ကမ္ဘာပေါ်တွင် အလှပဆုံးဖြစ်သော်လည်း အန္တရာယ်အရှိဆုံး သတ္တဝါများ

Knowledge Nature

ကမ္ဘာ့ အဆိပ် အပြင်းဆုံးနှင့် အန္တရာယ် အရှိဆုံး တိရိစ္ဆာန် အချို့သည်လည်း အလှဆုံး တိရိစ္ဆာန်တွေ ဖြစ်တတ်ကြပါတယ်။

(၁) ရွှေရောင်အဆိပ်ဖား (Golden Poison Dart Frog)

This image has an empty alt attribute; its file name is IMG_10082021_235504_1280_x_720_pixel-1024x576.jpg

ရွှေရောင်အဆိပ်ဖားတွေဟာ သေးငယ်ပြီး ‌အရောင်အသွေးတောက်ပနေတာကြောင့် ထိချင်ကိုင်စိတ် ဖြစ်ပေါ်လာအောင် ဆွဲဆောင်လို့နေပါတယ်။

သွား‌ တော့ မထိလိုက်ပါနဲ့။ တကယ့်တော့ ရွှေရောင်ဖားတွေဟာ “ငါ့ကိုထိရင် မီးပွင့်သွားမယ်”ဆိုတဲ့ သတ္တဝါမျိုးပါ။

ရွှေရောင်ဖားတွေကို ကိုလံဘီယာက ပစိဖိတ်ကမ်းရိုးတန်း တောအုပ်များတွင် အများအားဖြင့် တွေ့ရပြီး အဆိပ်များဟာလည်း သူတို့ရဲ့ အရေပြားဂလင်းများတွင်ရှိပါတယ်။

သားကောင်များအတွက် အသုံးပြုဖို့ မဟုတ်ဘဲ အခြား ရန်ပြုမည့် သားရဲများရန်မှ ကာကွယ်ရန်သာ ၎င်းတို့အဆိပ်ကို သုံးပြုပါတယ်။

သင်ဟာ ကံဆိုးစွာနဲ့ ရွှေရောင်ဖား တစ်ကောင်ကောင်နဲ့ ထိမိလျှင် သင်ဟာ အယ်လကာလွိုက်(alkaloid) အဆိပ်မိမှာ ဖြစ်ပြီး နောက်ဆုံးတွင် သင်ရဲ့ နှလုံးကို ရပ်တန့်စေလိမ့်မည် ဖြစ်ပါတယ်။

ပိုကြောက်စရာကောင်းတာက ဒီဖားသေးသေးလေး တစ်ကောင်က လူအ‌ယောက် နှစ်ဆယ်အထိ မပြန်လမ်းကို ရောက်စေနိုင်တဲ့ အဆိပ် အ တောက်တွေ လုံလုံလောက်လောက် ရှိတယ်ဆိုတာပါပဲ။

(၂) အပြာရောင် အကွက်များပါရှိတဲ့ရေဘဝဲ ( Blue Ring Octopus)

This image has an empty alt attribute; its file name is IMG_10082021_235542_1280_x_720_pixel-1024x576.jpg

အပြာရောင် အကွက်များရှိတဲ့ရေဘဝဲ အမျိုးအစား အနည်းဆုံး လေးမျိုး‌ လောက်ရှိပြီး သူတို့အားလုံးဟာ အဆိပ်ပြင်းကြပါတယ်။

သူတို့ရဲ့ အကွက်များကို လိုက်လျောညီထွေဖြစ်အောင် ပုံသဏ္ဍန် ပြောင်းလဲနိုင်ပြီး သန္တာကျောက်တန်းများနှင့်ဒီရေ‌တောများတွင် ပုန်းလျှိုးကွယ်လျှိုးနေနိုင်ကြပါတယ်။

အပြာရောင် အကွက်များရှိတဲ့ ရေဘဝဲတစ်ကောင်ဟာ လူ ၂၆ ယောက်ကို လောကကြီးကို တာ့တာ ပြဖို့ အဆိပ် အလုံ အ လောက် ပါရှိပါတယ်လို့ ဆိုပါတယ်။

ဂျပန် နိုင်ငံမှာ ဆိုရင် အပြာ‌ရောင် အကွက်များပါရှိတဲ့ ရေဘဝဲ ကို ရှောင်ရှား ဖို့ တားမြစ်ချက် များ ထုတ်ပြန် ထားရပါတယ်။

(၃) အနီရောင်မုဆိုးမပင့်ကူ (Red Widow Spider)

This image has an empty alt attribute; its file name is IMG_10082021_235647_1280_x_720_pixel-1024x576.jpg

အနီရောင်မုဆိုးမ ပင့်ကူများဟာ အနက်ရောင် မုဆိုးမပင့်ကူများနှင့် ဆက်နွှယ်နေပြီး အဆိပ်ပြင်းသည်ဟု ယူဆရသော်လည်း လူသားများအတွက် အန္တရာယ်‌ပေးနိုင်ချေနည်းသည်ဟု ထင်ရပါတယ်။

(အနက်ရောင်မုဆိုးမ ပင့်ကူဟာ အမေရိကန်ပြည်ထောင်စုတစ်ခုလုံး၏ အဆိပ်အပြင်းဆုံးနှင့်အန္တရာယ်အများဆုံး ပင့်ကူဖြစ် သည်ဟုဆိုသည်)

အနီရောင်မုဆိုးမပင့်ကူ အမများဟာ အထီးများ၏ အရွယ်အစားထက် နှစ်ဆကြီးပြီး ဖလော်ရီဒါ အလယ်ပိုင်းနှင့်တောင်ပိုင်း၊ ဖလော်ရီဒါ ကုန်းတွင်းပိုင်းသဲသောင်ပြင်များတွင် ပုန်းအောင်းနေတတ်ကြပါတယ်။

ဒါ့ကြောင့် သဲသောင် ကမ်းခြေများကို သွားရင် သတိထားကြရမှာ အသေအချာပါပဲ။

(၄) ကျားမြွေ (Tiger Snake)

This image has an empty alt attribute; its file name is IMG_10082021_235611_1280_x_720_pixel-1024x576.jpg

ကျားမြွေ မျိုးစိတ်အားလုံးဟာ သြစတေးလျတွင် နေထိုင်ပြီး ရာသီဉတု အပေါ် မူတည်၍ အရောင် ပြောင်းနိုင်ကြပါတယ်။

သားကောင်များကို လိုက်လံရှာဖွေသုတ်သင်ဖို့ အဆိပ်ကို အသုံးပြုကြပါတယ်။ ၎င်းတို့ဟာ အရှည် ၂ မီတာခန့် အထိ ကြီးထွားနိုင်ပါတယ်။

ကျားမြွေများရဲ့ အဆိပ်ဟာ အလွန် ပြင်းထန်‌ပေမယ့်လည်း ၎င်း‌မြွေများဟာ သဘာဝအားဖြင့် အတော်လေး လူတွေကို ကြောက်တတ်ကြပါတယ်။ ဒါ့ကြောင့်တွေ့ရခဲပါတယ်။

(၅) လုံးချွန် ခရု (Cone Snail)

This image has an empty alt attribute; its file name is IMG_10082021_235729_1280_x_720_pixel-1024x576.jpg

သင်ဟာ လှပတဲ့ ခရု အခွံတွေကို စုဆောင်းရတာ နှစ်သက်တယ် ဆိုရင် ဒီအကောင်တွေကိုတော့ သတိထားပါ။

များသောအားဖြင့် လုံးချွန် ခရုများဟာ ငါးငယ်များကို တိုက်ခိုက်ဖို့ သူတို့ရဲ့ စွမ်းအားများကို အသုံးပြုကြသော်လည်း ရေကူးသမားတွေ ဝတ်ဆင်သည့် ရာဘာဝတ်စုံကို ထိုးဖောက်ရန် လုံလောက်အား‌ကောင်းသော မှိန်းကဲ့သို့ ချွန်ထက်သည့် ဆူးများ ပါရှိပါတယ်။

လုံးချွန် ခရုအများစုဟာ လူသားများအား အန္တရာယ်မပေးသော်လည်း ချွန်ထက်သည့် ဆူးတောင် အပိုင်းအစများဟာ အဆိပ်ရှိတဲ့အတွက် ထိခိုက်မိရင် လူကို အသက်အန္တရာယ် ရှိစေနိုင်ပါတယ်။

(၆) ငါးပူတင်း (Pufferfish)

This image has an empty alt attribute; its file name is IMG_10082021_235707_1280_x_720_pixel-1024x576.jpg

ငါးပူတင်း အားလုံးနီးပါးတွင် လူသားများအတွက် အလွန်အန္တရာယ်ရှိသော tetrodotoxin (ဆိုင်ယာနိုက်(cyanide) အဆိပ်ထက် အဆ ၁၂၀၀ အထိအဆိပ်ပြင်းသည်) ဆိုတဲ့ အဆိပ် ရှိပါတယ်။

ငါးပူတင်းငါးတစ်ကောင်ဟာ လူသား အယောက် ၃၀ ကို ရှင်းလင်းဖို့ လုံလောက်သော အဆိပ်တွေရှိပါတယ်။

ဂျပန်မှာတော့ fugu ငါးလို့ လူသိများပြီး ဈေးအကြီးဆုံးအစားအစာအနေဖြင့် ရောင်းချနေတာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်ပါတယ်။

ဒီငါးကို ချက်ပြုတ်ဖို့အတွက် ငါးကိုင်နည်းသင်တန်းနှင့် ကျွမ်းကျင် လက်မှတ်များ ရှိရပါမယ်။

အကျွမ်းကျင်ဆုံးနှင့်ကောင်းစွာလေ့ကျင့်ထားသော စားဖိုမှူးမဟုတ်ရင်‌ တော့ သင့်အတွက် အန္တရာယ် ရှိမှာ မလို့ပါ။

အချက်အလက်တွေအရ ၁၉၅၈ ခုနှစ်တွင် ငါးပူတင်းကို စားမိသောကြောင့် လူ ၁၇၆ ဦး ဆုံးရှုံးခဲ့ရကြောင်း အစီရင်ခံစာများမှာ ဖော်ပြထားပါတယ်။

(၇) Deathstalker ကင်းမြီးကောက်( Deathstalker Scorpion)

This image has an empty alt attribute; its file name is IMG_10082021_235812_1280_x_720_pixel-1024x576.jpg

ဒီ အဝါရောင် တောက်ပသော ကင်းမြီးကောက်များဟာ အရွယ်ရောက်ပြီးသူများကို ၎င်း၏ အမြှီးနှင့် ထိုးပါက အသက် အန္တရယ် ထိခိုက်လောက်အောင် မဖြစ်နိုင်သော်လည်း သက်ကြီးရွယ်အိုများနှင့် ငယ်ရွယ်သူများ အတွက်တော့ အန္တရာယ်ကြီး ပါတယ်။

သို့သော်လည်း သူတို့၏အဆိပ်မှ Peptide chlorotoxin ဟာ လူ‌တွေရဲ့ ဦးနှောက်အကျိတ်‌ ရောဂါကို ကုသရာတွင် အသုံးပြုလျက်ရှိပါတယ်။

ရေးသားသူ – Zaw Gyi (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.