ကမ္ဘာမြေကြီးသည် နှစ်သန်းပေါင်းများစွာ ကြာပြီဖြစ်သော်လည်း သစ်ပင်တွေဟာ ဘယ်လောက်ကြာကြာ တည်ရှိခဲ့တာလဲ။
နောက်ပြီးကမ္ဘာပေါ်မှာ သက်တမ်း အရင့်ဆုံးသစ်ပင်က ဘာဖြစ်နိုင်မလဲဆိုတာ သင်တွေးဖူး ပါသလား။
ရာသီဥတုပြောင်းလဲမှုကြောင့် သစ်ပင် မျိုးစိတ်ပေါင်း များစွာသည် မျိုးသုဉ်း ပျောက်ကွယ် သွားသော်လည်း ယနေ့အထိ ရှင်သန်ကျန်ရစ် နေဆဲ သစ်ပင်ပေါင်း များစွာ လည်းရှိပါတယ်။
သစ်ပင်အမျိုးအစားများ၊ မျိုးစိတ်များနှင့် သစ်ပင်ကြီးထွားပုံတွေဟာ ကွဲပြားတာကြောင့် ရှေးအကျဆုံး သစ်ပင်က ဘယ်ဟာလဲဆိုတာကို ဆုံး ဖြတ်ရန် ခက်ခဲပါတယ်။
ဒါတွေကတော့ ကမ္ဘာပေါ်မှာ ယနေ့အထိ ရှင်သန်နေဆဲဖြစ်တဲ့ ရှေးအကျဆုံး သစ်ပင် ၇မျိုးပဲဖြစ်ပါတယ်။ ဒီထဲမှာ သီးခြားသစ်ပင်များနှင့် အစုလိုက် သစ်ပင်နှစ်မျိုးလုံး ပါဝင်ပါတယ်။
၁။ Gran Abuelo – သက်တမ်း ၃၆၄၆ နှစ်
Gran Abuelo သည် ချီလီနိုင်ငံ Alerce Costero အမျိုးသားဥယျာဉ်တွင် တည်ရှိပါတယ်။ အဆိုပါ သစ်ပင်သည် တောင်အမေရိကတွင်သက်တမ်းအရင့်ဆုံးသစ်ပင်ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှစ၍ Gran Abuelo သည် ၃၆၄၇ နှစ်ရှိပါပြီ။ ၎င်း၏ သက်တမ်းအရ ဘီစီ ၁၅၀၀ တွင် အပင်ပေါက်ခဲ့ခြင်း ဖြစ်နိုင်ပါတယ်။
Gran Abuelo သည်အမြင့် ၁၉၆ ပေ (၆၀ မီတာ) နှင့်အကျယ် ၁၃ ပေ (၄ မီတာ) ရှိပါတယ်။ ၎င်းသည် ၃၆ ပေ (၁၁ မီတာ) ပတ်လည် ရှိပါတယ်။ Gran Abuelo သည် တောင်အမေရိကရှိ အကြီးဆုံး အပင်မျိုးစိတ်ဖြစ်သည့် Patagonian Cypress (Fitzroya cupressoids) မျိုးစိတ် ဖြစ်ပါတယ်။
ဝမ်းနည်းစရာမှာ Patagonian Cypress သည်မျိုးသုဉ်းရန်အန္တရာယ်ရှိနေတဲ့ သစ်ပင် မျိုးစိတ်ဖြစ်ပါတယ်။
သစ်ပင်တွင် ဆွေ့မြည့်ရန်ကြာချိန်ကို နှေးစေတဲ့ သစ်စေး ပါတာကြောင့် ၎င်းဟာ လူကြိုက်များသော ဆောက်လုပ်ရေးပစ္စည်းဖြစ်လာပါတယ်။
၂။ Sarv-e Abarkuh (Abarkuh Cypress)- ၄၅၀၀ နှစ်
Sarv-e Abarkuh သစ်ပင် ကိုအီရန်နိုင်ငံ၊ Abarkuh တွင်တွေ့နိုင်ပါတယ်။ ထိုမျိုးစိတ်ဟာ မြေထဲပင်လယ် Cypress (Cupressus sempervirens) မှ ဖြစ်ပြီး နှစ်ပေါင်း ၄၅၀၀ ဝန်းကျင်ခန့်ရှိပါတယ်။

Sarv-e Abarkuh သစ်ပင် သည် အီရန်နိုင်ငံရှိ သဘာဝထင်ရှားသော သာဓကဖြစ်ပြီး အီရန်ယဉ်ကျေးမှုအမွေအနှစ်အဖွဲ့မှကာကွယ်ထားသည်။
ဒဏ္ဍာရီအရ ကမ္ဘာတဝှမ်းလုံးမှ အာရုံစူးစိုက်ခံရသော သစ်ပင်သည် Zoroaster အမည်ရှိ အီရန်ပရောဖက်တစ်ဦးက စိုက်ခဲ့ခြင်းဖြစ်ပါတယ်။
တခြားဒဏ္ဍာရီများက သမ္မာကျမ်းလာ Noah ၏ တတိယသားက စိုက်ခဲ့တယ်လို့ပြောပါတယ်။
၃။ Llangernyw Yew – နှစ်ပေါင်း ၄၀၀၀ မှ ၅၀၀၀ကြား
Llangernyw Yew သည် ဝေလပြည်နယ် Llangernyw, Conway ရွာရှိ စိန့် Digain ဘုရားရှိခိုးကျောင်း၏ ကျောင်းဝင်း အတွင်း၌ တည်ရှိပါတယ်။ သစ်ပင်သည် Common Yew (Taxus baccata) မျိုးစိတ်ဖြစ်ပြီး နှစ်ပေါင်း ၅၀၀၀ ခန့်တည်ရှိခဲ့ပါတယ်။

ဒီထူးခြားတဲ့သစ်ပင်ဟာ နှစ်ပေါင်း ၄၀၀၀မှ ၅၀၀၀ကြား သက်တမ်းရှိပါတယ်။
အမာခံများသည် အချိန်ကြာလာသည်နှင့်အမျှ တချိန်ကအမာခံနေရာကို အစားထိုးသော ကြီးမားတဲ့အညွှန့်သစ်များက မကြာခဏ နေရာယူသောကြောင့် ဒီသစ်ပင်ရဲ့ သက်တမ်းအတိအကျကိုပြောရန်ခက်ခဲပါတယ်။
သစ်ပင်သည် ၎င်း၏သက်တမ်းကို အတည်ပြုသော အင်္ဂလိပ်ရုက္ခဗေဒပညာရှင် David Bellamy က ထုတ်ပေးသော ကိုယ်ပိုင်အသိ အမှတ်ပြု လက်မှတ်ရှိပါတယ်။
Llangernyw Yew သည် ဒေသခံ ရှေးရိုးစဥ်လာပုံပြင်များ၏ အသည်းနှလုံးဖြစ်သော ရပ်ရွာ၏ အရေးပါသေ ာအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
Llangernyw Yewသည် Welsh ဒဏ္ဍာရီတွင် Angelystor (မှတ်တမ်းတင်အိန်ဂျယ်) ခေါ် ဝိညာဉ်သည် နောက်ထပ် ဘယ်သူ သေမလဲဆိုတာကို ရွာကိုပြောပြရန် ဟော်လိုးဝင်းတိုင်းတွင် ပေါ်လာမယ့်နေရာအဖြစ် တည်ရှိပါတယ်။
၄။ Methuselah – ၄၈၅၂ နှစ်
Methuselah သည် Great Basin bristlecone pine (Pinus longaeva) ဖြစ်သည်။ သစ်ပင်သည် California ပြည်နယ် Inyo County ၏ White Mountains ရှိ Methuselah Grove တွင် တည်ရှိပါတယ်။

အခြားရှေးဟောင်းသစ်ပင်များဝန်းရံနေသောကြောင့် နေရာအတိအကျကို အများပြည်သူများမသိနိုင်ပါ။ ထို့ကြောင့် သစ်ပင်သည်လုံခြုံစွာရှိနေပြီး အတတ်နိုင်ဆုံးထိန်းသိမ်းထားနိုင်ပါတယ်။
၂၀၁၂ အထိ Methuselah သည် ကမ္ဘာပေါ်တွင် သက်တမ်း အရင့်ဆုံး သစ်ပင်ဖြစ်ပြီး ၂၀၂၁ ခုနှစ်အရ ၄,၈၅၃ နှစ်ရှိပြီဖြစ်ပါတယ်။
ဘီစီ ၂၈၃၂ တွင် ပေါက်ထားသော အပင်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းသိရှိရပါတယ်။ ဒီသစ်ပင်ကို ၉၆၉ ခုနှစ်အထိ သက်တမ်းအရင့်ဆုံးသမ္မာကျမ်းလာရုပ်တုကြီး Methuselah လို့ နာမည်ပေးထားပါတယ်။
၂၀၀၃ ခုနှစ်တွင်လယ်သမား Jared Milarch သည် ထိုသစ်ပင်မှ အခက်အလက်များ ဖြတ်တောက်ဖို့ ခွင့်ပြုချက်ရခဲ့ပါတယ်။ သူဟာ Methuselah အပင်ကို ပုံတူ မျိုးပွား စိုက်ပျိုးရာတွင် အောင်မြင်ခဲ့ပါတယ်။
၅။ Old Tjikko – ၉၅၀၀ နှစ်
ဆွီဒင်နိုင်ငံ Dalarna ပြည်နယ်ရှိ Fulufjället တောင်တန်းတွင် Old Tjikko ကို ၂၀၀၈ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သစ်ပင်ဟာ Norway Spruce (Picea abies) မျိုးစိတ် ဖြစ်ပါတယ်။

နှစ် ၆၀၀ တိုင်းမှာ တစ်နေရာထဲတွင် ပင်စည် အသစ်တစ်ခုကို သွန်းပြီး အသစ် ပြန်ပေါက်နိုင်မှုကြောင့် လူသိများပြီး အစုလိုက်ပေါက်ရောက်တဲ့သစ်ပင် အမျိုးအစားပဲဖြစ်ပါတယ်။
ဒီကိစ္စတွင် သင်ဟာ သက်တမ်းကို ဘယ်လို ပြောနိုင်လဲ ဆိုတာကို အံ့ဩသွားနိုင်ပါတယ်။ သက်တမ်းကို နှစ်ပေါင်း ၉၅၀၀ ဝန်းကျင်ရှိ အမြစ်စနစ်မှတဆင့် တွေ့ရှိတာပဲ ဖြစ်ပါတယ်။
၆။ Jurupa Oak – ၁၃၀၀၀ နှစ်
Jurupa Oak သည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီယား၊ Crestmore Heights ရှိ Jurupa Mountains တွင်တည်ရှိပါတယ်။ သစ်ပင်မျိုး စိတ်သည် Palmer’s Oak (Quercus palmeri) ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
မျိုးစိတ်များသည် Norway Spruceကဲ့သို့ clonal ကိုလိုနီသစ်ပင်တစ်ခုဖြစ်ပါတယ်။ ၎င်း၏ သက်တမ်းကို အမြစ်စနစ်များဖြင့် ဆုံးဖြတ်ပြီး အညွန့်သစ်များကိုခွဲခြမ်းစိတ်ဖြာပါတယ်။

အမြင့်ပေရှိ စိုစွတ်တဲ့ရာသီဥတုတွင် Palmer’s Oak၏ ရှင်သန်ကြီးထွားမှုကြောင့် Jurupa Oakသည် ထိုဒေသတွင် ရှင်သန်တွေ့ရှိရတဲ့ တစ်ပင်တည်းသော သစ်ပင်ဖြစ်ပါတယ်။
Jurupa Oak ကို ရှာဖွေတွေ့ရှိသောအခါ ၎င်းသည် ၁.၅၅ မိုင် (၂.၅ ကီလိုမီတာ) ကျယ်ဝန်းပြီး အမြင့်ပေ ပျမ်းမျှ ၃.၂၈ ပေ (၁ မီတာ) ရှိပါတယ်။ ပင်စည် ၇၀ အစုလိုက်ဖြင့် ဖွဲ့စည်းထားပါတယ်။
၇။ Pando – ၈၀၀၀၀ နှစ်
Pando သည် အမေရိကန်နိုင်ငံ၊ Utahပြည်နယ်၊ Fishlake အမျိုးသားသစ်ေတာတွင် တည်ရှိပါတယ်။ Pando သည် Quaking Aspen (Populus tremuloides) ဖြစ်ပြီး နှစ်ပေါင်း ၈၀၀၀၀ ကျော်ရှိပြီလို့ ခန့်မှန်းရပါတယ်။
Pandoသည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး clonal colony သစ်ပင်ဖြစ်ရုံသာမက ကမ္ဘာ့သက်တမ်းအရင့်ဆုံး မျိုးစိတ်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။

Pando သည် clonal ကိုလိုနီ သစ်ပင်ပဲဖြစ်ပါတယ်။ ထို့ကြောင့် ၎င်းသည် မြေပြင်အထက်၌ စုပြုံတည်ရှိနေသော်လည်း ၎င်း၏ အမြစ်စနစ်မှ တစ်ခုတည်းအဖြစ် ချိတ်ဆက်ထားပါတယ်။
ဝမ်းနည်းစရာပင် သုတေသနက Pando ၏ ကြီးထွားနှုန်းသည် လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်အတွင်းနှေးကွေးသွားတာကိုပြပြီး Pandoသည် တဖြည်းဖြည်းသေဆုံးနေကြောင်း ညွှန်ပြပါတယ်။
နိဂုံး
ကမ္ဘာပေါ်ရှိ သက်တမ်းအရင့်ဆုံးသစ်ပင် ၇ ပင်သည် ကြံ့ခိုင်ပြီး တာရှည်ခံနိုင်သေ သဘာဝသည် အမှန်တကယ် ဖြစ်နိုင်ပုံကို ပြနေပါတယ်။
ကွဲပြားခြားနားတဲ့အချက်တွေ အများကြီး ရှိနေတာကြောင့် သစ်ပင်တစ်ပင်ရဲ့ သက်တမ်းဟာ ဘယ်လောက်လဲဆိုတာကို အတိအကျ တိုင်း တာဖို့ခက်ပါတယ်။
အချို့က clonal ကိုလိုနီအပင်များသည်ပြန်လည်ကြီးထွားလာသည်ကို ရေတွက်မရဟုစောဒကတက်ကြပြီး ဒါပေမယ့် ဒီအပင်ေတွက ကျွန်တော်တို့ထက် ပိုပြီး ရှည်ကြာစွာ နေနေတယ်ဆိုတာ ထင်ဖို့ မယုံနိုင်စရာပါ။
ကမ္ဘာ့သက်တမ်းအရှည်ဆုံး သစ်ပင်အချို့သည် ရှင်သန်ကျန်ရစ်ခဲ့ပြီး သမိုင်းတစ်လျှောက် ကြီးကျယ်သော အဖြစ်အပျက်များကို မျက်မြင်တွေ့ခဲ့ကြပြီး ယနေ့ထိ မြင့်မားစွာရပ်တည်နေဆဲဖြစ်ပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။