တစ်ကိုယ်တော် ကမ္ဘာပတ် ပျံသန်းပြီး အသက်အငယ်ဆုံးလေယာဉ်မှူးဖြစ်လာ

History News

၁၈ နှစ်အရွယ် ဆယ်ကျော်သက်လူငယ်‌ ထရာဗစ်လုဒ်လို(Travis Ludlow)ဟာ အင်ဂျင်တစ်လုံးတပ် လေယာဉ်ဖြင့် ၆ ပတ်ကြာ တစ်ကိုယ်တော် ကမ္ဘာပတ် ပျံသန်းပြီး ကမ္ဘာ့အသက်အငယ်ဆုံး လေယာဉ်မှူးဖြစ်လာခဲ့ပါတယ်။

ယူကေ၊ ဘတ်ကင်ဟမ်ရှိုင်းယား(Buckinghamshire) , Ibstone မှ ဆယ်ကျော်သက်လူငယ် ထရာဗစ်လုဒ်လို(Travis Ludlow)ဟာ မိုင်ပေါင်း ၂၅,၀၀၀ မိုင် ခရီးကို ၄၄ ရက်ကြာအောင် ပျံသန်းပြီးနောက် နယ်သာလန်နိုင်ငံသို့ (၁၂.၇.၂၀၂၁) အင်္ဂါနေ့ အစာပိုင်းတွင် ဆိုက်ရောက်ခဲ့ပြီး အသက်အငယ်ဆုံးလေယာဉ်မှူးအဖြစ် ဂင်းနစ်စံချိန်သစ် ရေးထိုးနိုင်ခဲ့ပါတယ်။

Travis Ludlow ဟာ အသက် ၁၈ နှစ်နှင့် ၁၅၀ ရက် ရှိပြီး ယခင်စံချိန်တင်သူထက် ၁၃ ရက် ငယ်ပါတယ်။ ယခင်၂၀၁၈ ခုနှစ် အောက်တိုဘာတွင် စံချိန်တင်ထားသူ အမေရိကန်နိုင်ငံသား မာစန် အန်ဒရူး (Mason Andrews) မှာ အသက် ၁၈နှစ်နှင့် ၁၆၃ ရက် ဖြစ်ပါတယ်။

သူ၏ လေယာဉ်မှာ အင်ဂျင်တစ်လုံးတပ် လေယာဉ်အမျိုးအစား Cessna 172 N5010 လေယာဉ်ဖြစ်သဖြင့် အလွန်ခက်ခဲသောခရီးဖြစ်ခဲ့ပြီး တစ်နေ့ ၈ နာရီမောင်းနှင်ခဲ့ပါတယ်။တစ်ခါတစ်ရံ မိုင် ၁၀၀၀ ကို မရပ်မနား မောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

Travis ဟာ လွန်ခဲ့သော ၄၄ ရက် (မေလ၂၉)က သူ၏ကမ္ဘာ့စံချိန်တင်ကြိုးပမ်းမှု ခရီးစဥ်ကို နယ်သာလန်နိုင်ငံ၊ Teuge မှ စတင်ခဲ့ပြီး နယ်သာလန်မှာပဲ အဆုံးသတ်ခဲ့တာပါ။

နယ်သာလန်၊ပိုလန်၊ ရုရှား၊ အမေရိကန်၊ ကနေဒါ၊ ဂရင်းလန်း၊ အိုက်စလန်၊ ယူကေ၊ အိုင်ယာလန်၊ စပိန်၊ မော်ရိုကို၊ပြင်သစ်နှင့်ဘယ်လ်ဂျီယံများဆီသို့ ပျံသန်းခဲ့တာပါ။

ကမ္ဘာ့စံချိန်ကိုချိုးဖောက်ရန် ထရာဗစ် ၏ လမ်းကြောင်းသည် မိုင်ပေါင်း ၂၄,၅၂၀ ကိုဖြတ်ကျော်ခဲ့ရပါတယ်။

ဒါဟာ “ထူးဆန်းတဲ့ ခံစားမှု”ဖြစ်တယ်လို့ သူကပြောပါတယ်။

ဆယ်ကျော်သက်လေယာဉ်မှူးက ရက်သတ္တပတ်များအတွင်း ပထမဆုံးအကြိမ်ပြောကြားခဲ့တာက‌တော့ သူဟာ စောစောထခြင်း၊ အိပ်ရာနောက်ကျခြင်း၊ သူပျံသန်းရမည့်ခက်ခဲသည့်မြေပြင်အနေအထားသို့မဟုတ်မုန်တိုင်းများအကြောင်း စိတ်ပူစရာမလိုခဲ့ဘူးလို့ဆိုပါတယ်။

“ဒါဟာထူးဆန်းတဲ့ခံစားမှုတစ်ခုပါ။ ဒီနေရာမှာငါရောက်နေပြီ။ မနက်ဖြန်မှာဘာမှပူစရာမလိုတော့ဘူး။ ဒါကထူးဆန်းပါတယ်”

ထရာဗစ်ဟာ အသက် ၁၂ နှစ်က ပျံသန်းမှုကို စတင်ခဲ့ပြီး အသက် ၁၄ နှစ်တွင် ယူကေနိုင်ငံ၏ အသက်အငယ်ဆုံး လေယာဉ်မှူးဖြစ်လာခဲ့သူပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *