အဖိုးတန်ပစ္စည်းတွေကို ခိုးယူခြင်းမှ ကာကွယ်သိမ်းဆည်းခြင်းနှင့် ပတ်သက်လာမယ်ဆိုရင် ကျွနိုပ်တို့ဗီရိုထဲက နေရာတစ်ခုခုကို ရွေးချယ်တာပဲ ဖြစ်ဖြစ် သို့မဟုတ် ကမ္ဘာတစ်ဝှမ်းရှိ အလုံခြုံဆုံးသော နေရာတွေ၊ မီးခံသံမဏီအခန်းတွေကို အသုံးပြုတာဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။
အောက်တွင် ကမ္ဘာပေါ်မှာ အထူးခြားဆုံးနဲ့ အလုံခြုံဆုံး မီးခံသံမဏီအခန်း နဲ့ နေရာများကို ထပ်မံ ဖော်ပြလိုက်ပါတယ်။
New York ရဲ့ Federal Reserve ဘဏ်
အဆိုပါ နေရာမှာ ကမ္ဘာ့ရွှေရဲ့ ၂၅ ရာခိုင်နှုန်း ရှိနေပါတယ်။
နယူးရောခ် ရဲ့ Federal Reserve Bank မှာ ဒေါ်လာ ၂၇၀ ဘီလီယံကျော်ရှိတဲ့ ရွှေတုံးတွေကို သုံးထပ် ဘန်ကာထဲမှာ ဝှက် ထားပါတယ်။
ရွှေအများစုဟာ အမေရိကန် သို့မဟုတ် နိုင်ငံခြားတိုင်းပြည်တွေက စတော့ရှယ်ယာ ၉၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။
မြေပြင်အောက် ပေ ၈၀ မှာ ဘက်ပေါင်းစုံမှ ကျောက်တုံးကြီးများဖြင့် ဝန်းရံထားပြီး ၎င်းအပေါ်မှာမှ ရွှေတုံး ၅၄၀,၀၀၀ (တန်ချိန် ၆,၂၀၀ ခန့်) ကို တန် ၉၀ သံမဏိတံခါးနောက်မှာ သော့ခတ်ထားပါတယ်။
Granite Mountain
၁၉၆၅ ခုနှစ်ကတည်းက Granite Mountain ဟာ Mormon Church ရဲ့ အစဉ်အဆက် စာကြည့်တိုက်ကို ကာကွယ် ထိန်း သိမ်းပေးခဲ့ပါတယ်။

စာကြည့်တိုက်ဟာ တောင်အောက် ပေ ၆၀၀ အကွာတွင် မြှုပ်နှံထားပြီး သန်းခေါင်စာရင်း မှတ်တမ်းတွေကနေ လူဝင်မှု ကြီး ကြပ်ရေး စာရွက်တွေအထိ ရုပ်ပုံပေါင်း ၃.၅ ဘီလီယံကို မိုက်ခရိုဖလင်ဖြင့် သိမ်းဆည်းထားပါတယ်။
စာရွက်စာတမ်းတွေကို နိုင်ငံပေါင်း ၁၀၀ ကျော်မှ မော်ကွန်းတိုက်တွေ၊ စာကြည့်တိုက်တွေ၊ ဘုရားကျောင်းတွေရဲ့ သဘောတူညီချက်များဖြင့် စုဆောင်းခဲ့ပါတယ်။
အဆိုပါနေရာကို သဘာဝအတိုင်း ရာသီဥတုကို ထိန်းချုပ်ထားသော်လည်း လက်နက်ကိုင်အစောင့်တွေနှင့် ၁၄ တန်ရှိတဲ့ နျူက လီးယားဗုံးဒဏ်ခံနိုင်တဲ့တံခါးတွေနဲ့ အကာအကွယ်ပေးထားပါတယ်။
Teikoku Bank
Enola Gayဟာ Little Boy ဗုံးကို ဟီရိုရှီးမားပေါ် ချလိုက်တဲ့အခါ မြို့နှင့် လူအများအပြားဟာ ဖျက်ဆီးခံခဲ့ရပါတယ်။
သို့သော်လည်း မြို့လယ်၊ ဘောလုံးကွင်း၊ Teikoku bank မှာရှိတဲ့ ပြတင်းပေါက်တွေသာ မပျက်စီးဘဲ ကျန်ရှိနေတာပါ။

အပြင်ပိုင်းကတော့ မီးမြှိုက်ထားသလို ဖြစ်နေသော်လည်း အတွင်းပိုင်းကတော့ ဘာမှမဖြစ်ခဲ့ပါဘူး
လုံခြုံစိတ်ချရမှုကို ဦးစားပေး တည်ဆောက်တဲ့ Mosler ကုမ္ပဏီဟာ အဆိုပါ အဖြစ်အပျက်ကို အသုံးချဖို့ စျေးကွက်ရှာဖွေရေး အခွင့်အလမ်းတစ်ခုအဖြစ် မြင်ခဲ့ပါတယ်။
နောက်ဆယ်စုနှစ်တစ်ခုအကြာမှာ ၎င်းတို့ရဲ့ထုတ်ကုန်တွေနဲ့ အရည်အသွေးနှင့်ပတ်သက်ပြီး ဝါကြွားဖို့အတွက် အဆိုပါ ကြေကွဲစရာဖြစ်ရပ်ကို အသုံးချခဲ့တာကို တွေ့ရပါတယ်။
Bank Of England ၏ ရွှေသိုလှောင်ရာ အလုံခန်း
ဗြိတိန် ရဲ့အကြီးဆုံး Bank Of England ရဲ့ ရွှေသိုလှောင်ရာ အခန်းတွင် ရွှေတန်ချိန် ၃၁၀ လောက် သိမ်းဆည်းထားပါတယ်။

ဗုံးဒဏ်ခံတံခါးကို သုံးပေရှည်တဲ့ သော့ပေါင်းများစွာဖြင့် ပြုလုပ်ထားပြီး ခေတ်မီဆန်းသစ်တဲ့ အသံမှတ်သားစနစ်ဖြင့်သော့ဖွင့်ထားပါတယ်။
တံခါးက ဘယ်လောက်လေးလဲ ဒါမှမဟုတ် ကြမ်းပြင်ကို ဘယ်လောက်နက်အောင် မြှုပ်ထားတယ်ဆိုတာကို ဘဏ်က မပြောထားပေမယ့် လန်ဒန်မှ ၄၇ ထပ် ရှိတဲ့ Tower 42 ထက် ပိုနေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
Bahnhof နဲ့ WikiLeaks
အမေရိကန် နိုင်ငံခြားရေး ဌာနဟာ အဆိုပါ အရာနဲ့ ပတ်သတ်ပြီး နှစ်သက်ခြင်းတော့ မရှိပါဘူး။
စတော့ဟုမ်းရဲ့ လမ်းမတွေအောက် ပေ ၁၀၀ အကွာမှာ မြှုပ်နှံထားတဲ့ နျူကလီးယား ဗုံးခိုကျင်းဟောင်းဟာ ဒေတာစင်တာများကြားမှာ နာမည်ဆိုးဖြင့်ကျော်ကြားပါတယ်။

ဆွီဒင် အင်တာနက် ဝန်ဆောင်မှုပေးတဲ့ Bahnhof ဟာ WikiLeaks အတွက် ဆာဗာတွေကို ထင်ရှားစွာ အကာအကွယ် ပြုလုပ်ထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
Julian Assange ရဲ့ တန်ဖိုးအရှိဆုံး ကွန်ပျူတာတွေကို အဆိုပါ ဒေတာဘန်ကာထဲမှာ သိမ်းဆည်းထားပြီး ၁ပေခွဲထူတဲ့ သံမဏိတံခါးနောက်တွင် ထားရှိကာ ရက်သတ္တပတ် များစွာကြာအောင် အလုပ်လုပ်နိုင်ဖို့အတွက် အရန်မီးစက်များဖြင့် မောင်းနှင်ကြောင်း သိရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။