ပထမကမ္ဘာစစ်တွင် လေတပ်စတင်အသုံးပြုခြင်း

History

ပထမကမ္ဘာစစ်ကြီးမှစ၍ လေယာဉ်ပျံများကို စစ်ဆင်မှုအတွက် အသုံးပြုလာခဲ့လေသည်။ ပထမတွင်လေယာဉ်ပျံများကို ရန်သူအခြေအနေကို အကဲခတ် ဓာတ်ပုံရိုက်ယူရန် ကင်းထောက်ရန်သာ အသုံးပြုခဲ့ကြသည်။ ထိုစဉ်က လေယာဉ်ပျံများမှာလည်း သေးငယ်သည့်အပြင် တစ်နာရီမိုင် ကိုးဆယ်မျှလောက်သာ ပျံသန်းနိုင်သေးသည်။

စစ်ဖြစ်စက အင်္ဂလိပ်တို့တွင် လေယာဉ်ပျံ အနည်းငယ်မျှသာ ရှိ၍ ပြင်သစ်တွင်မူ အများဆုံး ရှိလေသည်။ ဂျာမနီ၊ အင်္ဂလိပ်တို့တွင် ရှိသော လေယာဉ်ပျံ အရေအတွက်စုစုပေါင်းမှာ ၅၀၀ ခန့်မျှသာ ဖြစ်ရာ ပြင်သစ်တို့တွင် ၂၅၀ ခန့်ရှိခဲ့သည်။ စစ်ဖြစ်ပြီးနောက်တွင် ထိုနိုင်ငံများသည် လေယာဉ်ပျံများကို တိုးတက်ဆောက်လုပ်လာကြ၍ လေယာဉ်ပျံများ အသွားနှုန်းတိုးတက်အောင်နှင့် အလေးချိန် ပိုမိုသယ်ဆောင်နိုင်အောင် ပြုပြင် လုပ်ကိုင်ခဲ့ကြသည်။ ထို့ကြောင့် နောင်တစ်နှစ်ခန့် အကြာတွင် တစ်နာရီလျှင် ၁၇၅ မိုင်နှုန်းခန့် ပျံသန်းနိုင်သော လေယာဉ်ပျံများ တည်ဆောက်လာနိုင်ကြ၍ စက်သေနတ်နှင့် ဗုံးအလေးချိန် တစ်တန်ခန့်ကို သယ်ယူနိုင်ခဲ့သည်။ ထို့ကြောင့် လေယာဉ်ပျံများကို ဗုံးကြဲတိုက်ခိုက်ရန်နှင့် စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရန်အတွက် အသုံးပြုလာသဖြင့် လွန်စွာ အရေးပါလာလေသည်။

သို့ဖြစ်လေရာ လေတပ်သား တစ်ယောက်နှင့် ကြည်းတပ်သား တစ်ထောင် ညီမျှသည်ဟုပင် ဆိုလာလေသည်။ မကြာမီ လေကြောင်းတိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာခဲ့၍ တစ်ဖက်နှင့် တစ်ဖက် လေကြောင်း၌ ကြီးစိုးနိုင်ရန် ကြိုးစားခဲ့ကြလေသည်။ ၁၉၁၇ ခုနှစ် မကုန်မီ မဟာမိတ်တို့သည် အနောက်ဘက် စစ်မျက်နှာ၌ လေကြောင်းတွင် အရေးသာနေခဲ့၏။ ယင်းသို့ လေကြောင်းတွင် သူနိုင်ငါနိုင်ကြိုးစားကြသော်လည်း စင်စစ်မှာ အရှုံးအနိုင်တိုက်ခိုက်ရာ၌ လေကြောင်းတိုက်ပွဲများမှာ ပထမ ကမ္ဘာစစ်ကြီးအတွင်းက အရာမရောက်လှချေ။

ဂျာမနီသည် အင်္ဂလိန်ကို လေကြောင်းမှ တိုက်ခိုက်ရာ၌ ဇက်ပလင်ခေါ် ဗူးသီးပုံသဏ္ဌာန် လေသင်္ဘောများဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ထိုဇက်ပလင်လေသင်္ဘောများသည် ခရီးရှည် သွားလာနိုင်သော လေယာဉ်မျိုးဖြစ်သဖြင့် အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက် ဗုံးကြဲတိုက်ခိုက်ရန်အတွက် အလွန်အသုံးဝင်လေသည်။ ၁၉၁၅ ခုနှစ်မှ ၁၉၁၈ ခု မေလတိုင်အောင် အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံတို့မှ ဂျာမန်ဇက်ပလင်များ၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို မကြာခဏ ခံခဲ့ကြရသည်။

အင်္ဂလိပ်နှင့် ပြင်သစ်တို့ကလည်း လေယာဉ်ပျံတပ်စုများကို အသုံးပြုကြ၍ လည်းကောင်း၊ အားကောင်းလှသော မီးမောင်းများထိုးကာ လေယာဉ်ပျံပစ်အမြောက်များဖြင့်လည်းကောင်းတွန်းလှန် ခုခံကြသည်။ ဂျာမန်တို့ လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဆုံးရှုံးနစ်နာမှုများ၏ အရပ်ရပ်တန်ဖိုးမှာ ဒေါ်လာ ၁၀ သန်းခန့် ဖြစ်သည်။ သို့သော် ပြင်သစ်နိုင်ငံတွင် တစ်နေ့တည်း၌ ဇက်ပလင်ကြီး ငါးစင်းပျက်ကျ၍ တစ်စင်းအဖမ်းခံရပြီးနောက်တွင် ဂျာမန်တို့၏ လေကြောင်းတိုက်ခိုက်ခြင်းများ ရပ်စဲသွားလေတော့သည်။

ZawGyi

ပထမကမာၻစစ္တြင္ ေလတပ္စတင္အသုံးျပဳျခင္း

ပထမကမာၻစစ္ႀကီးမွစ၍ ေလယာဥ္ပ်ံမ်ားကို စစ္ဆင္မႈအတြက္ အသုံးျပဳလာခဲ့ေလသည္။ ပထမတြင္ေလယာဥ္ပ်ံမ်ားကို ရန္သူအေျခအေနကို အကဲခတ္ ဓာတ္ပုံ႐ိုက္ယူရန္ ကင္းေထာက္ရန္သာ အသုံးျပဳခဲ့ၾကသည္။ ထိုစဥ္က ေလယာဥ္ပ်ံမ်ားမွာလည္း ေသးငယ္သည့္အျပင္ တစ္နာရီမိုင္ ကိုးဆယ္မွ်ေလာက္သာ ပ်ံသန္းႏိုင္ေသးသည္။

စစ္ျဖစ္စက အဂၤလိပ္တို႔တြင္ ေလယာဥ္ပ်ံ အနည္းငယ္မွ်သာ ရွိ၍ ျပင္သစ္တြင္မူ အမ်ားဆုံး ရွိေလသည္။ ဂ်ာမနီ၊ အဂၤလိပ္တို႔တြင္ ရွိေသာ ေလယာဥ္ပ်ံ အေရအတြက္စုစုေပါင္းမွာ ၅၀၀ ခန႔္မွ်သာ ျဖစ္ရာ ျပင္သစ္တို႔တြင္ ၂၅၀ ခန႔္ရွိခဲ့သည္။ စစ္ျဖစ္ၿပီးေနာက္တြင္ ထိုႏိုင္ငံမ်ားသည္ ေလယာဥ္ပ်ံမ်ားကို တိုးတက္ေဆာက္လုပ္လာၾက၍ ေလယာဥ္ပ်ံမ်ား အသြားႏႈန္းတိုးတက္ေအာင္ႏွင့္ အေလးခ်ိန္ ပိုမိုသယ္ေဆာင္ႏိုင္ေအာင္ ျပဳျပင္ လုပ္ကိုင္ခဲ့ၾကသည္။ ထို႔ေၾကာင့္ ေနာင္တစ္ႏွစ္ခန႔္ အၾကာတြင္ တစ္နာရီလွ်င္ ၁၇၅ မိုင္ႏႈန္းခန႔္ ပ်ံသန္းႏိုင္ေသာ ေလယာဥ္ပ်ံမ်ား တည္ေဆာက္လာႏိုင္ၾက၍ စက္ေသနတ္ႏွင့္ ဗုံးအေလးခ်ိန္ တစ္တန္ခန႔္ကို သယ္ယူႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ ေလယာဥ္ပ်ံမ်ားကို ဗုံးႀကဲတိုက္ခိုက္ရန္ႏွင့္ စက္ေသနတ္ျဖင့္ ပစ္ခတ္တိုက္ခိုက္ရန္အတြက္ အသုံးျပဳလာသျဖင့္ လြန္စြာ အေရးပါလာေလသည္။

သို႔ျဖစ္ေလရာ ေလတပ္သား တစ္ေယာက္ႏွင့္ ၾကည္းတပ္သား တစ္ေထာင္ ညီမွ်သည္ဟုပင္ ဆိုလာေလသည္။ မၾကာမီ ေလေၾကာင္းတိုက္ပြဲမ်ား မၾကာခဏ ျဖစ္ပြားလာခဲ့၍ တစ္ဖက္ႏွင့္ တစ္ဖက္ ေလေၾကာင္း၌ ႀကီးစိုးႏိုင္ရန္ ႀကိဳးစားခဲ့ၾကေလသည္။ ၁၉၁၇ ခုႏွစ္ မကုန္မီ မဟာမိတ္တို႔သည္ အေနာက္ဘက္ စစ္မ်က္ႏွာ၌ ေလေၾကာင္းတြင္ အေရးသာေနခဲ့၏။ ယင္းသို႔ ေလေၾကာင္းတြင္ သူႏိုင္ငါႏိုင္ႀကိဳးစားၾကေသာ္လည္း စင္စစ္မွာ အရႈံးအႏိုင္တိုက္ခိုက္ရာ၌ ေလေၾကာင္းတိုက္ပြဲမ်ားမွာ ပထမ ကမာၻစစ္ႀကီးအတြင္းက အရာမေရာက္လွေခ်။

ဂ်ာမနီသည္ အဂၤလိန္ကို ေလေၾကာင္းမွ တိုက္ခိုက္ရာ၌ ဇက္ပလင္ေခၚ ဗူးသီးပုံသဏၭာန္ ေလသေဘၤာမ်ားျဖင့္ တိုက္ခိုက္ခဲ့ၾကသည္။ ထိုဇက္ပလင္ေလသေဘၤာမ်ားသည္ ခရီးရွည္ သြားလာႏိုင္ေသာ ေလယာဥ္မ်ိဳးျဖစ္သျဖင့္ အဂၤလန္ႏွင့္ ျပင္သစ္ႏိုင္ငံမ်ားသို႔ သြားေရာက္ ဗုံးႀကဲတိုက္ခိုက္ရန္အတြက္ အလြန္အသုံးဝင္ေလသည္။ ၁၉၁၅ ခုႏွစ္မွ ၁၉၁၈ ခု ေမလတိုင္ေအာင္ အဂၤလန္ႏွင့္ ျပင္သစ္ႏိုင္ငံတို႔မွ ဂ်ာမန္ဇက္ပလင္မ်ား၏ ဗုံးႀကဲတိုက္ခိုက္ျခင္းကို မၾကာခဏ ခံခဲ့ၾကရသည္။

အဂၤလိပ္ႏွင့္ ျပင္သစ္တို႔ကလည္း ေလယာဥ္ပ်ံတပ္စုမ်ားကို အသုံးျပဳၾက၍ လည္းေကာင္း၊ အားေကာင္းလွေသာ မီးေမာင္းမ်ားထိုးကာ ေလယာဥ္ပ်ံပစ္အေျမာက္မ်ားျဖင့္လည္းေကာင္းတြန္းလွန္ ခုခံၾကသည္။ ဂ်ာမန္တို႔ ေလေၾကာင္းမွ တိုက္ခိုက္ျခင္းေၾကာင့္ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔ ဆုံးရႈံးနစ္နာမႈမ်ား၏ အရပ္ရပ္တန္ဖိုးမွာ ေဒၚလာ ၁၀ သန္းခန႔္ ျဖစ္သည္။ သို႔ေသာ္ ျပင္သစ္ႏိုင္ငံတြင္ တစ္ေန႔တည္း၌ ဇက္ပလင္ႀကီး ငါးစင္းပ်က္က်၍ တစ္စင္းအဖမ္းခံရၿပီးေနာက္တြင္ ဂ်ာမန္တို႔၏ ေလေၾကာင္းတိုက္ခိုက္ျခင္းမ်ား ရပ္စဲသြားေလေတာ့သည္။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *