သေခြင်းတရားကို (၇)ကြိမ်တိုင်တိုင် လှည့်စားခဲ့တဲ့ ကမ္ဘာ့ကံအကောင်းဆုံးသူ

History Knowledge

အသက်ရှင်ရန် ကမ္ဘာ့ ကံအကောင်းဆုံးလူသားအဖြစ် လူသိများတာကတော့ ခရိုအေးရှားနိုင်ငံက (လက်ရှိ အသက် ၉၂ နှစ်)အရွယ် ဖရန့် စယ်လာ့ခ် (Frane Selak) ဆိုသူ အမျိုးသားပဲ ဖြစ်ပါတယ်။ သေခြင်းတရားကိုတစ်ကြိမ်၊ နှစ်ကြိမ် မဟုတ်ပဲ အံ့ဩဖွယ်‌ကောင်းလောက်အောင် (၇) ကြိမ်တိုင်‌တိုင် လှည့်စားခဲ့တာပါ။

၁၉၆၂ ခုနှစ်၊ ဇန်န၀ါရီလမှာပဲ ဖရန့် စယ်လာ့ခ်ရဲ့ ပထမဦးဆုံး သေလုနီးပါးဖြစ်ရပ်များဟာ စတင်ကြုံတွေ့ခဲ့ပါတယ်။ ဆာရာ‌ဂျီဗိုမြို့ မှ ဒူဘရိုနစ်ခ်မြို့သို့ ရထားစီးသွားစဉ် သူစီးလာတဲ့ ရထားဟာ မတော်တဆမှုကြောင့် မြစ်ထဲသို့ကျသွားခဲ့ပြီး ခရီးသည် ၁၇ ယောက်သေဆုံးခဲ့ပါတယ်။

သူကတော့ ကမ်းခြေသို့ ရေကူးနိုင်ခဲ့ပြီး လက်ကျိုးရုံ၊ ပွန်းပဲ့ ထိခိုက်ရုံသာ ဖြစ်ပြီး အသက်မသေခဲ့ပါဘူး။

နောက်တစ်နှစ်အကြာမှာတော့ စယ်လာ့ခ်ဟာ ဇာဂရက်မှ ရီဂျက်ကာသို့လေယာဉ်ဖြင့် သွားရောက်ခဲ့ပါတယ်။ သူစီးလာတဲ့ လေယာဉ်ပျက်ကျပြီးလူပေါင်း ၁၉ ဦးသေဆုံးခဲ့သော်လည်း သူကတော့ ပွင့်ထွက်လာ‌တဲ့ တံခါးနဲ့တိုက်မိပြီး လေယာဉ်ပေါ်မှ လွင့်စဉ်ကျသွားခဲ့ပါတယ်။

စယ်လာ့ခ်ကတော့ ကံကောင်းထောက်မစွာနဲ့ ကောက်ရိုးပုံပေါ် ပြုတ်ကျခဲ့လို့ ဒါဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး အသက်ဘေးမှ ဒုတိယအကြိမ် လွတ်မြောက်ခဲ့ပါတယ်။ ဤသည်မှာ သူ၏ပထမဆုံး လေယာဉ်စီးမှုလည်းပါတယ်။

၁၉၆၆ ခုနှစ်မှာ သူစီးလာသော ဘတ်စ်ကားဟာ မြစ်ထဲသို့ကျသွားခဲ့ပြီး လူ ၄ ယောက် သေဆုံးခဲ့ပေမယ့် သူကတော့ တတိယအကြိမ်မြောက် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ် ။

၁၉၇၀ ခုနှစ်တွင် စယ်လာ့ခ်မောင်းလာတဲ့ကား အဝေးပြေးလမ်းပေါ်တွင် အက်စီးဒင့် ဖြစ်ပြီး ရုတ်တစ်ရက် ကားမီးလောင်ခဲ့ပေမယ့် ကားဆီတိုင်ကီမပေါက်ကွဲခင် ကားထဲမှ ထွက်နိုင်ခဲ့လို့ စတုတ္ထအကြိမ် သေလုနီးနီးအခြေအနေကနေ လွတ်မြောက်ခဲ့ပါတယ်။

၁၉၇၃ ခုနှစ်တွင် နောက်ထပ် အမှတ်မထင် ကားမီလောင်မှု ဖြစ်ပွားခဲ့‌ပေမယ့် ဆံပင် အများစုသာ မီးလောင်ခံခဲ့ရပြီး ပဉ္စမအကြိမ် သေဘေးကလွတ်‌မြောက်ခဲ့ပါတယ်။

ထို့နောက် ဆယ်စုနှစ် နှစ်ခုကြာပြီး ၁၉၉၅ ခုနှစ်တွင် သူဟာ ဇာဂရက်မြို့ မှာ ဘတ်စ်ကားတစ်စင်းဖြင့် အတိုက်ခံခဲ့ရသော်လည်း ဒါဏ်ရာအနည်းငယ်မျှသာရရှိခဲ့ပါတယ်။ ၆ ကြိမ်မြောက်အသက်ဘေးက လွတ်မြောက်ခဲ့ပြန်ပါတယ်။

နောက်နှစ်မှာတော့ သူဟာ တောင်ပေါ်လမ်းတစ်ခုမှာ ကားမောင်းနေစဉ် မျက်နှာချင်းဆိုင်မှလာနေသည့် ကုန်တင်ကားအားရှောင်ရင်း လမ်းဘေးတွင်ကာထားသည့် အတားအဆီးကိုတိုက်ကာ

ကားက ပေ ၃၀၀ လောက် နက်တဲ့ တောင်အောက်သို့ ကျပြီး မီးလောင်သွားခဲ့ပါတယ်။သူကတော့ သစ်ပင်တစ်ပင်ပေါ်မှာ တင်ကျန်နေခဲ့ကာ ၇ ကြိမ်မြောက် ‌အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

သေမင်းကို ၇ ကြိမ်တိုင်တိုင် လှည့်စားခဲ့ပြီးတဲ့နောက် ၂၀၀၃ ခုနှစ် (သူ၏ ၇၃ နှစ်မြောက်မွေးနေ့အပြီး ၂ ရက်အကြာ)တွင် ဒေါ်လာတစ်သန်းထီ ပေါက်ခဲ့ပါသေးတယ်။
စယ်လာ့ခ်ဟာ ထီပေါက်တဲ့ ပိုက်ဆံဖြင့် အိမ် ၂ လုံးနှင့်လှေတစ်စီးဝယ်ခဲ့ပြီး ဘဝကို ရိုးရိုးရှင်းရှင်းနေထိုင်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ‌‌တော့ ဒီကံအကောင်းဆုံး လူသားဟာ သူ၏ စည်းစိမ်ဥစ္စာများကို ဆွေမျိုးများနှင့်မိတ်ဆွေများထံ ပေးကမ်း စွန့်လွှတ်ရန်ဆုံးဖြတ်ခဲ့ပြီး ဘဝကို ချွေ‌ချွေတာတာနဲ့ နေထိုင်ခဲ့ပါတယ်။ တကယ့်ကို ပုံပြင်တစ်ပုဒ်လိုပါပဲနော်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.