သင့်ခွေးက သင့်ကို အရမ်းချစ်ပြီး သင့်အကြောင်းတောင် အိပ်မက်မက်ကြတဲ့ အကြောင်း

Knowledge Nature

စိတ်ကူးယဉ် ကမ္ဘာနှင့် ပတ်သတ်လာလျှင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ခွေးမိတ်ဆွေလေးများနှင့် သိပ်မကွာခြားကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

အိပ်နေတဲ့ခွေးလေးတွေကို ကြည့်ရင်း သူတို့ အိပ်မက်မက်နေတဲ့ အရာတွေကို တွေးတေ ာနေရင်းနဲ့ ကြည်နူးမိဖူးလား။

ခွေးပိုင်ရှင်အများစုက သူတို့ရဲ့ ခွေးကလေးတွေ အိပ်နေချိန်တွင် လှုပ်ရမ်းခြင်း သို့မဟုတ် သူတို့ခြေထောက်တွေကို လေထဲတွင် လှော်ခတ်နေတာကို သတိပြုမိကြပြီး တချိန်တည်းမှာပင် ရှဉ့်ကို လိုက်ဖမ်းနေတယ်လို့ မှတ်ယူဖူးကြပါလိမ့်မယ်။

ခွေးတွေက ဘာကို အိပ်မက်မက်ကြတာလဲ။

ကမ္ဘာတစ်ဝှမ်းရှိ အိမ်မွေးတိရိစ္ဆာန်မိဘတွေအတွက် ခွေးတစ်ကောင်က သူ့အိပ်မက်ထဲမှာ တစ်ခုခုကို လိုက်ဖမ်းနေတာ ဖြစ်နိုင်တဲ့ ပြေးလွှားနေတဲ့ အပြုအမူတွေဟာ သိသာထင်ရှားပုံရပါတယ်။

ပြီးတော့ သူတို့က မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါဆို ခွေးတွေက ဘာတွေကို အိပ်မက်မက်ကြတာလဲ။

ကျွန်တော်တို့ရဲ့ ဦးနှောက်နှင့် ခွေးလေးတွေရဲ့ ဦးနှောက်ကြားတွင် အရွယ်အစား ကွာခြားသော်လည်း သိသာတဲ့ တူညီချက်တစ်ခု ရှိပါတယ်။

ဦးနှောက် နှစ်မျိုးစလုံးက တူညီသော အိပ်စက်ခြင်း လုပ်ဆောင်မှုစက်ဝန်း (sleep cycle) တွေကို ပြသပြီး ဒီတူညီချက်က ခွေးလေးတွေရဲ့ အိပ်မက်တွေဟာ ကျွန်တော်တို့လိုပဲ နေ့စဉ် လုပ်ငန်းဆောင်တာတွေမှ အဖြစ်အပျက်တွေကို လုပ်ဆောင် နေတယ်ဆိုတာကို သုတွေသီတွေအား မှန်းဆနိုင်စေခဲ့ပါတယ်။

ခွေးတွေအတွက် အိပ်မက်ကမ္ဘာဟာ လက်တွေ့ဘဝ၏ ဒြပ်စင်များ (သို့မဟုတ် အပိုင်းအစများ) ဖြင့် ဖွဲ့စည်းထားပြီး ရောထွေးနေသော စိတ်အခြေအနေများတွင် ဇာတ်လမ်းဖြစ်ပေါ်လာပါတယ်။

သင်လည်း သူတို့ဘဝ၏ အဓိကအစိတ်အပိုင်းဖြစ်သောကြောင့် ထိုအိပ်မက်တွေထဲမှာလည်း သင်ပါဝင်ပါတယ်။

အဲဒီ လမ်းလျှောက်တာတွေ၊ ဗိုက်ကို ပွတ်တာ၊ နားရွက်ကလေးကို ပွတ်သပ်ပြီး အပြုအမူကောင်းလေးတွေအတွက် ဆုပေးတာတွေ အား လုံးက သင့်ခွေးလေးတွေရဲ့ ညအချိန် စွန့်စားခန်းတွေမှာ ပါရှိပါတယ်။

ခွေးတွေဟာ အရောင်အသွေးအရ ကျွန်တော်တို့လုပ်ဆောင်နိုင်တာထက် ကမ္ဘာကြီးရဲ့ ရှုမြင်ကွင်းကို ကန့်သတ်ထားတယ်လို့ ယူဆပါက ဒါဟာ သူတို့အိပ်မက်ကမ္ဘာ၏ အမြင်အာရုံတွင် ထင်ဟပ်နေတယ်လို့လည်း ကျွန်တော်တို့ ယူဆနိုင်ပါတယ်။

လူသားတွေလိုပဲ ခွေးတွေကလည်း Rapid Eye Movement (REM) အိပ်စက်ခြင်းနှင့် REM မဟုတ်သော အိပ်စက်ခြင်းတို့ရဲ့ အိပ်စက်ခြင်းသံသရာကို ဖြတ်သန်းကြပါတယ်။

ဒါပေမယ့် ခွေးလေးတွေရဲ့ နေ့စဥ် အနားယူချိန်အချိန်ဟာ ၁၂ နာရီကနေ ၁၄ နာရီကြားရှိပေမယ့် ကျွန်တော်တို့ခွေးလေးတွေရဲ့ အိပ်စက်ခြင်းစက်ဝန်းက ကျွန်တော်တို့ထက် အများကြီးပိုတိုပါတယ်။

ကျွန်တော်တို့က မိနစ် ၉၀ အတွင်း အိပ်စက်ခြင်း စက်ဝန်း လေးကြိမ်မှ ခြောက်ကြိမ်အထိ ရှိနိုင်သော်လည်း ခွေးတွေက တစ်ညလျှင် ၁၅ ကြိမ် မှ၂၀ကြိမ်ခန့်အထိ တွေ့ကြုံရနိုင်ပါတယ်။

အဲ့တာဟာ REM အိပ်စက်ခြင်းနှင့် ဆန့်ကျင်ဘက် REM မဟုတ်သော အိပ်စက်ခြင်းတို့အတွင်းဖြစ်ကြပြီး ကျွန်တော်တို့လိုပဲ အဲ့ဒီမှာ သူတို့ရဲ့ အထင်ရှားဆုံး အိပ်မက်တွေ အများစုကို လုပ်ဆောင် နိုင်ဖွယ်ရှိပါတယ်။

“Do Dogs Dream?” စာအုပ်ကို ရေးသားသူ ခွေးများကို လေ့လာ နေသည့် သုတေသန ပညာရှင် ဒေါက်တာ Stanley Coren က ဒီ အ ကြောင်း အရာကို နောက်ထပ်တစ်ဆင့် ထပ်တက်ပြီး လေ့လာကြည့်ရာ ပိုကြီးမားသော ခွေးတွေမှာ ပိုကြာတဲ့ အိပ်စက်ခြင်းစက်ဝန်းရှိပြီး မိနစ် ၉၀ တိုင်း အိပ်မက်အသစ်တစ်ခု ထပ်ကြုံရတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ပိုသေးငယ်သော ခွေးတွေမှာ ပိုတိုတဲ့ အိပ်မက်ရှိသော်လည်း မကြာခဏ မက်လေ့ရှိပါတယ်။ ဥပမာအားဖြင့် Chihuahuas (ချီဟွားဟွား) တွေက ၁၀ မိနစ်တိုင်း အိပ်မက် မက်ပါတယ်။

ခွေးတွေ အိပ်မက်မက်ကြတာကို ကျွန်တော်တို့ ဘယ်လိုသိလဲ။

သုတေသန လက်ထောက်ပါမောက္ခ Kenway Louie နှင့် Massachusetts Institute of Technology (MIT) မှ ပရော်ဖက်ဆာ Matthew Wilson တို့က REM အိပ်စက်ခြင်းအတွင်း အာရုံကြောလှုပ်ရှားမှုပုံစံကို စုံစမ်းစစ်ဆေးရန် ကြွက် hippocampus (မှတ်ဉာဏ်နှင့် သင်ယူမှုတွင်ပါ၀င်သော ဦးနှောက်၏ ဒေသ) အတွင်းရှိ အာရုံကြောတွေကို လေ့လာခဲ့ကြပါတယ်။

သူတို့က ကာလကြာရှည်စွာ ကွဲပြားသော ဦးနှောက်လုပ်ဆောင်ချက်ကို ထုတ်လုပ်ရန် သိထားသည့် (အစားအစာဆုအတွက် စက်ဝန်း လမ်း ကြောင်းပေါ်တွင် လည်ပတ်နေသော) အပြုအမူဆိုင်ရာ အလုပ်တစ်ခုနှင့် အလားတူ ပုံစံတွေအတွက် နောက်ဆက်တွဲ REM အိပ်စက်ခြင်း အပိုင်းများနှင့် နှိုင်းယှဉ်ထားပါတယ်။

သူတို့ရဲ့ သုတေသနပြုချက်အရ ကြွက်တွေဟာ အိပ်ပျော်နေစဉ် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည် အမှတ်ရနေကြပါတယ်။ တနည်းအားဖြင့် ကြွက်တွေ အိပ်မက်မက်ကြတာကို ညွှန်ပြခဲ့ပါတယ်။

အတိအကျပြောရလျှင် သုတေသီတွေက ကြွက်တွေ အိပ်မက်မက်နေသည့် လမ်းကြောင်း၏ အပိုင်းကိုပင် ပြောပြ နိုင်ခဲ့ပါတယ်။

အလားတူ ရလဒ်တွေကို ကြွက်တွေနှင့် ကြောင်များတွင်လည်း တွေ့မြင်ရတာကြောင့် ခွေးတွေသာမက နို့တိုက် သတ္တဝါတွေ အားလုံးတွင်လည်း အမြင်အာရုံ အိပ်မက်တွေ ရှိနိုင်တယ်လို့ ကောက်ချက်ချရန် ကျိုးကြောင်းဆီလျော်ပါတယ်။

ခွေးလေးတွေဟောင်တဲ့အခါ သူတို့ ဘာအိပ်မက်မက်ကြသလဲ။

ဒါပေမယ့် သင့်ခွေးလေး အိပ်မက်မက်နေတယ် ဆိုတာကို အပြင်ပန်း ညွှန်ပြနိုင်တာက ခြေထောက် လှုပ်ရမ်းခြင်းမျှသာ မဟုတ်ပါဘူး။

အမြီးတွန့်ခြင်း၊ ညည်းတွားခြင်း၊ မာန်ဖီခြင်း၊ နှုတ်ခမ်းတွန့်ခြင်း သို့မဟုတ် ဟောင်ခြင်းတို့ကပင် အိပ်မက်ပုံရိပ်တွေကို မသိစိတ်ဖြင့် တုံ့ပြန်နေတာဖြစ်ပြီး ခွေးတွေအတွက် အလွန်အဖြစ်များပြီး ဖြစ်စဉ်ထဲကနေ နိုးထလာတဲ့အခါ သူတို့ကိုယ်သူတို့ အံ့အားသင့်နေတတ်ကြပါတယ်။

ဒါပေမယ့် ဒါက သင့်ခွေးက အိပ်မက်ဆိုးမက်နေတယ်လို့ မဆိုလိုပါဘူး၊ နေ့ဘက်တွင် ပုံမှန်ဟောင်လေ့ရှိသော အရာတစ်ခုခုကို ဟောင်နေခြင်းပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒါဟာ သူတို့အတွက် ဆက်သွယ်မှုပုံစံတစ်ခုပါ။

လူသားတွေနှင့် မတူဘဲ ခွေးတွေဟာ အိပ်ပျော်နေချိန်၌ပင် သူတို့၏ စိတ်ကူးစိတ်သန်းဖြင့် တီထွင် ဖန်တီးနိုင်စွမ်း မရှိတာကြောင့် ကျွန်တော်တို့လို အိပ်မက်ဆိုးတွေ ကြုံတွေ့ရနိုင်ဖွယ်မရှိပါဘူး။

ထို့အစာ ကြောက်မက်ဖွယ်ကောင်းသော ရေချိုးခြင်း သို့မဟုတ် နံနက်ခင်းရဲ့ ကြောက်မက်ဖွယ်ကောင်းစွာ ရောက်ရှိလာခြင်း ကဲ့သို့သော တုန်လှုပ်ဖွယ် အမှတ်တရတွေကို ပြန်လည်အသက်သွင်းနိုင်ပါတယ်။

သင့်ရဲ့ခွေးလေးဟာ အိပ်မက်ဆိုးမက်နေမှာကို စိုးရိမ်နေပါက အိပ်နေတဲ့ခွေးလေးကို နှိုးတာဟာ ကောင်းတဲ့အကြံတစ်ခုတော့ မဟုတ်ပါဘူး။

၎င်းသည် သူတို့ရဲ့ အိပ်စက်ခြင်းစက်ဝန်းကို နှောင့်ယှက်ပြီး ပြန်လည်ထူထောင်ထားသော REM အိပ်စက်ခြင်းကိုပါ အနှောင့်အယှက်ပေးရုံသာမက ရုတ်တရက် လျှပ်တပြက်ပင် လန့်နိုးသွားနိုင်ပါတယ်။

အကောင်းဆုံးကတော့ နောက်တစ်နေ့မှာ ခွေးလေး အိပ်ငိုက်သွားစေနိုင်ပါတယ်။

ထို့ကြောင့် သူတို့ဟာ သင့် (သို့မဟုတ် သင့်ရဲ့ အငွေ့အသက်) ကို အိပ်မက်မက် နေနိုင်သော်လည်း အိပ်နေသော ခွေးတွေကို လှဲလျောင်းခွင့်ပြုခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.