်သစ်ရဲ့နေ့စဥ်ရေထုတ်လုပ်မှုဟာ လူဦးရေ ၄၀၀၀၀ ဝန်းကျင်ရဲ့ နေ့စဥ် ရေချို လိုအပ်မှုကို ဖြေရှင်းပေးနိုင်မည်ဟု ဆိုပါတယ်။
ဒါဟာ ကမ္ဘာ့ဝေးလံခေါင်ဖျားဒေသများတွင် ရေရှားပါးမှုကို ကိုင်တွယ် ဖြေရှင်းနေသူများအတွက် သတင်းကောင်းဘဲ ဖြစ်ပါတယ်။
လောလောဆယ်တော့ အဖွဲ့ဟာ Wave 20 ရဲ့ အသေးစားပုံစံကို အမေရိကန်ပြည်ထောင်စုရှိ ၎င်းတို့၏ စမ်းသပ်အဆောက်အဦးများတွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
Canary ကျွန်းများတွင် ဒုတိယအကြိမ်စမ်းသပ်မှု နှင့် နောက်တစ်ကြိမ်ကိုတော့ Cape Verde မှာစမ်းသပ်များ ဆက်လက်ပြုလုပ်မည် ဖြစ်ပြီး ရေချိုရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းနေကြရတဲ့ အဆိုပါဒေသ နှစ်ခုလုံးအတွက် သမုဒ္ဒရာအကောင်အထည်ဖော်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ကမ္ဘာမြေဟာ ၎င်းရဲ့ ၇၀ ရာခိုင်နှုန်း ရေအချိုးကြောင့် Blue Planet ဟု လူသိများပါတယ်။
သို့ပေမယ့် လူသားများအတွက် အလွန်အရေးပါသော ရေချိုဟာ ၃ ရာခိုင်နှုန်းသာရှိပြီး ၎င်းတို့အနက်မှ သုံးပုံနှစ်ပုံဟာ ရေခဲမြစ်တွေမှာ အေးခဲပြီး သိုလှောင်နေတာကြောင့် အသုံးပြုလို့ မရပါဘူး။
ဒါ့အပြင် မြစ်တွေ၊ ရေကန်တွေ နဲ့ ရေထွက်တွေက ရေတွေဟာလည်း ညစ်ညမ်းမှုတွေ နဲ့ ခန်းခြောက်မှုတွေကို ဖြစ်စေတက်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုဟာ ဆိုးရွားတဲ့ မိုးခေါင်မှုတွေကို ဖြစ်ပေါ်စေတာကြောင့် ကမ္ဘာနိုင်ငံအများအပြားဟာ ၎င်းတို့ရဲ့ ရေချိုအတွက် ပင်လယ်ဘက်ကလွဲ၍ ရွေးချယ်စရာမရှိတော့ပါဘူး။
ဒါကြောင့် အဆိုပါ နည်းပညာအသစ်ဟာ ဒီရေကို ပြောင်းလဲနိုင်ပြီး အနာဂတ်အတွက် မျှော်လင့်ချက် အလင်းရောင်တစ်ခု ဖြစ်လာလိမ့်မလား ဆိုတာကို စောင့်ကြည့်ရတော့မှာဘဲ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။