ဟန်ဂေရီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Szinpetri ရွာငယ်လေးတစ်ရွာမှာတော့ လူဦးရေ ၃၀၀ အောက်သာရှိ ပေမယ့် ကမ္ဘာ့အကြီးဆုံးလက်လုပ်စာအုပ်ကြီးတစ်အုပ်ရှိပါတယ်။
ဒီကြီးမားတဲ့စာအုပ်ကြီးကို ရိုးရာလက်မှုပညာတွေ ထည့်သွင်းပေါင်းစပ်ပြီး ဖန်တီးပြုလုပ်ထားတာပါ။

ဒီကြီးမားတဲ့စာအုပ်ကြီးကို အသက် ၇၁ နှစ်အရွယ် ဘီလာဗာဂါ ဆိုသူက ဖန်တီးခဲ့တာပါ။
စာအုပ်ရဲ့အရွယ်အစားက ၄.၁၈ မီတာ × ၃.၇၇ မီတာ ဖြစ်ပါတယ်။ စာမျက်နှာပေါင်း ၃၄၆ မျက်နှာရှိပြီး အလေးချိန်ကတော့ ၁၄၂၀ ကီလိုဂရမ် ရှိကာ ဒေသ၏ သစ်ပင်ပန်းမန်များ ၊ သတ္တဝါများ ၊ ဂူများနှင့် ဗိသုကာပညာများအကြောင်း ရေးသားထားပါတယ်။
စာအုပ်ရဲ့ အရွယ်အစားဟာ ကြီးမားလွန်းတာကြောင့် စာရွက်တစ်ရွက်လှန်ဖို့ လူ ၆ ယောက် လိုအပ်တယ်လို့ဆိုပါတယ်။
စာအုပ်ရဲ့ အရွယ်အစားသာမက နည်းစနစ်များကလည်း ထူးခြားလှပါတယ်။ ၎င်းကို ရှေးဟာင်း သင်္ကေတ အမှတ်အသားများ ၊ဆွီဒင်မှသစ်သားစားပွဲများနှင့် အာဂျင်တီးနားမှ နွား ၁၃ ကောင်၏သားရေဖြင့် ပြုလုပ်ထားတယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် ဒီစာအုပ်ကြီးကို ဂင်းနစ် အဖွဲ့က ကမ္ဘ့ာအကြီးဆုံးစာအုပ်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး

ဒါ့ကြောင့် ဒီစာအုပ်ကြီးကို ဂင်းနစ် အဖွဲ့က ကမ္ဘ့အကြီးဆုံးစာအုပ်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။