ကမ္ဘာ့ အကြီးဆုံး လေယာဉ်သင်္ချိုင်းကြီး ကန္တာရမှာ ထားရှိရတဲ့ အကြောင်း

Knowledge Travel

လေကြောင်းလိုင်းများဟာ ၎င်းတို့၏ ကျော်ကြားတဲ့ Concorde သို့မဟုတ် Tupolev Tu-144 ကဲ့သို့ လေယာဉ်များကို အနားပေးပါက လေ ကြောင်း ပြတိုက်များတွင် ပြသလေ့ ရှိပါတယ်။

ဒါပေမယ့် လေယာဉ်အများစုကတော့ သက်တမ်းကုန်ဆုံး သွားပါက လေယာဉ်အများစု ထားရှိရာ လေယာဉ် သင်္ချိုင်းသို့ ပို့ဆောင်ခံရလေ့ ရှိပါတယ်။

ဥပမာအားဖြင့် ထောင်ပေါင်းများစွာသော လေယာဉ်များကို အမေရိကန် တောင်ဘက်ရှိ ကန္တာရရှိ လေယာဉ် သင်္ချိုင်းတွင် ထားရှိပါတယ်။

သင်ဟာ အရီဇိုးနားပြည်နယ် Tucson မြို့အနီး South Kolb လမ်းတလျှောက် ကားမောင်းနေပါက မြင်နေကျ အိမ်များကို မြင်ရပြီးနောက်မှဦ လမ်းတလျှောက် ကုန်တင်လေယာဉ်များမှ စပြီး အကြီးစားဗုံးကြဲ လေယာဉ်တွေ အထိ အတန်းလိုက် မြင်ရမှာ ဖြစ်ပါတယ်။

Image: Courtesy of Defense Visual Information Distribution Service/Picrly

အဲဒါကတော့ Davis-Monthan လေတပ် အခြေစိုက်စခန်းတွင် တည်ရှိသည့် ကမ္ဘာ့အကြီးဆုံး လေယာဉ် သင်္ချိုင်းကြီးလို့ သိကြတဲ့ အမှတ် ၃၀၉ လေယာဉ် သိုလှောင်ရုံ နှင့် ထိန်းသိမ်းရေး စခန်းပဲ ဖြစ်ပါတယ်။

ဧက ၂,၆၀၀ လောက်ရှိတဲ့ အဲဒီ့ နေရာမှာ အမေရိကန် လေတပ်၊ ကြည်းတပ်၊ ကမ်းရိုးတန်းစောင့်တပ်၊ ရေတပ်၊ မရင်းတပ် နှင့် အမျိုးသား အာကာသ စီမံခန့်ခွဲမှုမှ လေယာဉ်ပေါင်း ၄ ထောင် လောက်နှင့် အာကာသယာဉ် ၁၃ စင်း ခန့်ကို ထိန်းသိမ်း ထားတာ ဖြစ်ပါတယ်။

လေယာဉ်အမျိုးမျိုး ရှိပေမယ့် ထိန်းသိမ်းထားတဲ့ လေယာဉ် အများစုကတော့ စစ်တပ် လေကြောင်းပိုင် လေယာဉ်များ ဖြစ်ကြပါတယ်။

အဲဒီ့ထဲက အချို့လေယာဉ်များဟာ အသစ်စက်စက်လို့ ထင်ရတဲ့ အချိန်မှာ အချို့ကိုတော့ သဲနှင့် ဖုန်မှုန့်များကို ကာကွယ်ရန် အတွက် အကာအကွယ်များ ဖုံးအုပ်ထားပါတယ်။

Image: Courtesy of Wiki Commons

ဂျက်လေယာဉ်များအားလုံးဟာ စင်းလုံးချောအနေအထားဖြင့် အနားပေးခံရတာတော့ မဟုတ်ပါဘူး။

လေယာဉ်ရုံ အနီးမှာ အချို့လေယာဉ်များ၏ အစိတ်အပိုင်းများကို ဖြုတ်ပြီး ပျံသန်းနေဆဲ လေယာဉ်များအတွက် အပိုပစ္စည်းအဖြစ် အသုံးခံရပါတယ်။

အရီဇိုးနားပြည်နယ်မှာ ဘာလို့ ထားရှိတာလဲ

Davis-Monthan လေတပ်အခြေစိုက် စခန်းရှိ ဒီလေယာဉ်များ ထားရှိရာ နေရာဟာ ကမ္ဘာပေါ်မှာ တခုထဲ ရှိတဲ့ လေယာဉ် သင်္ချိုင်းတခုတော့ မဟုတ်ပါဘူး။

ဒါဆိုဘာလို့ ဒီလို လေယာဉ်တွေ အများအပြားကို Tucson မြို့မှာ ဘာလို့ ထားသလဲဆိုတာကို သင်တွေးကောင်း တွေးမိပါလိမ့်မယ်။

Image: Courtesy of Defense Visual Information Distribution Service/Picrly

အဲဒီလို လေယာဉ်တွေကို ထားဖို့ အကြောင်းပြချက်တွေ အများကြီးထဲက ပထမဆုံးကတော့ အရီဇိုးနားပြည်နယ်ရှိ ရာသီဥတု အခြေအနေပါပဲ။

အရီဇိုးနားပြည်နယ်ဟာ ခြောက်သွေ့ ပူနွေးပြီး စိုထိုင်းဆ နည်းတဲ့အတွက် လေယာဉ်များဟာ သံချေးတက်ခြင်းနှင့် ဆွေးမြည့်ခြင်းဒဏ် ကို ကြာကြာခံနိုင်စေပြီး အလုပ်လုပ်နိုင်စွမ်းတောင် ရှိစေနိုင်မှာပါ။

ဒါ့အပြင် ကန္တာရဟာ လေယာဉ်များအတွက် ကုန်ကျစရိတ် သက်သာစွာနဲ့ ထားစရာ နေရာအကျယ်ကြီးကို ပေးစွမ်းနိုင်တဲ့အတွက် လေယာဉ် များ ထားသိုရန်အတွက် ပူပန်စရာ မလိုတော့ပါဘူး။

အယ်ကာလိုင်းဓာတ်ပါတဲ့ ကန္တာရ၏ ဘူမိဗေဒအရ လေယာဉ်များကိုလည်း မြေကြီးထဲဖို့ မနစ်မြုပ်နိုင်ဖို့ ကာကွယ်ရန် လုံလောက်ပါတယ်။

ဒီလို အကြောင်းအရာများကြောင့် ဒီလေယာဉ် အမြောက်အမြားကို ကန္တာရအတွင်း လာရောက် ထိန်းသိမ်း ထားခြင်းပဲ ဖြစ်ပါတယ်။

သဲကန္တာရဟာ လေယာဉ်များအတွက် အနားယူစရာ အိမ်တခုနှင့် တူသော်လည်း လေယာဉ် အချို့ရဲ့ ပျံသန်းနိုင်တဲ့ ရက်တွေ ရှိနေပါသေးတယ်။

Image: Courtesy of Defense Visual Information Distribution Service/Picrly

တကယ်လို့ လေယာဉ်တစင်းဟာ ထပ်မံပျံသန်းရန် ရှိပါက လေယာဉ်ဝင်ပေါက်များကို ပိတ်ထားခြင်း၊ ဖုံမှုန့်၊ အမှိုက် နှင့် တောရိုင်းတိရစ္ဆာန်များ မဝင်နိုင်ရန် တားဆီးခြင်းများကို အဆိုပါနေရာရှိ နည်းပညာရှင်များမှ ပြုလုပ်ပေးပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *