နက္ခတ္တဗေဒကို အလွန်ချစ်သော နီကိုးလ် အိုလီဗီရာဆိုသူ အသက် ၇ နှစ်အရွယ် ဘရာဇီးမိန်းကလေးဟာ မကြာသေးမီက ဂြိုဟ်သိမ်ဂြိုဟ်မွှား ၇ လုံးကို တွေ့ရှိခဲ့သည့် ကမ္ဘာ့အသက်ငယ်ဆုံး နက္ခတ္တဗေဒပညာရှင်ဖြစ်လာခဲ့ပါတယ်။
နီကိုးလ်ဟာ သူမ နှစ်နှစ်သမီအရွယ် ကတည်းက အာကာသနှင့်နက္ခတ္တဗေဒကို စတင် စိတ်ဝင်စားခဲ့တာပါ။
သူမဟာ ‘Asteroid Hunt’ နိုင်ငံသား သိပ္ပံအစီအစဉ်တွင် ပါဝင်ခဲ့ပါတယ်။၎င်းဟာ အပြည်ပြည်ဆိုင်ရာ နက္ခတ္တဗေဒဆိုင်ရာ ရှာဖွေရေး ပူးပေါင်းဆောင်ရွက်မှုမှ ဦးဆောင်ခဲ့ပြီး နာဆာ (NASA) ပါဝင်ပါတယ်။ နီကိုးလ်ရဲ့ပါဝင်မှုက ဂြိုဟ်သိမ်ဂြိုဟ်မွှား ခုနှစ်ခု ရှာဖွေတွေ့ရှိမှုကို ဦးဆောင်ခဲ့တာပါ။
သူမကို ပြီးခဲ့သည့်လက ဘရာဇီးလ်သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု ၀န်ကြီးဌာနမှ ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ နက္ခတ္တဗေဒနှင့်လေကြောင်း ပို့ဆောင်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ဟောပြောပို့ချပေးရန် တောင်းဆိုခံရပါတယ်။ ဒါဟာဝန်ကြီးဌာနက ကိုယ်တိုင်ကပြုလုပ်ခဲ့တာပါ။

သူမဟာ ဗဟုသုတ များစွာရှိပြီး အသက်ငယ်ရွယ် သော်ငြားလည်း သူမ၏ ဇာတိမြို့ရှိ ကျောင်းများတွင် သင်ကြားပို့ချနေသူဖြစ်ပါတယ်။ သူမဟာ Centro de Estudos Astronômico de Alagoas (CEAAL) ၏ Alagoas နက္ခတ္တဗေဒ လေ့လာရေးစင်တာတွင် အငယ်ဆုံးအဖွဲ့ဝင် ဖြစ်သည်ကိုသိရှိပြီးနောက် ဘရာဇီး ဝန်ကြီးဌာနက သူ့မကိုဖိတ်ကြားခဲ့တာပါ။
နီကိုးလ် နှစ်နှစ်သာ ရှိသေးသည့်အရွယ်က သူမဟာ သူမ၏မိခင်ကိုကြယ်တစ်လုံး တောင်းခဲ့ပါတယ်။အရုပ်ကြယ်ပွင့်တစ်လုံးရခဲ့ပါတယ်။သူမရဲ့ နက္ခတ္တဗေဒဆိုင်ရာ ရှာဖွေ ပါဝင်မှုများအတွက် အပြည်ပြည်ဆိုင်ရာ နက္ခတ္တဗေဒဆိုင်ရာ ရှာဖွေရေးပူးပေါင်းဆောင်ရွက်မှုမှ သူမအား ဂုဏ်ပြုလိမ့်မည်ဟု သူမရဲ့မိဘများမသိခဲ့ပါဘူး။
နီကိုးလ် အသက် ၆ နှစ်မှာ CEAAL က ဦးဆောင် ကျင်းပသော သင်တန်းတွင်ပါ၀င်ခဲ့ပါတယ်။ သူမ၏မိဘများအရ သူမဟာ စာသင်ကြားမှုအားလုံးကို တက်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် စာမေးပွဲဖြေဆို အောင်မြင်ခဲ့ပါတယ်။
ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ငယ်ရွယ်သော နက္ခတ္တဗေဒပညာရှင်သူမဟာ ကိုယ်ပိုင်ယူကျုရုပ်သံလိုင်းကို တီထွင်ခဲ့ပြီး သူမဟာ အခြားနက္ခတ္တဗေဒပညာရှင် သူငယ်ချင်းသုံးယောက်နှင့်အတူဂြိုဟ်သိမ်များနှင့်အာကာသအကြောင်းပြောဆိုခဲ့တယ်လို့ဆိုပါတယ်။