အဆိုပါ လေ့လာမှုဟာ လူ့အင်္ဂါ အစိတ်အပိုင်းများ အတွက် ဖြစ်နိုင်ချေရှိတဲ့ အလားအလာကောင်းများကို ယူဆောင်ပေးဖို့ မှတ်တိုင်တစ်ခု ဖြစ်လာမှာ သေချာပါတယ်။
နောက်ဆုံး လေ့လာမှုတွေအရ သိပ္ပံပညာရှင် အဖွဲ့ တစ်ဖွဲ့ဟာ အချိန် တစ်နာရီကျော် ကြာနေသော အသက်မဲ့နေတဲ့ ဝက်များတွင် သွေးစီးဆင်းမှုကို ပြန်လည် လုပ်ဆောင်နိုင်ခဲ့ပြီးနောက် သေဆုံးခြင်းကို ပြောင်းလဲနိုင်ဖို့ ဖြစ်နိုင်ချေရှိသော အောင်မြင်မှုဖြစ်တယ်ဟု ဆိုပါတယ်။
၎င်းတို့ဟာ အချို့သော ကိုယ်တွင်း အင်္ဂါတွေမှာရှိတဲ့ ဆဲလ်များရဲ့လုပ်ဆောင်ချက်ကို ပြန်လည်အသက်သွင်း လုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
သြဂုတ် ၃ ရက်(ဗုဒ္ဓဟူးနေ့) တွင် ထုတ်ဝေခဲ့သည့် Nature ဂျာနယ်တွင် ယေးလ်တက္ကသိုလ်မှ သုတေသီများက ဒီလိုတိရစ္ဆာန်များရဲ့ ဆဲလ်များကို ပြန်လည် အသက်သွင်း လုပ်ဆောင်နိုင်ခဲ့တဲ့ နည်းပညာသစ် အကြောင်းကို ကြေညာခဲ့တာပါ။
လေ့လာမှုအရ လူ့အင်္ဂါအစိတ်အပိုင်းများ ကိုအစားထိုးကုသရန် အလားအလာကောင်းများ နှင့် ဖြစ်နိုင်ခြေများအတွက် မှတ် တိုင်တစ်ခု ဖြစ်လာပါတယ်။
သုတေသီများ အသုံးပြုခဲ့တဲ့ နည်းပညာဟာ သေဆုံးပြီးနောက်တွင် အင်္ဂါ အစိတ်အပိုင်းများကို ကြာရှည်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော လူများအတွက် သတင်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

Piglets
ယေးလ်ဆေးကျောင်းမှ အာရုံကြောသိပ္ပံဆိုင်ရာ တွဲဖက်သုတေသနပညာရှင် David Andrijevic က “ဆဲလ်အားလုံးက ချက် ချင်းမသေပါဘူး။ ပိုကြာရှည်တဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။”
“ဒီလေ့လာမှုဟာ ဆဲလ်တွေရဲ့ လုပ်ဆောင်မှု အချို့ကို ပြန်လည် လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်တယ် “ဟု ဆိုပါတယ်။
NYU Grossman ဆေးကျောင်းမှ ဇီဝကျင့်ဝတ်ဆိုင်ရာ လက်ထောက်ပါမောက္ခ Brendan Parent က လေ့လာမှုမှာ မပါဝင်ပေမယ့် ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဆဲလ်များ ပြန်လည် ရှင်သန်လာစေအောင် လုပ်ဆောင်နိုင်တာဟာ ကောင်းမွန်တဲ့ ရလာဒ်ဖြစ်တယ်ဟု ဆိုပါတယ်။
ယခင် ၂၀၁၉ ခုနှစ်တုန်းက အမေရိကန် အခြေစိုက် သုတေသီ အဖွဲ့ တစ်ဖွဲ့ဟာလည်း ဝက်များ ချုပ်ငြိမ်းပြီးနောက် နာရီပိုင်း အတွင်း ဦးနှောက်အတွင်းရှိ ဆဲလ်များလုပ်ဆောင်မှုကို ပြန်လည် အသက်သွင်း လုပ်ဆောင်နိုင်ခဲ့ပါသေးတယ်။
နောက်ဆုံးလေ့လာမှုမှာ ယေးလ်သုတေသီများက ၂၀၁၉ ခုနှစ်တုန်းက အသုံးပြုခဲ့တဲ့ တူညီသော နည်းပညာကို အသုံးပြုပြီး ခန္ဓာကိုယ် တစ်ခုလုံး အထိ ချဲ့ထွင်လေ့လာခဲ့ပါတယ်။
လေ့လာမှုပြုလုပ်ဖို့ အသက်မဲ့နေသည့် ဝက်တွေရဲ့ နှလုံးကို လှုံ့ဆော်ပေးခဲ့ပါတယ်။ ခန္ဓာကိုယ်အတွင်း သွေးများ စီးဆင်းမှု ရပ်တန့်သွားတဲ့အခါမှာ ၎င်းတို့ဟာ စမ်းသပ်မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

flasks
ဟေမိုဂလိုဘင်ရဲ့ ပေါင်းစပ်ဖွဲ့စည်းမှုပုံစံနှင့် ဆဲလ်များကို ကာကွယ်ပေးပြီး သွေးခဲခြင်းကို တားဆီးပေးသည့် ဆေးဝါးများကို အသက်မဲ့ ဝက်များအတွင်းသို့ ထည့်သွင်းခဲ့ပါတယ်။
ဟေမိုဂလိုဘင်ဟာ သွေးနီဥများအတွင်း အောက်ဆီဂျင်သယ်ဆောင်ပေးသည့် ပရိုတင်းဖြစ်ပါတယ်။
ထိုအခါ သွေးတွေဟာ တစ်ဖန် ပြန်လည် လည်ပတ်လာပြီး စမ်းသပ်မှုအပြီး ခြောက်နာရီ ကြာပြီးနောက် နှလုံး၊ အသည်းနှင့် ကျောက်ကပ်ကဲ့သို့သော အရေးကြီးသော အင်္ဂါများအပါအဝင် ဆဲလ်များစွာဟာ စတင်လည်ပတ်လာပါတယ်။
နောက်ဆုံးအနေနဲ့ လေ့လာမှုရဲ့အကြီးတန်းစာရေးဆရာနှင့် Yale University မှ သုတေသီ Nenad Sestan က “ဒီဆဲလ်တွေဟာ နာရီပိုင်းလောက်ကြာမှ စတင် လည်ပတ်လာတာပါ။”
“ဒါက ဆဲလ်တွေသေဆုံးမှုကို ရပ်တန့်သွားစေနိုင်တယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါဟာ သေခြင်းတရားကို ကုသနိုင်သလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပြီး ဆက်လက် လေ့လာမှုတွေ ပြုလုပ်နေတယ်ဟု ဆိုပါတယ်။
သုတေသနကို Nature ဂျာနယ်တွင် အသေးစိတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။