ယခုနှစ် မတ်လအစောပိုင်းမှာ အာကာသ ထိန်းချုပ်ရေးအဖွဲ့ (18SPCS) ဟာ အာကာသ ပတ်လမ်းအတွင်း လွှင့်မျောနေတဲ့ အရာဝတ္ထုတခုကို တွေ့ရှိခဲ့ပါတယ်။
အဆိုပါ အရာဝတ္ထုကို ရှာဖွေ ခြေရာခံ ဖော်ထုတ်ပြီးနောက် ၎င်းဟာ တရုတ်ဂြိုဟ်တု Yunhai 1-02 ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး အာ ကာသထဲမှာ တခုခုနှင့် တိုက်မိခဲ့တာကို တွေ့ခဲ့ပါတယ်။
အာကာသ ပညာရှင် ဂျိုနသန် မက်ခ်ဒိုဝယ် အဆိုအရ ၁၉၉၆ ခုနှစ်က လွှတ်တင်ခဲ့တဲ့ ရုရှား ဒုံးပျံ ၏ အပျက်အစီးများဟာ အဆိုပါ တရုတ်ဂြိုဟ်တုနှင့် တိုက်မိခဲ့ဖွယ် ရှိတယ်လို့ ဆိုပါတယ်။
ဥရောပ အာကာသ အေဂျင်စီတွင် တကယ်ပဲ အာကာသတွင်း အပျက်အစီး အပိုင်းအစများ ရုံး ရှိပြီး ၎င်းကို ဂျာမနီနိုင်ငံ Darmstadt တွင် ဖွင့်လှစ်ထားကာ ကမ္ဘာပတ်လမ်းအတွင်း လွင့်မျောနေတဲ့ အရာဝတ္ထုများကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
နောက်ဆုံးရရှိထားတဲ့ ဂဏန်းများအရ အာကာသအတွင်းတွင် အစိတ်အပိုင်းပေါင်း ၃၄,၀၀၀ လောက် လွင့်မျောနေပြီး ၎င်းတို့ဟာ အနည်းဆုံး ၃.၉ လက်မ ခန့်မှစပြီး ရှိကာ မတော်တဆ အကြိမ်ရေ ၅၇၀ လောက် ဖြစ်ပွားခဲ့ပါတယ်။
အာကာသ စောင့်ကြည့်ရေးမှ စောင့်ကြည့်နေသည့် အစိတ်အပိုင်းများဟာ ၂၉,၁၁၀ ခန့်သာရှိပေမယ့် ၀.၀၃ လက်မ မှနေပြီး ၃.၉ လက်မ အကြားရှိ အပျက်အစီး အစိတ်အပိုင်းပေါင်းဟာ ၁၂၈ သန်းခန့်တောင် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

လူအများ အတွက် အာကာသ အပန်းဖြေခရီးများ မစမီ ဒီ အမှိုက်သရိုက် အပျက်အစီးတွေကြောင့် ရုပ်ဆိုးစေရုံသာမက အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။
SpaceX CEO ဖြစ်တဲ့ Elon Musk ကတော့ ၎င်းရဲ့ အဆင့် ၂ ဆင့်ပါဝင်တဲ့ megarocket ဒုံးပျံကို အာကာသ အမှိုက်သရိုက်များကို ၎င်း၏ အခြား မစ်ရှင်များတွင် ဖယ်ရှားနိုင်မှာဖြစ်ပြီး ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ ပြင်ပ အရှုပ်အထွေးတွေကို လျှော့ချနိုင်မယ်လို့ ပြောပါတယ်။
ဧပြီလအတွင်း IFL website တွင် တရုတ်နိုင်ငံဟာ အာကာသအတွင်းမှ အမှိုက်သရိုက်များကို ရှင်းလင်းဖို့ ကြီးမားတဲ့ စကာကွက် ပိုက်ကွန်ကြီးကို လွှတ်တင်မယ့် အကြောင်း ဖော်ပြခဲ့ပါတယ်။
တရုတ်ဟာ အဲလို မကြေငြာခင် ရက်ပိုင်းလေးမှာပဲ ၎င်းရဲ့ ဂြိုဟ်တု တလုံးဖြစ်တဲ့ Yunhai 1-02 ဟာ အာကာသအတွင်းရှိ အပိုင်းအစများနှင့် တိုက်မိကာ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရပါတယ်။
Yunhai1-02 ဟာ လက်ရှိမှာ ပတ်လမ်းဆိုင်ရာ ချိန်ညှိမှုများ ပြုလုပ်ခဲ့ပြီး ထိန်းချုပ်မှု အောက်မှာ ရှိနေဆဲလို့ သိရပါတယ်။ ဒါပေမယ့် အခြား အဖြစ်အပျက်တွေက ဒီလောက် ကံမကောင်းနိုင်ပါဘူး။
နက္ခတ္တဗေဒပညာရှင် တယောက်အဆိုအရ “ကျွန်တော်တို့မှာ ဒီထက် ဂြိုဟ်တု ၁၀ ဆရှိလာရင် မျောနေတဲ့ အစိတ်အပိုင်းများနဲ့ ဝင်တိုက်နိုင်ချေ အဆ ၁၀၀ ပိုများလာမယ်” လို့ သိရပါတယ်။
ဒီလို အာကာသအတွင်း အပျက်အစီး အစိတ်အပိုင်းများနှင့် ကြပ်တည်းမှု မြင့်တက်လာတာနှင့်အမျှ ဂြိုဟ်တုများနှင့် ဝင်တိုက်နိုင်မှုဟာ အသေးအဖွဲ ကိစ္စမှသည် အကြီးကြီး ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
အာကာသ ပတ်လမ်းအတွင်း သန့်ရှင်းရေး လုပ်ရမည့် မစ်ရှင်ဟာ လုပ်သင့်သည်ထက်ကို နောက်ကျနေလောက်ပြီလို့ ခန့်မှန်းရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။