ဂျိမ်းစ်ဘွန်း၏ အဆိုးဝါးဆုံးသော လွဲချော်မှုများ

Knowledge

ကျွန်တော်တို့အားလုံးဟာ အကျော်ကြားဆုံး လျှို့ဝှက်အေ့ဂျင့် ဂျိမ်းစ်ဘွန်း ကို ရုပ်ရှင် များမှတဆင့် ရင်းရင်းနှီးနှီး သိရှိကြပါတယ်။

၎င်းဟာ ထောက်လှမ်းရေး အရာရှိ တစ်ဦးဖြစ်ပြီး MI-6 ၏ အကြီးအကဲကို တိုက်ရိုက် အစီရင်ခံနိုင်တဲ့ အခွင့်အရေးရှိပါတယ်။

ဂျိမ်းစ်ဘွန်းဟာ စိတ်ကူးယဉ် ဇာတ်ကောင်ဖြစ်ပေမယ့် အတော့်ကို အညံ့ဖျင်းဆုံး အေးဂျင့် တစ်ယောက်ဖြစ်တယ်ဆိုတာ အကြောင်းများစွာရှိပါတယ်။

အဲဒီ့ထဲမှ 007 လို့ခေါ်တဲ့ ဂျိမ်းစ်ဘွန်း၏ အေးဂျင့် တစ်ယောက်အနေဖြင့် ထိပ်ဆုံးက လွဲမှားနေတဲ့ အလွဲများကို ဖော်ပြလိုက်ရပါတယ်။

ပစ္စတိုကို လေယာဉ်ပေါ်မှာ အမြဲသယ်

သူဟာ သာမန် အများပြည်သူသုံး လေယာဉ်တွေကို အသုံးပြုပြီး အင်္ကျီအတွင်းမှာ ပစ္စတိုကိုထည့်ကာ လေဆိပ်ထဲမှာ လျှောက်သွားနေလေ့ ရှိပါတယ်။ ဒါကို ဘယ်လုံခြုံရေးကမှ စစ်ဆေးခြင်းမရှိပါဘူး။

တကယ်ဖြစ်သင့်တာကတော့ သူဟာ လေယာဉ်ပေါ်မှာ ရှိနေစဉ်မှာ ဒီလို ထည့်မလာသင့်ဘဲ လေယာဉ်ဆိုက်ရောက်ပြီး သူသွားရမည့် နေရာရောက်မှသာ လက်နက်ကို လက်ဝယ်ရှိသင့်တာ ဖြစ်ပါတယ်။

အပြင်လောကမှ အေးဂျင့် စစ်စစ်တွေဟာ ဒါမျိုးလုပ်ဖို့ မဖြစ်နိုင်ပါဘူး။

သူရဲ့ သန်းချီတန်တဲ့ အထူးအသုံးအဆောင်တွေကို အမြဲဖျက်စီးပစ်လေ့ရှိ

ဂျိမ်းစ်ဘွန်းဆီမှာ အမြဲလိုလို ဒေါ်လာ သန်းချီတန်တဲ့ လက်နက်တွေ၊ အသုံးအဆောင်တွေနဲ့ ယာဉ်တွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီ့ပစ္စည်းတွေ အကုန်လုံးဟာ ဘယ်တော့မှ အကောင်းအတိုင်း မကျန်ပါဘူး။

တကယ်တော့ ဒီလို နည်းပညာမြင့် ပစ္စည်းတွေဆိုတာ အထူး ဂရုစိုက်ပြီး အသုံးချရမှာ ဖြစ်ပါတယ်။

သူဟာအမြဲ အဖမ်းခံရ

အဆင့်အတန်း မြင့်မြင့် လေ့ကျင့်ထားတဲ့ အေးဂျင့်တစ်ယောက်ဟာ ၎င်း၏ ပတ်ဝန်းကျင်ကို အမြဲ ဂရုစိုက်ရမှာဖြစ်ပြီး စပိုင်များ၏ နံပါတ် တစ် စည်းမျဉ်းမှာ ” ဘယ်တော့မှ အဖမ်းမခံရစေနဲ” ဆိုတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ မစ္စတာ ဘွန်းကြီးကတော့ အမြဲ အဖမ်းခံရတဲ့အပြင် အထုအထောင်း အမြဲ ခံရပါတယ်။

သူဟာ အမိန့်ကို ဘယ်တော့မှ မနာခံ

တကယ့် ထောက်လှမ်းရေး လောကမှာ ကိုယ်ပိုင် စဉ်းစား လုပ်ကိုင်ဖို့ ခွင့်ပြုထားပေမယ့် အမိန့်ကိုတော့ မသွေမတိမ်း နာခံရပါတယ်။

ဂျိမ်းစ်ဘွန်းကတော့ အမိန့်တွေကို မနာခံတဲ့အပြင် သူလုပ်ချင်တာ လုပ်လေ့ရှိပါတယ်။ ဒါ့အပြင် ဘယ်လို ရလဒ်တွေပဲရှိရှိ သူလုပ်သမျှ အမှန်ထင်လေ့ ရှိသူဖြစ်ပါတယ်။

သူဟာ မှတ်ပုံတင် အစစ်၊ နာမည် အစစ် ဖြင့် ခရီးသွားလာတတ်

ထောက်လှမ်းရေး နှင့် ပတ်သက်သည့် သိရသလောက်ကတော့ မည်သည့် အေးဂျင့်မဆို ကိုယ်ပိုင် မှတ်ပုံတင်နှင့် ဘယ်တော့မှ ခရီးမသွားခဲ့ပါဘူး။

ဒီလို မှတ်ပုံတင် အစစ်ကို လျှို့ဝှက်ထားတာဟာ လုံခြုံရေးအရ လုပ်ထုံး လုပ်နည်း တခုဖြစ်သော်လည်း ကိုကို ဂျိမ်းကတော့ စူပါမန်း တစ်ယောက်သဖွယ် မူရင်းမှတ်ပုံတင် နှင့် နာမည်အရင်းကို အသုံးပြုပြီး ရန်သူ့နယ်မြေကို ခရီးသွားလေ့ရှိပါတယ်။

လူတွေ သူကိုအမြဲ ဂရုပြုမိအောင်နေ

ထောက်လှမ်းရေး သင်တန်း၏ အရေးအကြီးဆုံး အပိုင်းကတော့ မိမိအား ရန်သူမှ ဘယ်တော့မှ သတိမထားမိစေရန် ဖြစ်ပါတယ်။

စပိုင် သို့မဟုတ် လျှို့ဝှက်အေးဂျင့် သို့မဟုတ် ထောက်လှမ်းရေး အရာရှိ လို့ ယူဆရသူ တယောက်အတွက်တော့ ဂျိမ်းစ်ဘွန်း၏ နေပုံထိုင်ပုံမှာ အလွန်ကို ဆိုးရွားနေပါတယ်။

သူဟာ အလွန်ဈေးကြီးတဲ့ ကားတွေကိုစီး၊ ဈေးကြီးတဲ့ ဝတ်စုံတွေဝတ်ကာ ကြယ် ငါးပွင့် ဟိုတယ်ကြီးတွေမှာသာ တည်းခိုလေ့ရှိပါတယ်။

ဒါ့အပြင် သူဟာ အများသူငါ သွားလာနေတဲ့ နေရာတွေမှာ သူ့လက်နက်တွေကို အသုံးပြုလေ့ရှိပြီး ဝုန်းဒိုင်းကြဲလေ့ ရှိပါတယ်။

လူတိုင်းက သူ့ကိုသိကြ

အဆိုးဆုံးကတော့ လူတိုင်းက သူဘယ်သူတုန်းဆိုတာ အတိအကျကို သိနေတာပါ။ ကြေကွဲဖို့ အတော်ကောင်းပါတယ်။

လူဆိုးတွေ၊ ဟိုတယ် ဧည့်ကြိုတွေကအစ ဘားဆိုင်မှ စားပွဲထိုးတွေကအဆုံး သူ့နာမည်ကို သိသလို သူ့ကိုလည်း ရင်းနှီးကြပါတယ်။

ဘားဆိုင်ထဲကိုဝင်တာနဲ့ “မင်္ဂလာ မနက်ခင်းပါ မစ္စတာဘွန်း” ဆိုပြီး နှုတ်ဆက်ကြသလို သူသောက်နေကျ ကိုလည်း တန်းချပေးလေ့ ရှိပါတယ်။

ဇာတ်ကားထဲမှ လူဆိုးတိုင်း သူ့ရဲ့ ကျော်ကြားမှုကို သိကြသလို သူ့ရဲ့ ကုတ်ဒ် နံပါတ်ဖြစ်တဲ့ 007 ကိုတောင် သိကြတဲ့အတွက် ဒီအချက်နဲ့တင် အတော်ဆိုးနေပါပြီ

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published.