ကမ္ဘာ့အဖြူဆုံး အဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့သည့် သုတ်ဆေး နှင့် ၎င်း၏ အသုံးဝင်မှု

Innovation Tech

Purdue တက္ကသိုလ်မှ သုတေသီများဟာ အလွန်ဖြူတဲ့ သုတ်ဆေးကို တီထွင်ခဲ့ပြီး အဆောက်အဦးတစ်ခုလုံးကို သုတ်ထားမယ်ဆိုလျှင် ၎င်းဟာ လေအေးပေးစက် လိုအပ်ချက်ကို လျော့ချနိုင် သို့မဟုတ် ဖယ်ရှားနိုင်သည့် အစွမ်းရှိတယ် လို့ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ပါတယ်။

အမှန်တော့ ၎င်းသုတ်ဆေးဟာ အလွန်ဖြူပါတယ်။ ၎င်းကို ကမ္ဘာ့အဖြူဆုံးသုတ်​​ဆေး အ​ဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဆု ချီးမြှင့်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက Purdue အဖွဲ့ဟာ နောက်ဆုံး အဖြူရောင်သုတ်ဆေးထုတ်လုပ်ပုံသေနည်းကို ဖော်ပြခဲ့ကြပြီး ၎င်းဟာ အလင်းရဲ့ ၉၈.၁ ရာခိုင်နှုန်းအထိ ရောင်ပြန်ဟပ်တယ်ဟု ဆိုပါတယ်။

သုတေသီတွေဟာ သုတို့ရဲ့ သုတ်ဆေးအတွက် ရောင်ပြန်နိုင်​သော မတူညီတဲ့ ပစ္စည်းအမျိုး တစ်ရာကျော်ကို စမ်းသပ်ခဲ့ကြပြီး နောက်ဆုံးမှာ ဓာတ်ပုံစက္ကူ နှင့် အဖြူရောင်အလှကုန်များ ပြုလုပ်ရာတွင် သုံးလေ့ရှိသော barium sulfate ဟုခေါ်တဲ့ အလွန်ပြင်းထန်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခုကို အသုံးပြု၍ အ​ခြေချ တီထွင်ခဲ့ကြပါတယ်။

သုတေသီတွေဟာ သူတို့၏သုတ်ဆေးတွင် မတူညီသော barium sulfate အမှုန့်အရွယ်အစားအမျိုးမျိုးကို အသုံးပြု၍ ၎င်းတို့ဟာ နေမှလာတဲ့ ပိုမို​မြင့်မားတဲ့ အလင်းရောင်လှိုင်းတွေကို ပျံ့ကျဲစေပါတယ်။

အနီအောက်ရောင်ခြည်ကင်မရာ ပုံရိပ်တွင် အဆိုပါအဖြူရောင်နေရာမှ အေးမြနေပုံ (ညာ) Credit: PURDUE

Purdue မှ စက်မှုအင်ဂျင်နီယာပါမောက္ခ Xiulin Ruanရဲ့ podcast ဇာတ်လမ်းတွဲတစ်ခုတွင် “ကျွန်တော်တို့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဒီစီမံကိန်းကို စလုပ်တဲ့အချိန်မှာ စွမ်းအင်ချွေတာဖို့ နဲ့ ရာသီဥတုပြောင်းလဲတာကို တန်ပြန်နိုင်ဖို့အတွက်ဘဲ ငါတို့စိတ်ထဲမှာ ရှိခဲ့တယ်” ဟုပြောကြားခဲ့ပါတယ်။

ဗဟို လေအေးပေးစက်ကြီးများထက် ပိုအစွမ်းထက်သော သုတ်ဆေး

အဖွဲ့ဟာ သူတို့သုတ်ဆေးကို နေရောင်ခြည်အား အဆောက်အဦးကနေ အဝေးသို့ အလင်းပြန်သွားစေရန် တီထွင်ခဲ့ကြပါတယ်။

သူတို့ တီထွင်လိုက်တဲ့ သုတ်ဆေးဟာ နေရောင်ကလာတဲ့ အပူကို စုပ်ယူတာနည်းတဲ့အတွက် အပေါ်ယံ မျက်နှာပြင်ကိုတောင် အေးစေနိုင်ပြီး လေအေးပေးစက် လိုအပ်ချက်ကို လျှော့ချပေးနိုင်ပါတယ်။

ယနေ့စျေးကွက်တွင် စီးပွားဖြစ် ရောင်းချနေသော သုတ်ဆေးတွေဟာ နေရောင်ခြည်ရဲ့ ရောင်ပြန်ဟပ်မှုကို ၈၀ မှ ၉၀ ရာခိုင်နှုန်းအကြား ရှိပြီး မျက်နှာပြင်ကို မအေးစေတာကို တွေ့ရပါတယ်။

ဒါကြောင့် ယခု တီထွင်လိုက်တဲ့ သုတ်ဆေးဟာ သဘာဝ ပတ်ဝန်းကျင် အပေါ် လေအေးပေးစက်ရဲ့ အန္တရယ်ရှိတဲ့ သက်ရောက်မှုတွေကို လျော့ချပေးဖို့ ကူညီနိုင်မည့် အလွန်ကောင်းသော ခြေလှမ်းဖြစ်ပါတယ်။

Purdue အဖွဲ့က ခန့်မှန်းခြေအားဖြင့် ၁၀၀၀ စတုရန်းပေ (၉၂ စတုရန်းမီတာ) ရှိတဲ့ ခေါင်မိုးတစ်ခုကို ၎င်းဆေးသုတ်ထားမယ်ဆိုလျှင် ၁၀ ကီလိုဝပ်နှင့် ညီမျှသော အအေးဓာတ်ပေးနိုင်တယ် ဟုဆိုပါတယ်။

၎င်း၏ နမူနာ သုတ်ဆေးနှင့် အတူ တွေ့ရှိရသည့် ပါမောက္ခ Xiulin Ruan Credit: PURDUE

Xiulin Ruan ၏ အဆိုအရ “ဒါဟာ အိမ်အများစုမှာ အသုံး​ပြုသော ဗဟိုလေအေးပေးစက်များထက် ပိုအစွမ်းထက်တယ်” ဟုဆိုပါတယ်။

ရာသီဥတုပြောင်းလဲခြင်းဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အပူလှိုင်းများ မြင့်တက်စေသောကြောင့် ဖြစ်ပြီး လေအေးပေးစက်မှ ဓာတ်အားလိုင်းပေါ်ရှိ ဖိအားတိုးမှုကို လျော့ချပေးနိုင်မည့် ဆန်းသစ်သော နည်းလမ်းများ လိုအပ်ပါတယ်။

နောက်ထပ်လက်ရှိ ဥပမာအနေနဲ့ စင်ကာပူနိုင်ငံက သုတေသီတွေက radiative cooling မှတဆင့် အိမ်တွင်း နေရာတွေကို အေးစေတဲ့ အအေးပြွန်များကို တွေ့ရှိခဲ့ကြပါတယ်။

တီထွင်တဲ့နည်းပညာရှင်တွေက အိမ်အတွင်းမှာ အေးနေပြီဆိုလျှင် ပြတင်းပေါက်များ ဖွင့်ထားလို့လဲ ရပါတယ် ဟု ဆိုပါတယ်။

The Purdue မှ သုတေသီများက ၎င်းတို့ဟာ သုတ်ဆေး တွေကို ဒီထက်တောင် ဖြူအောင် ထုတ်လုပ်နိုင်ပေမယ့် အခု အသုံးပြုထားတဲ့ ဖော်မြူလာဟာ စီပွားရေးအရ ပြင်လွယ် ပြောင်းလွယ် ဖြစ်တယ်လို့ ဆိုပါတယ်။

သုတေသီများက ၎င်းတို့အ​နေဖြင့် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းပြီး မကြာမီမှာဘဲ စျေးကွက်ပေါ် ရောက်ရှိလာပါမည် ဟုပြောကြားခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.