ကမ္ဘာ့စျေးအကြီးဆုံး ကား ၅ စီး

Knowledge Lifestyle

ကမ္ဘာစျေးအကြီးဆုံးကားများထဲမှ တစ်စီးသည် Koenigsegg CCXR Trevita ဖြစ်ပြီး US ဒေါ်လာ ၄.၈ သန်းကျော် တန်ဖိုးရှိပါတယ်။

ကျွန်တော်တို့ အားလုံး သတိပြုမိသည့်အတိုင်း ကားတိုင်းကတော့ စျေးမကြီးပါဘူး။ သို့သော် ယနေ့ ဒီမှာ ဆွေးနွေးဖို့ ရှိတဲ့ ကားတွေရဲ့ နယ်နမိတ်ဘယ်နေရာမဆို ခြစ်ရာလေးရှိတယ် ဆိုရင်တောင်မှ သင့်အနေ နဲ့ ဝယ်ယူဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။

အောက်မှာဖော်ပြထားတဲ့ ကားများဟာ ကားချစ်သူ အမျိုးသား၊ အမျိုးသမီး နှင့် ကလေးတိုင်းအတွက် အိမ်မက်သဖွယ် ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာတော့ ကျွန်တော်တို့အနေနဲ စျေးအကြီးဆုံး လမ်းပေါ်မှာ တရားဝင်အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတဲ့ ကား ၅ စီး ကိုမြင်တွေ့နိုင်ပါတယ်။

(၁) Pagani Huayra BC –ဒေါ်လာ ၂.၆ သန်း

Pagani Huayra BC ကားရဲ့ အမည်တွင် အင်ကာလူမျိုးတွေရဲ့ လေနတ်ဘုရား၏ အမည် Huayra ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

၎င်း သည် မယုံကြည်နိုင်လောက်အောင် V12 အင်ဂျင်ကို အသုံးပြုထားပြီး ပေါ့ပါးတဲ့ အမျိုးအစားဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် Geneva Motor show မှာ ပထမဆုံးပြသခဲ့ပြီး အစီးရေ ၂၀ လုံး ရောင်းခဲ့ရပါတယ်။

Pagani Huayra (BC မျိုးကွဲ မဟုတ်) သည် ၁နာရီ ၁၃ မိနစ် ၈ စက္ကန့် ဟူသောအချိန်နှင့် ” တရားဝင်လမ်းပေါ်တွင် မောင်းနိုင်သည့် ထိပ်တန်းကားများတွင် အမြန်ဆုံး ပတ်နိုင်သည့် အချိန် ” ရှိခဲ့သည့် ဂုဏ်သတင်း ရရှိထား​​သော ကားတစ်စီးဘဲ ဖြစ်ပါတယ်။

Pagani Huayra BC မျိုးကွဲကတော့ အသစ်ပြုပြင်မွန်းမံထားပြီး သူ့မှာ side skirts အသစ်တွေ ၊ downforce ၁၁၀၂ပေါင် ထုတ်လုပ်ပေးတဲ့ ကြီးမားတဲ့ spoiler တွေ ပါဝင်ပြီး တစ်နာရီကို ၁၅၅ မိုင်နှုန်း မောင်းနှင်နိုင်ပါတယ်။

ပေါ့ပါးတဲ့ Pagani Huayra BC ရဲ့ အလေးချိန်ဟာ Ford Fiesta ST ထက် ၂၆၈၅ ပေါင် ပိုအလေးချိန်ရှိပါတယ်။ ဒါဟာ ကားကိုယ်ထည်ကို ကာဗွန်-တိုက်တေနီယမ်နဲ့ ဖွဲ့စည်းထားခြင်းကြောင့် အလေးချိန်နည်းတယ် ဆိုတာ သေချာပါတယ်။

(၂) Bugatti Veyron Mansory Vivere (Limited Ediction) – ဒေါ်လာ ၃.၄ သန်း

သင်စိတ်ဝင်စားတဲ့ မော်တော်ကား စျေးနှုန်းများကို စတင်ဆွေးနွေးတဲ့အခါမှာ Bugatti Veyron ကိုလည်း ချွင်းချက် အနေနဲ့ မေ့ထားလို့မရပါဘူး။

Bugatti Veyron Mansory Vivere ကို အံ့သြစရာ ကောင်းတဲ့ Mansory အုပ်စုမှ ထုတ်လုပ်ခြင်းဖြစ်ပြီး တစ်နာရီကို ၂၅၄ မိုင်နှုန်းမောင်းနှင်နိုင်ပါတယ်။

Bugatti Veyron Mansory Vivere ရှေ့မှာဆိုရင် တိုတောင်းတဲ့ တောင်ပံ တစုံလည်း ပါဝင်ပါတယ်။

အလွန်ပေါ့ပါးပြီး မာကျောတဲ့ ကာဗွန်ဖိုင်ဘာ ကိုယ်ထည် အပါအဝင် ၎င်း၏ ခါးပတ်အောက်တွင် အခြားပြုပြင် မွမ်းမံထားမှုများစွာနှင့်အတူ မြင်းကောင်ရေ ၁၂၀၀ အားဖြင့် တစ်နာရီ ၂၅၄ မိုင်နှုန်းမောင်းနှင်နိုင်ရန် ပြင်ဆင်ပေးထားပါတယ်။

(၃) Lykan Hypersport – ဒေါ်လာ ၃.၄ သန်း

နံပါတ်(၃) ကားအမျိုးအစားဟာ ကားအမျိုးအစားသစ် တစီးဖြစ်ပေမယ့် ဒီလို စူပါကား လောကထဲကို ရောက်ရှိလာဖို့ ထိုက်တန်ပါတယ်။

3.7L twin-turbo monster သည် ၎င်းတွင် ကတ်ကြေးပုံစံ တံခါးများ နှင့် စိန် များတပ်ဆင်ထားသော ရှေ့မီးသီးများ ပါဝင်ပါတယ်။

မီလုံး ၁ လုံးမှာ စိန် ၂၂၀ လောက်ဖြင့် တန်ဆာဆင်ထားပြီး သင့်အနေ နဲ့ စိန်တပ်ဆင်ရတာ မကြိုက်ဖူး ဆိုလျှင် တခြား ကျောက်မြတ်ရတနာများလည်းတပ်ဆင်နိုင်ပါတယ်။

ဒီကားရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုလျှင် အမြင့်ဆုံး အမြန်နှုန်းဟာ တစ်နာရီ ၃၈၅ ကီလိုမီတာ (တစ်နာရီ ၂၄၀ မိုင်) နှုန်း သွားနိုင်တာကြောင့် ဒီကားဟာ အလွန်လျင်မြန်ပါတယ်။

Hypersport သည် လူတိုင်း၏အကြိုက်ဆုံး blockbuster street-racing film saga တွင်လည်း ပါဝင်ပါတယ်။

Fast and Furious ဇာတ်ကားတွင်လည်း Hypersport ကားဖြင့် ဒူဘိုင်း မိုးမျှော်တိုက် ၃ ခုကို Spider-Man ယာဥ်ပျံ ကဲ့သို့ ဖြတ်​မောင်းပြတာကိုလည်း တွေ့ရပါတယ်။

ပထမဆုံး အံ့မခန်း အံ့သြစရာကောင်းတဲ့ မော်တော်ယာဥ် အလှဆင်မှုသည် အာရပ်စော်ဘွားများရဲ့ စူပါကား ဖြစ်ပြီး ၎င်း တို့ကို အတက်နိုင်ဆုံး ထူးထူးခြားခြားဖြစ်အောင် ၁ မျိုးကို ၇စီးသာ ထုတ်လုပ်ခဲ့ပါတယ်။

Abu Dhabi မှာရှိတဲ့ ရဲ မှာတောင် Hypersport လို ကားမျိုးဝယ်ပြီးပါပြီ ၊ ဒါကြောင့် အဲ့ဒီ ဒေသကို သင်ရောက်ခဲ့မယ်ဆိုလျှင် ကားပြိုင်ပွဲ လုပ်ဖို့ စဥ်းတောင်မစဥ်းစားသင့်ပါဘူး။

(၄) Lamborghini Veneno – ဒေါ်လာ ၄.၅ သန်း

Lamborghini Veneno သည် အီတလီမော်တော်ကားကုမ္ပဏီ Lamborghini မှထုတ်လုပ်သော စွမ်းဆောင်ရည်မြင့် ပြိုင်ကားများဖြစ်ပါတယ်။

Lamborghini Aventador ကို အခြေခံ၍ Veneno သည် Lamborghini ၏ နှစ် ၅၀ ပြည့် နှစ်ပတ်လည်ကို ကျင်းပရန် တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။

၎င်းကို 2013 Geneva Motor Show တွင် မိတ်ဆက်ခဲ့ ပြီးကမ္ဘာပေါ်တွင်စျေးအကြီးဆုံးထုတ်လုပ်မှုကားများထဲမှတစ်ခုဖြစ်လာပါတယ်။

6.5L Veneno သည်မြင်းကောင်ရေအား ၇၅၀ အားထုတ်လုပ်နိုင်ပြီး အမြန်နှုန်းပြမီတာ တစ်နာရီ ၃၅၅ ကီလိုမီတာ(၂၅၀ မိုင်) နှုန်းမောင်းနှင်နိုင်ပါတယ်။

တစ်နာရီ ၀ မှ မိုင် ၆၀ အထိမြှင့်ရန် ၂.၈ စက္ကန့်သာ ကြာပါတယ်။ ဒီကား မှာပါတဲ့ အရာအားလုံးကို အထိရောက်ဆုံး ဖြစ်အောင် ဒီဇိုင်းထုတ်ထားပါတယ်။

ကားရဲ့ အတွင်းပိုင်းအခန်းတစ်ခုလုံးကို ပေါ့ပါးတဲ့ ကာဗွန်ဖိုက်ဘာ carbon skin နဲ့ ဖုံးအုပ်ထားတာကိုတွေ့ရပါတယ်​။

(၅) Koenigsegg CCXR Trevita – ဒေါ်လာ ၄.၈ သန်း

နောက်ဆုံးနံပါတ်၁ စျေးအကြီးဆုံး ​အနေနဲ့ကတော့ Koenigsegg ဆိုတဲ့ကောင်ဘဲ ဖြစ်ပါတယ်။

ဆွီဒင်အတိုကောက် “ Trevita” (သို့မဟုတ်)“ three whites” သည် ကျွန်ုပ်တို့၏ စျေးအကြီးဆုံး ထုတ်လုပ်မှု ကားများစာရင်းတွင် ထိပ်ဆုံးမှရပ်တည်ခဲ့ပါတယ်။

Koenigsegg ကားအရောင်ကို အနက်ရောင် carbon fibers ကနေ အဖြူရောင် ​တလက်လက်တောက်ပတဲ့ အပေါ်ယံအလွှာ ကို မတီထွင်မှီ မော်တော်ကားများမှာ ပုံမှန်အနက်ရောင်သာ ရရှိနိုင်ပါတယ်။

အံသြစရာကောင်းသော အပေါ်ယံအလွှာကို Koenigsegg Proprietary Diamond Weave ဟုခေါ်ပြီး နေရောင်ခြည်အောက်မှာ ဆိုလျှင် သန်းပေါင်း များစွာသော စိန်များသကဲ့သို့ တဖြတ်ဖြတ်တောက်ပနေတာ တွေ့နိုင်ပါတယ်။

ဒီယာဥ်အမျိုးအစားကို ထုတ်လုပ်ရန်အချိန် လိုအပ်တာကြောင့် ၂ စီးကိုသာထုတ်လုပ်ခဲ့ပါတယ်။

4.8L Trevita သည် dual-supercharged V8 ဖြစ်ပြီး တစ်နာရီ ၀ မှ မိုင် ၆၀ အထိမြှင့်ရန် ၂.၉ စက္ကန့်သာ ကြာပါတယ်။

သယ်ယူ ပို့ဆောင်ရေး ပုံစံအမျိုးမျိုးနဲ့ ကားတွေ ရောက်ရှိလာချိန်မှာတော့ လူတွေဟာ နည်းပညာ၊ ကုန်ကြမ်းမြန်နှုန်း နှင့် စိန်များတပ်ဆင်ထားသော ရှေ့မီးများ ပါဝင်တဲ့ ကားပုံစံ နောက်တစ်ဆင့်တက်ရန် အမြဲ ရှာဖွေနေကြပါတယ်။

ဒီနေရာမှာ ဒီကားတွေနဲ့ပတ်သတ်ပြီး သင်တို့နဲ့ ကျွန်တော်တို့လို ကားဝါသနာရှင် ဂျိုးတွေ အနေနဲ့ကတော့ လက်လှန်းမှီမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဒီကားတွေကို ထုတ်လုပ်တဲ့ နည်းပညာ တွေ ၊ ရှေ့ဆောင်လမ်းပြတဲ့ နည်းပညာတွေ ဖြစ်ကြပြီး ကျွနိုပ်တို့အားလုံးတက်နိုင်တဲ့ ဖန်စီကျပြီး ဗားရှင်း အနည်းငယ်နိမ့်တဲ့ ကားများကဲ့သို့ ပုံမှန် ထုတ်လုပ်နိုင်ရန် မျှော်လင့်ရပါတယ်။

ဒီ ကားတွေဟာ မော်တော်ယာဥ်လောကမှာ အရမ်းကို အောင်မြင်နေတာ ဖြစ်နေပြီး ဆယ်ကျော်သက် ကောင်လေးတွေရဲ့ အခန်းတိုင်းမှာ ပိုစတာ အသစ် အနေနဲ့ဘဲ မြင်တွေ့ရနိုင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *