အဖိုးတန်ပစ္စည်းတွေကို ခိုးယူခြင်းမှ ကာကွယ်သိမ်းဆည်းခြင်းနှင့် ပတ်သက်လာမယ်ဆိုရင် ကျွနိုပ်တို့ဗီရိုထဲက နေရာတစ်ခုခုကို ရွေးချယ်တာပဲ ဖြစ်ဖြစ် သို့မဟုတ် ကမ္ဘာတစ်ဝှမ်းရှိ အလုံခြုံဆုံးသော နေရာတွေ၊ မီးခံသံမဏီအခန်းတွေကို အသုံးပြုတာဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။
အောက်တွင် ကမ္ဘာပေါ်မှာ အထူးခြားဆုံးနဲ့ အလုံခြုံဆုံး မီးခံသံမဏီအခန်း နဲ့ နေရာတွေကို ဖော်ပြလိုက်ပါတယ်။
ရွှေများထားရာ Fort Knox
Fort Knox အတွင်းသို့ ဝင်ရောက်ဖို့ ကြိုးစားမယ်ဆိုရင် ပထမဦးစွာ ပတ်လည်လျှပ်စစ်ဓာတ် လွှတ်ထားတဲ့ ခြံစည်းရိုး လေးခုအပြင် ပတ်၀န်းကျင်မှာ စောင့်ကြပ်နေတဲ့ လက်နက်ကိုင်တပ်တွေကို ကျော်ဖြတ်ရမှာပါ။
ဗီဒီယိုကင်မရာတွေကိုလည်း သေချာရှောင်ရှားရမှာ ဖြစ်ပြီး ကျောက်တုံးနံရံတွေကို ဖောက်ထုတ်ဖို့တော့ အချိန်မဖြုန်းသင့်ပါဘူး။

နံရံတွေဟာ ၄ ပေအထူရှိပြီး အားဖြည့်စတီးလ်တန်ချိန် ၇၅၀ ဖြင့် တွဲထားပါတယ်။ အထဲမှာလည်း လက်နက်ကိုင် အစောင့်တွေ အပြင် သော့ခတ်ထားတဲ့ တံခါးဝင်္ကပါကို ကျော်သွားရင် ၂၂ တန်လေးတဲ့ တံခါးကိုတွေ့ရမှာပါ။
ဖွင့်လို့ရတာနဲ့ အထဲမှာ ပိတ်နေတဲ့ သေးငယ်တဲ့ မီးခံသံမဏိတံခါးကိုထပ်မံ ဖောက်ဝင်ရမှာ ဖြစ်ပြီး အဲဒီထဲမှာ သိမ်းဆည်းထားတဲ့ ရွှေတန်ချိန် ၅၀၀၀ ကို စတင်ယူလို့ရပါပြီ။
ရွှေတွေယူပြီး ထွက်ခွာတဲ့အခါ သတိထားစရာတစ်ခုက Fort Knox ရဲ့ စစ်စခန်းမှ စစ်သား ၃ သောင်းက အပြင်ဘက်တွင် စောင့်ကြိုနေမှာပဲ ဖြစ်ပါတယ်။
Svalbard Global Seed Vault
တကယ်လို့ အာမဂေဒုန်လို့ခေါ်တဲ့ ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါ အားလုံး ပျက်သုန်းစေနိုင်တဲ့ စစ်ပွဲ မကြာမီ ဖြစ်ပေါ်လာပါက ကမ္ဘာ့ကောက်ပဲသီးနှံမျိုးစေ့တွေကို ပြန်လည်ရရှိဖို့ မျှော်လင့်ချက်က နော်ဒစ်တောင်အောက် ပေ ၃၉၀ မှာ မြှုပ်နှံထားတဲ့ နေရာကို သွားရမှာပဲ ဖြစ်ပါတယ်။
Spitsbergen ကျွန်းရှိ Svalbard Global Seed Vault ဟာ လက်ရှိ ကမ္ဘာ့အပင်မျိုးစိတ်ပေါင်း ၅ သိန်း ကျော်ကို ထိန်းသိမ်းထားပါတယ်။
အဆိုပါ နေရာဟာ မြောက်ဝင်ရိုးစွန်းရဲ့တောင်ဘက် မိုင် ၆၂၀ အကွာတွင်ရှိပြီး ဝင်ရိုးစွန်း ဝက်ဝံနှစ်ထောင်ကျော်ကို အကာ အကွယ်ပေးထားပါတယ်။

၎င်းဟာ ပြင်းထန်တဲ့ငလျင်တွေသာမက နျူကလီးယား မီးလောင်တိုက်သွင်းမှုကို ခံနိုင်ရည်ရှိပါတယ်။
ဒါ့အပြင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၃၀ တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းမှလည်း ကင်းဝေးစေပါတယ်။
ဒါတွေအပြင် အဆိုပါ seed vault ကို လေးလံ ခိုင်မာတဲ့ သံမဏိတံခါးတွေနဲ့ ထိန်းသိမ်းထားရှိတယ်ဟု သိရပါတယ်။
Cheyenne တောင်
Cheyenne တောင် ကို “အလုပ် လုံခြုံရေး” ဟူသော စကားစုကို ပြန်လည် အဓိပ္ပာယ် ဖွင့်ဆိုထားကြပါတယ်။
ဝန်ထမ်းတွေဟာ ၃၀ မဂ္ဂါတန် လောက်ရှိတဲ့ ပေါက်ကွဲမှုကို ခံနိုင်ရည်ရှိတဲ့ ၂၅ တန် အလေးချိန်ရှိတဲ့ တံခါး နှစ်ခု နောက်တွင် အလုပ်လုပ်ကြပါတယ်။
မြင်သာအောင်ပြောရမယ်ဆိုရင် အဆိုပါ တံခါးနှစ်ခုဟာ Nagasaki ပေါ်ကျခဲ့တဲ့ Fat Man ဗုံးနှင့် ဝင်ပေါက်ကို ဖြိုခွဲဖို့ ၁,၄၂၉ ကြိမ် ပေါက်ကွဲရမှာ ဖြစ်ပါတယ်။

ထိုနေရာရှိ ရုံးတွေကို ပေ ၂၀၀၀ အကွာရှိ တောင်ပေါ်ရှိ ကျောက်တုံးကြီးများ အတွင်းမှာ တည်ဆောက်ထားတဲ့ အတွက်ကြောင့် လေထုကို အတွင်းထဲသို့ စုပ်ယူဖို့ လိုအပ်နေပါတယ်။
ဒါပေမယ့်လည်း အဆိုပါ နေရာမှာရှိတဲ့ လေဟာ ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးဖြစ်ပါတယ်။
၎င်းနေရာကို ဓာတု၊ ဇီဝဗေဒနှင့် နျူကလီးယား စစ်ထုတ်မှုတွေရဲ့ ခေတ်မီဆန်းသစ်တဲ့ စနစ်ဖြင့် လုပ်ဆောင်ထားပါတယ်။
Cheyenne တောင်မှာ ကို စစ်အေးတိုက်ပွဲကာလအတွင်း အမေရိကန်ဒုံးပျံ သတိပေးဌာန ထားရှိတာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။
Iron Mountain တောင်ခြေရှိ မြေအောက်စခန်း
မီးးလောင်ကျွမ်းနေတဲ့ Flight 93 ရဲ့ မူရင်းဓာတ်ပုံ၊ Albert Einstein ရဲ့ မူရင်းဓာတ်ပုံနှင့် Thomas Edison ရဲ့ မူပိုင်ခွင့် မှတ်ပုံတင်ထားတဲ့ အရာတွေ အားလုံးကို Iron Mountain အောက်မှာ သိမ်းဆည်းထားပါတယ်။
မြေပြင်အောက် ပေနှစ်ရာမှာရှိတဲ့ အဆိုပါ အသုံးမပြုတော့တဲ့ ထုံးကျောက်မိုင်းမှာ စတုရန်းပေ ၁.၇ သန်းကျော်တဲ့ အခန်းတွေရှိပါတယ်။

အမေရိကန် အစိုးရဟာ အကြီးမားဆုံး ငှားရမ်းသူ ဖြစ်ပြီး အခန်း ပိုင်ရှင် ၉၅ ရာခိုင်နှုန်းရဲ့ အထောက်အထားတွေကို လျှို့ဝှက်ထားပါတယ်။
ထောင်နှင့်ချီတဲ့ သမိုင်းဝင် မာစတာရိုက်ကူးမှုတွေ၊ ဓာတ်ပုံတွေ နှင့် မူရင်းရုပ်ရှင်ဖလင်တွေအပြင် အမေရိကန်ရဲ့ အကြီးဆုံး ကုမ္ပဏီအချို့ရဲ့ အရန်ဒေတာစင်တာဖြစ်တဲ့ Room 48 တည်ရှိရာ နေရာလည်း ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။