စမတ်ဖုန်းတွေ နေရာမှာ အသုံးပြုနိုင်မည့် စမတ်မျက်မှန် ဒီဇိုင်း ရှောင်းမီပြသ

Innovation News

ရှောင်းမီ Xiaomi ဟာ မကြာသေးမီက စမတ်ဖုန်းများနေရာတွင် အစားထိုးရန် ရည်ရွယ်ထားသည့် စမတ် မျက်မှန်တစုံကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Xiaomi Samrt Glasses လို့ ရိုးရှင်းစွာ အမည်ပေးထားပြီး ပုံမှန်အားဖြင့် ကြည်လင်သည့် သာမန် မျက်မှန်နှင့် ပုံစံတူပါတယ်။

ဒါပေမယ့် အဲဒီ့ မျက်မှန်တွင် “microLED optical waveguide” နည်းပညာကို အသုံးပြုထားပါတယ်။

ဒီ ပထမဆုံး ထုတ်လုပ်မယ့် စမတ် မျက်မှန်ဟာ ဖုန်းခေါ်ဆိုခြင်း၊ လမ်းညွှန်စနစ်အသုံးပြုခြင်း၊ မက်ဆေ့ချ်များ ဖတ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း အပါအဝင် အများအပြား လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆန်စေ့ အရွယ်ထက်သေးတဲ့ ၀.၁၃ လက်မရှိတဲ့ microLED display ကို Xiaomi စမတ် မျက်မှန်၏ ဘေးဘောင်အတွင်းမှာ သိုဝှက်ထားမှာ ဖြစ်ပါတယ်။

4μm အရွယ်အစားလောက်ရှိမယ့် pixel တခုချင်းစီဟာ OLED များကဲ့သို့ တခုချင်းစီ အလင်းရောင်ကို ရရှိပြီး မျက်နှာပြင်ကို ပိုမိုတောက်ပစေပြီး အမဲရောင်ကို ပိုမို နက်ရှိုင်းစေပါတယ်။

display ကို စွမ်းအင်ပေးမယ့် ချပ်စ်ဟာ အရွယ်အစားအားဖြင့် ၂.၄ မီလီမီတာ x ၂.၀၂ မီလီမီတာ လောက်သာ ရှိမှာဖြစ်ပြီး quad-core ARM processor ကို အသုံးပြုကာ Android OS နှင့် လုပ်ဆောင်မှု ဖြစ်ပါတယ်။

အလင်းပြန်ခြင်းနှင့် ပျံ့နှံ့စေခြင်းတို့ကြောင့် optical waveguide lens ဟာ လူသားတို့၏ မျက်လုံးမှ ပိုမို ကြီးမား display အဖြစ် မြင်နိုင်အောင် ဖန်တီးထားပါတယ်။

“အလင်းယိုင်ခြင်း ဖြစ်စဉ်တွင် အလင်းတန်းများကို မရေမတွက်နိုင်လောက်တဲ့ အကြိမ်ပေါင်းများစွာ ခုန်ကူးစေပြီး လူသားမျက်လုံးအား ပြီးပြည့်စုံသော ပုံများကို မြင်နိုင်ရန်နှင့် တပ်ဆင်ထားတဲ့အချိန်မှာ အသုံးပြုနိုင်မှုကို တိုးတက်စေပါတယ်။”

ဓာတ်ပုံရိုက်ခြင်း

“ဒီလို လုပ်ဆောင်မှုကို အခြားအရာများကဲ့သို့ ရှုပ်ထွေး များပြားသည့် မှန်ဘီလူးစနစ်များ၊ ကြေးမုံများ သို့မဟုတ် မှန်တခြမ်းများကို အသုံးပြုမည့် အစား မှန်ဘီလူး တခုထဲနှင့် လုပ်နိုင်အောင် ဖန်တီးထားတယ်” လို့ Xiaomi ၏ blog post မှာ ရှင်းပြထားပါတယ်။

ကုမ္ပဏီဟာ ၎င်း၏ စမတ်မျက်မှန်အသစ်ကို စမတ်ဖုန်း၏ ဒုတိယမြောက် display အဖြစ် မဟုတ်ဘဲ သီးခြား အလုပ်လုပ်နိုင်တဲ့ စမတ် မျက်မှန်အဖြစ် ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။

အားလုံး ခြုံငုံပြောရရင် Xiaomi ၏ စမတ် မျက်မှန်ဟာ သေးငယ်သည့် အာရုံခံကိရိယာများနှင့် ဆက်သွယ်ရေး စနစ်များ အပါအဝင် အစိတ် အပိုင်းပေါင်း ၄၉၇ ခုနှင့် ပေါင်းစပ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

မျက်မှန်မှ လမ်းညွှန် စနစ်

မျက်မှန်တွင် မလိုလားအပ်သည့် အနှောင့်အယှက်များကို လျှော့ချနိုင်ပြီး၊ အဓိက အချက်အလက်များကိုသာ ဖော်ပြနိုင်ရန် တုံ့ပြန်မှု စနစ်ကိုလည်း Xiaomi က တပ်ဆင်ထားပါသေးတယ်။

ကုမ္ပဏီ၏ XiaoAI voice assistant (အသံဖြင့် ခိုင်းစေမှု) ဟာ မျက်မှန်နှင့် လူအကြား အဓိက အပြန်အလှန် ဆက်သွယ်နိုင်သည့် နည်းလမ်းဖြစ်ပါတယ်။

ပုံရိပ်ဖော်ရန်အတွက် စမတ်မျက်မှန်တွင် 5MP ရှိတဲ့ ကင်မရာတပ်ဆင်ထားပြီး ဓာတ်ပုံများ ရိုက်ကူးပြီးစီးသည့်အခါ အချက်ပြမီးဟာ လင်းလာမှာ ဖြစ်ပါတယ်။

ဘာသာပြန်ခြင်း

မျက်မှန်တွင် built-in မိုက်ခရိုဖုန်း ပါဝင်မှာဖြစ်ပြီး အချိန်နှင့် တပြေးညီ ဘာသာပြန်ဆိုခြင်းနှင့် အသံမှ စာသားသို့ ကူးပြောင်းပေးခြင်းများအတွက် ကုမ္ပဏီမှ ပိုင်ဆိုင်သည့် ဘာသာပြန် algorithm ကို အသုံးပြုမှာ ဖြစ်ပါတယ်။

ဒါဟာ အယူအဆ ဒီဇိုင်းဖြစ်တဲ့အတွက် အမှန်တကယ်တော့ မရရှိနိုင်သေးပါဘူး။ ဒါပေမယ့် Xiaomi အနေနဲ့ကတော့ ဒီနည်းပညာအားလုံးကို ပေါင်းစပ်နိုင်တဲ့ အနာဂါတ် ထုတ်ကုန်တခုကို စိတ်ကူးနေတာတော့ ဖြစ်နိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *