လေတပ် အင်အား အကြီးဆုံး နိုင်ငံ ၅ နိုင်ငံ

Knowledge Military

အင်အားကြီးနိုင်ငံများအနေဖြင့် တောင့်တင်း ခိုင်မာတဲ့ လေတပ် ပိုင်ဆိုင်ဖို့ ဆိုတာ တကယ်ကို အရေးကြီးပါတယ်။

အောက်ပါ နိုင်ငံ ၅ နိုင်ငံကတော့ ကမ္ဘာပေါ်တွင် အကောင်းဆုံး နှင့် စွမ်းအား အကြီးဆုံးသော လေတပ်များကို ပိုင်ဆိုင်ထားကြပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံများအနေဖြင့် ရပ်တည်နေကြပါတယ်။

ဂျပန်

လွန်ခဲ့တဲ့ ဆယ်စုနှစ် လောက်ကစပြီး ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေး အင်အားစုများထဲမှ လေတပ်ဟာ အရေအတွက်အားဖြင့် လျော့ကျလာပေမယ့် အရည်အသွေးဟာ မြင့်မားလာပါတယ်။

ဂျပန်လေတပ်တွင် လေယာဉ်ပေါင်း ၁,၁၇၅ စင်းလောက် ပိုင်ဆိုင်ထားပြီး လေယာဉ်မှူးနှင့် စက်မှုဆိုင်ရာ လေတပ်သားများ အပါအဝင် စုစုပေါင်း လေတပ်အင်အား ၄၉,၀၀၀ လောက် ရှိနေပါတယ်။

Photo: Courtesy of Militarywatchmagazine

များသောအားဖြင့် အမေရိကန် လေယာဉ်များနှင့် ဟယ်လီကော်ပတာများကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ၎င်းတို့ကို ဂျပန်တွင် လိုင်စင်ယူပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အားနည်းချက်ကတော့ ဂျပန်နိုင်ငံ လေတပ်၏ တစိတ်တဒေသဖြစ်တဲ့ လေယာဉ် ကာကွယ်ရေး နှင့် ဒုံးကျည် ကာကွယ်ရေး စနစ်တွေဟာ တော်တော်လေး ညံ့ဖျင်းပါတယ်။

၄။ အိန္ဒိယ

အိန္ဒိယနိုင်ငံရဲ့ လေယာဉ် တော်တော်များများဟာ ခေတ်နောက်ကျနေပြီး အဓိကအားဖြင့် ဆိုဗီယက်လုပ် လေယာဉ်များဖြစ်ကာ အချို့ကတော့ ပြင်သစ်၊ ဗြိတိန်နှင့် ပြည်တွင်းထုတ် လေယာဉ်များ ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမှာ လက်ရှိ အိန္ဒိယ လေတပ်ဟာ ကမ္ဘာ့ အဆင့် ၄ နေရာတွင် ရပ်တည်နေပြီး ကမ္ဘာ့နိုင်ငံ အများစုထက် အရေအတွက်အားဖြင့် သာလွန်မှုကို ရရှိထားပါတယ်။

လေယာဉ်ကာကွယ်ရေးနှင့် ဒုံးကျည်ကာကွယ်ရေးတွင် အများစုဟာ ခေတ်အမှီကြီးထဲမှာတော့ မပါသေးပါဘူး။

Photo: Courtesy of Diptendu Dutta/AFP

အိန္ဒိယရဲ့ အဓိက ကျောရိုး တိုက်လေယာဉ်များဟာ ရုရှားလုပ် Su-30 များဖြစ်ပြီး အစင်းရေ ၂၆၀ လောက် ပိုင်ဆိုင်ထားကာ ပြင်သစ်လုပ် ခေတ်မှီ တိုက်လေယာဉ် Dassault Rafale များကိုလည်း ၃၆ စင်းအထိ မှာယူထားပါတယ်။

အိန္ဒိယအနေဖြင့် လက်ရှိမှာ လေယာဉ် စုစုပေါင်း ၁,၇၀၀ ကျော်လောက်အထိ ပိုင်ဆိုင်ထားဖွယ် ရှိပြီး လေတပ်သာ အင်အား စုစုပေါင်း ၁၄၉,၀၀၀ ခန့်ရှိပါတယ်။

၃။ တရုတ်

တရုတ်ဟာ ဆယ်စုနှစ်ချီပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံဖြစ်အောင် နိုင်ငံကို အပြောင်းအလဲများ ပြုလုပ်နေရာမှာ စစ်ရေး တိုးချဲ့မှုလည်း အများကြီး ပါဝင်ပါတယ်။

အများစုမှာ ပြည်တွင်းထုတ် လေယာဉ်များဖြင့် လေတပ်ကို တပ်ဆင်ထားပြီး ရုရှာလုပ် လေယာဉ်များလည်း အများအပြား ပိုင်ဆိုင်ထားပါတယ်။

တရုတ်လေတပ်ဟာ အခြေခံအားဖြင့် Su-27၊ Su-30 နှင့် Su-35 များကို အဓိက တိုက်လေယာဉ်များ အဖြစ် အသုံးပြုနေပြီး နိုင်ငံ နောက် ဆုံး ထုတ် ပဥ္စမ မျိုးဆက်များဖြစ်တဲ့ J-20၊ J-35 များ ဖြင့် အနာဂါတ်တွင် အစားထိုးသွားမှာ ဖြစ်ပါတယ်။

မောင်းသူမဲ့လေယာဉ်များစွာကိုလည်း လက်ရှိတွင် အများအပြား စမ်းသပ် ထုတ်လုပ်နေပါတယ်။

တရုတ်လေတပ်တွင် လေယာဉ် စုစုပေါင်း ၄,၁၆၇ စင်းခန့် ပိုင်ဆိုင်ထားပြီး လေတပ်သား အင်အား စုစုပေါင်း ၃၃၀,၀၀၀ လောက် ရှိပါတယ်။

၂။ ရုရှား

ရုရှားရဲ့ လေတပ်ဟာ တရုတ်နိုင်ငံရဲ့ လေတပ်ထက် အရေအတွက် နည်းပါးပေမယ့် အရည်အသွေးကတော့ များစွာ သာလွန်နေပါသေးတယ်။

ရုရှားဟာ ကမ္ဘာကျော် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များစွာ ပိုင်ဆိုင်ထားပြီး နိုင်ငံတော်တော်များများတွင် အဓိက ကျောရိုး လေယာဉ်များအဖြစ် အသုံးပြုနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်း၏ ပြည်တွင်းဖြစ် လေယာဉ် ကာကွယ်ရေးနှင့် ဒုံးကျည်ကာကွယ်ရေး စနစ်များဟာ ကမ္ဘာတွင် အကောင်းဆုံးလို့ သတ်မှတ်လို့ရပါတယ်။

ရုရှားလေတပ်တွင် လေယာဉ် စုစုပေါင်း ၃၉၁၂ စင်း ပိုင်ဆိုင်ထားပြီး လေတပ်သား အင်အား စုစုပေါင်း ၁၆၅,၀၀၀ ရှိပါတယ်။

၁။ အမေရိကန်

အမေရိကန်ဟာ လေယာဉ် စုစုပေါင်း ၁၁,၇၆၇ စင်း နှင့် လေတပ်သား အင်အား စုစုပေါင်း ၃၁၈,၀၀၀ ဖြင့် ကမ္ဘာ့ အင်အားအကြီးဆုံး လေတပ်ကို ပိုင်ဆိုင်ထားပါတယ်။

အဲဒီ့ လေယာဉ်များထဲမှ တဝက်လောက်ဟာ သယ်ယူပို့ဆောင်ရေး လေယာဉ်များ နှင့် ရဟတ်ယာဉ်များ ဖြစ်ကြပါတယ်။

အမေရိကန် လေတပ်၏ အခြားနိုင်ငံများထက် များစွာ သာလွန်စေတဲ့ အရေးအကြီးဆုံး အချက်ကတော့ တကမ္ဘာလုံး အနှံ့ လွှမ်းခြုံထားနိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မောင်းသူမဲ့လေယာဉ် နည်းပညာ နှင့် တိုက်လေယာဉ် နည်းပညာများတွင် မျိုးဆက် တဆက်လောက် ရှေ့ကို ရောက်နေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.