Xiaomi ဟာ ၎င်း၏ ဒုတိယမြောက် ကားကုမ္ပဏီတခုဖြစ်တဲ့ “Xiaomi Automobile Technology Co.” ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ အ တွင်းမှာ ထပ်မံ တည်ထောင်ခဲ့ပါတယ်။
စမတ်ဖုန်း ထုတ်လုပ်မှုဖြင့် ကမ္ဘာ့ တဝှမ်းလူသိများလာတဲ့ Xiaomi ဟာ ယခုနှစ် အစောပိုင်းအတွင်းမှာ လျှပ်စစ်စွမ်းအင်သုံး ကားလောကထဲကို ဝင်ရောက်လာတော့မယ်လို့ ကြေငြာခဲ့ပြီး နောက်မှာ Xiaomi EV Company Limited အမည်ဖြင့် ကားကုမ္ပဏီကို တည်ထောင်ခဲ့တာပါ။
ဘေဂျင်းတွင် မှတ်ပုံတင်လိုက်တဲ့ ကားကုမ္ပဏီသစ်ကတော့ ဒုတိယမြောက် ကားကုမ္ပဏီဖြစ်ပြီး လျှပ်စစ်စွမ်းအင်သုံး ကားများကို ထုတ်လုပ် ဖန်တီးတော့မှာ ဖြစ်ပါတယ်။
Xiaomi Automobile Technology Co. ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တည်ထောင်ခဲ့တာ ဖြစ်ပြီး Xiaomi ၏ တည်ထောင်သူ နှင့် CEO ဖြစ်သည့် Lei Jun က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
ကုမ္ပဏီ၏ ရှယ်ယာ မတည်ငွေမှာ ခန်းမှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ ၁၅၅ သန်း ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်တာများတွင် လျှပ်စစ်စွမ်းအင်သုံး ကားသစ်များ ထုတ်လုပ်ခြင်း နှင့် ဆက်စပ်နည်းပညာများ၊ ဖွံ့ဖြိုးတိုးတက်ရေးများ ပါဝင်ပါတယ်။
ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် မတ်လ ကုန်လောက်က ၎င်း၏ ကားများ ထုတ်လုပ်လိုသည့် အကြောင်းကို တရားဝင် ထုတ်ဖော်ဖွင့်ဟခဲ့တာပါ။
အဲဒီ့နောက်ဩဂုတ်လ မှာတော့ ကုမ္ပဏီခွဲ ဖြစ်တဲ့ Xiaomi EV Company Limited ကို တည်ထောင်ခဲ့ပြီး လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားများ ဖွံ့ဖြိုးတိုးတက်ရေးကို စတင် လုပ်ဆောင်ခဲ့ပါတယ်။
ကုမ္ပဏီဟာ အလိုအလျှောက်မောင်းနှင်စနစ်တွေကို ဖန်တီးနေတဲ့ DeepMotion ကိုလည်း ဝယ်ယူထားပါတယ်။

ကနဦး ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံဝန်းကျင်သာ ရှိပေမယ့် ကုမ္ပဏီဟာ လာမယ့် ၁၀ နှစ်အတွင်းမှာ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ဝန်းကျင်လောက်အထိ ရင်းနှီးမြှုပ်နှံသွားမယ်လို့ သိရပါတယ်။
Lei Jun မှ ကုမ္ပဏီဟာ ကားများကို ထုတ်လုပ် တည်ဆောက်ရာမှာ ၎င်း၏ အတွေ့အကြုံများနှင့် အဆက်အသွယ်များကို အ သုံးပြုသွားမယ်လို့ ဆိုပါတယ်။
ကုမ္ပဏီတွင် ငွေသား အရံ အမေရိကန် ဒေါ်လာ ၁၇ ဘီလီယံလောက် ရှိပြီး လူပေါင်း ၁ သောင်းလောက် ပါသည့် သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနတခု ရှိပါတယ်။
၎င်းဟာ ကမ္ဘာ့ပေါ်တွင် အကောင်းဆုံး စမတ် မော်တော်ကား ဂေဟစနစ်ကို တည်ဆောက်ဖို့ရန်အတွက် အထက်ပါ အရင်းအမြစ်များကို အသုံးချဖို့ မျှော်လင့်ရပါတယ်။
၂၀၂၁ အောက်တိုဘာလ အတွင်းမှာလည်း Xiaomi ဟာ လူပေါင်း ၄၅၃ ယောက်ပါဝင်သည့် မော်တော်ကား ထုတ်လုပ်ရေး အဖွဲ့ကို ဖန်တီးခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။

အခုတော့ ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ် တတိယ သုံးလပတ် ဇူလိုင် နှင့် စက်တင်ဘာလအတွင်းမှာ ပထမဆုံး ၎င်းတို့၏ EV ကားကို ပြသတော့မယ်လို့ ဆိုပါတယ်။
Xiaomi ဟာ ဒုတိယ ကုမ္ပဏီကို တည်ထောင်ပြီးကတည်းက ၂၀၂၄ ခုနှစ်မှာ လျှပ်စစ် စွမ်းအင်သုံး ကားတွေကို အကြီး အ ကျယ် ထုတ်လုပ်မယ်လို့ ကြေငြာထားတာပါ။
ဒါ့ကြောင့် အနာဂါတ် လျှပ်စစ်စွမ်းအင်သုံးကား ဈေးကွက်တွင် ပြိုင်ဆိုင်မှု ပြင်းထန်လာမှာဖြစ်ပြီး Xiaomi ၏ ဈေးသက်သာပြီး အဆင့်မြင့်တဲ့ EV ကားတွေကို မြင်တွေ့လာရတော့မှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။