ခန္ဓာကိုယ်ထဲမှာတောင် အလုပ်လုပ်နိုင်မယ့် ဖုန်မှုန့်အရွယ် ကမ္ဘာ့အသေးဆုံး ဘတ္ထရီအကြောင်း

Innovation Tech

အဆိုပါ ကမ္ဘာ့အသေးငယ်ဆုံး ဘတ္ထရီဟာ ဖုန့်မှုန့် အရွယ်အစားပဲ ရှိတာပါ။

Chemnitz University of Technology မှ သိပ္ပံပညာရှင်တွေဟာ လူ့ခန္ဓာကိုယ် အတွင်း သေးငယ်တဲ့ အာရုံခံ ကိရိယာတွေကို စွမ်းအင် ပေးနိုင်ပြီး Swiss-roll ပုံစံတုပထားတဲ့ ကမ္ဘာ့အသေးဆုံး ဘတ္ထရီကို အောင်မြင်စွာ တီထွင်နိုင်ခဲ့​ကြပါတယ်။

စွမ်းအင်သိုလှောင်မှုနည်းပညာမှာ အောင်မြင်မှုရရှိမှုတဲ့ အဆိုပါ ကမ္ဘာ့အသေးဆုံး ဘတ္ထရီကို Swiss-Roll ဟုခေါ်တဲ့ ကိတ်လိတ် ပုံစံ ဖန်တီးထားခြင်းဖြစ်ပါတယ်။

Advanced Energy Materials ဂျာနယ်တွင် ထုတ်ဝေတဲ့ စာတမ်းတစ်ခုမှာ သုတေသီတွေက တင်းမာနေတဲ့ မျက်နှာပြင်ပေါ်သို့ ပိုလီမာ၊ သတ္တုနှင့် လျှပ်စစ် ပစ္စည်းများဖြင့် ပြုလုပ်ထားတဲ့ လျှပ်ကူးပစ္စည်း အလွှာတွေရဲ့ အလုပ်လုပ်ပုံကို အသေးစိတ်ဖော်ပြထားပါတယ်။

အဆိုပါ အလွှာတစ်ခုချင်းစီကို ဖယ်ထုတ်လိုက်မယ်ဆိုရင် ၎င်းတို့ဟာ မျက်နှာပြင်ပေါ်ရှိ မာကျောမှု တွေကို လျော့ချပေးမှာဖြစ်ပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက် လှည့်ပတ်ကာ စွမ်းအင်ပေးဆောင်မှာပဲ ဖြစ်ပါတယ်။

Image: Adapted from Wiley Online Library

သိပ္ပံပညာရှင်တွေက ရလဒ်ကောင်းတွေ ထွက်ပေါ်တဲ့ အဆိုပါ အရာကို “self-wound cylinder micro-battery” ဟု သတ် မှတ်ထားပါတယ်။

ဖုန်မှုန့်ကဲ့သို့ သေးငယ်တဲ့ ဘက်ထရီ

အဆိုပါ အလွန်သေးငယ်တဲ့ မိုက်ခရို ဘတ္ထရီဟာ အကြမ်းဖျင်းအားဖြင့် တစ်စတုရန်း မီလီမီတာရှိတဲ့ ဖုန်မှုန့် အရွယ်အစားသာရှိပြီး ၎င်းရဲ့ အနည်းဆုံး စွမ်းအင်သိပ်သည်းဆမှာ တစ်စတုရန်းစင်တီမီတာကို တစ်နာရီ 100 မိုက်ခရိုဝပ်ပေးဆောင်နိုင်ပါတယ်။

လေ့လာမှု ဦးဆောင်သူ ပါမောက္ခ Oliver Schmidt ရဲ့ ပြောကြားချက်အရ အဆိုပါ သိပ်သည်းဆဟာ အချိန်နှင့်အမျှ တိုး တက် လာမှာဖြစ်ပြီး ၎င်းနည်းပညာအတွက် ကြီးမားပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်တဲ့ အလားအလာ ကောင်းတွေလည်း ရှိနေပြီဟု ဆိုပါတယ်။

ဒါ့အပြင် အနာဂတ်မှာ ပိုမို အားကောင်းတဲ့ မိုက်ခရို ဘတ္ထရီ တွေကို တီထွင် ထုတ်လုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ် ဟု Schmidt က ဆက်လက် ရှင်းပြခဲ့ပါတယ်။

Image: Courtesy of Chemnitz University of Technology

အဆိုပါ ဘတ္ထရီဟာ အရွယ်အစားအားဖြင့် သိသာထင်ရှားစွာ သေးငယ်သော်လည်း တီထွင်သူ သိပ္ပံပညာရှင်တွေဟာ ၎င်းကို လူ့ခန္ဓာကိုယ်ရှိ ဇီဝအာရုံခံ​တွေအတွက် သေးငယ်တဲ့ ချစ်ပ်ပြားတွေမှာ အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မိုက်ခရိုဘက်ထရီတွေဟာ ကမ္ဘာ့အသေးဆုံး ကွန်ပြူတာ ချစ်ပ်တွေကို အကြမ်းဖျင်း 10 နာရီကြာ စွမ်းအင် ထုတ် ပေးနိုင်ပြီး ဇီဝအာရုံခံကိရိယာတွေမှာလည်း ကောင်းမွန်စွာ အသုံးပြုနိုင်တယ်ဟု ဆိုပါတယ်။

မကြာသေးမီကလည်း MITမှ သုတေသီတွေဟာ တစ်ကီလိုမီတာအရှည်ရှိတဲ့ ဖိုက်ဘာ ဘက်တ္ထရီတွေကို တီထွင်ခဲ့ပါသေးတယ်။

ကွေးညွှတ်နိုင်ပြီး ပြန့်ကားနိုင် ကျုံ့နိုင်တဲ့ စွမ်းအင် သိုလှောင်တဲ့ ကိရိယာများဟာ လူတွင် ဝတ်ဆင်ရတဲ့ အနာဂါတ် အီလက်ထရွန်းနစ် ပစ္စည်များတွင် တပ်ဆင်အသုံးပြုဖို့အတွက် ကြီးမားတဲ့ အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် သုတေသီများဟာ အပြိုင်အဆိုင် ထုတ်လုပ်ဖို့ ကြိုး စားနေကြတာ ဖြစ်ပါတယ်။

အဆိုပါ ဖိုက်ဘာ ဘက်တ္ထရီတွေ အကြောင်းကို “ကီလိုမီတာအရှည်အထိ ဆန့်နိုင်မယ့် ဖိုက်ဘာဘတ္တရီ အမျိုးအစားသစ် အကြောင်း” ခေါင်းစဉ်ဖြင့်‌ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ရေငုပ်သင်္ဘောငယ်တွင် ဖိုက်ဘာကြိုး ဘတ္တရီကို ရစ်ပတ်ထားပုံ Image: Courtesy of MIT

ယခုအခါ ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးကို ရုပ်ကြွင်းလောင်စာသုံးစွဲမှုကနေ ဝေးကွာအောင် ကူညီပေးဖို့အတွက် သိပ္ပံပညာရှင်တွေအနေနဲ့ အနာဂတ်စက်ပစ္စည်းတွေမှာ ပါဝါရရှိဖို့ စွမ်းအင်သိုလှောင်မှုဖြေရှင်းချက်အမျိုးမျိုးကို တီထွင်ရမှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.