ဒါဟာ ကမ္ဘာပေါ်မှာ အခံ့ညားဆုံးအရာတော့ မဟုတ်ပေမယ့် လေ့လာမှုအသစ်တစ်ခုက နွားတွေကို မြင်းကျားတွေနဲ့ တူအောင် ဆေးခြယ်ခြင်းက ထိုက်တန် သင့်လျော်တာကို တွေ့ရှိခဲ့ပါတယ်။
ယခင်လေ့လာမှုတွေက အမည်းရောင်နဲ့ အဖြူရောင် အစင်းတွေဟာ မြင်းကျားများ၊ အခြားတိရစ္ဆာန်များနဲ့ လူသားတွေကို မှက်ကြီးကိုက်ခံရခြင်းအပြင် အခြား သွေးစုပ်ကောင်တွေဆီကနေ ကာကွယ်ပေးနိုင်တာကို ပြသခဲ့ပါတယ်။
စမ်းသပ်မှုတွေက ဒီယင်ကောင်တွေဟာ အဖြူအမည်းအစင်းရာ မျက်နှာပြင်တွေကို ရှောင်ရှားလေ့ ရှိတာကို ပြသခဲ့ပြီး အခြား လေ့လာမှုတွေက ထိုအစင်းတွေဟာ အင်းဆက်ရဲ့ အမြင်အာရုံကို ပစ်မှတ်ထားတဲ့ လှုပ်ရှားနေတဲ့အရာတွေကို ဖုံးကွယ်ခြင်းတစ်မျိုးကို ဖြစ်စေနိုင်ပြီး Barberpole Illusion နဲ့ Wagon Wheel Effect ကဲ့သို့သော အမြင်အာရုံကို ထင်ယောင်ထင်မှားဖြစ်စေတယ်လို့ အကြံပြုခဲ့ပါတယ်။
ယခု PLOS ONE တွင် ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုက ဒါကို နွားတွေဆီမှာ အသုံးချလို့ရမရကို ရှာဖွေရန် ကြိုးပမ်းခဲ့ပါတယ်။
အားလုံးအတွက် သတင်းကောင်းကတော့ အဲဒါကို ကောင်းကောင်း အသုံးချနိုင်တာ ဖြစ်ပါတယ်။
ဂျပန် သုတေသီတွေက နွားအုပ်စု တစ်စုတွင် မြင်းကျားပုံစံ အစင်းများ၊ အခြားနွားများတွင် အနက်ရောင် အစင်းတွေသာ ခြယ်သခဲ့ပြီး၊ ထိန်း ချုပ်တဲ့အနေနဲ့ အခြားကျန်ရှိတဲ့ နွားတွေကို မခြယ်ဘဲ ထားခဲ့ပါတယ်။

ထို့နောက် နွားတွေကို မှက်ကြီးယင်ကောင်များကို တွန်းလှန်သည့် အမူအကျင့်များ-ခေါင်းခွေ့ခြင်း၊ နားရိုက်ခြင်း၊ ခြေထောက်ဆောင့်ခြင်း၊ အရေတွန့်ခြင်းနဲ့ အမြီးရိုက်ခြင်းတို့ကို ကြည့်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ရှိ မှက် အရေအတွက်ကို ရေတွက်ခဲ့ပါတယ်။
အနက်ရောင်အစင်းသာရှိတဲ့ နွားတွေနဲ့ ကျန်ဆေးမခြယ်ထားတဲ့ နွားတွေအကြား သိသိသာသာ ကွဲပြားမှုမရှိဘဲ မြင်းကျား အစင်းခြယ်ထားတဲ့ နွားတွေဟာ သူတို့ရဲ့ ထိန်းချုပ်မှုအုပ်စုတွင်ရှိတဲ့ နွားတွေရဲ့ကိုယ်ပေါ်က မှက်ကြီးယင်ကောင်တွေထက် ၅၀ ရာခိုင်နှုန်း ပိုနည်းတာကို တွေ့ရှိခဲ့ပါတယ်။
မြင်းကျား အစင်းခြယ်ထားတဲ့ နွား ၂၀ ရာခိုင်နှုန်းခန့်မှာ ယင်ကောင်ကို တွန်းလှန်တဲ့ အမူအကျင့် လျော့ကျသွားတာကို တွေ့မြင်ခဲ့ရပါတယ်။
သူတို့ပေါ်ရှိ မှက်ကြီးယင်ကောင်တွေဟာ နည်းသွားပြီး သူတို့ကို စိတ်အနှောင့်အယှက် ပေးတာတွေလည်း နည်းသွားပါတယ်။
ရလဒ်တွေကို ထပ်တူပြုလုပ်နိုင်ပါက ရိုးရိုး ပိုးသတ်ဆေးတွေထက် ယင်ကောင်ကိုက်ခြင်းကို နှိမ်နင်းရန် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းအဖြစ် အစင်းကြောင်း အတုတွေကို သုံးနိုင်တယ်လို့ အဖွဲ့က ယုံကြည်ပါတယ်။
ကုန်ကျစရိတ်နည်းတဲ့အပြင် အစင်းတွေဟာ အဆိပ်မရှိ၊ မွေးမြူရေးတိရစ္ဆာန်တွေအတွက် ပိုမိုကျန်းမာစေတဲ့အပြင် သဘာဝ ပတ်ဝန်းကျင်အတွက်လည်း ပိုမိုကောင်းမွန်ပါတယ်။
မှက်ကြီးတွေဟာ ဆိုးရွားတဲ့ မွေးမြူရေး တိရိစ္ဆာန်ပိုးမွှားတွေ ဖြစ်ပြီး တိရစ္ဆာန် ထုတ်လုပ်မှု၌ စီးပွားရေး ဆုံးရှုံးမှု ဖြစ်စေပါတယ်။
နွားများပေါ်တွင် မြင်းကျားကဲ့သို့ အစင်းတွေ ရေးဆွဲခြင်းဟာ တစ်ကောင်ချင်းစီအပေါ် မှက်ကြီးကိုက်ခြင်း ဖြစ်ပွားမှုကို ၅၀ ရာခိုင်နှုန်း လျော့ ကျစေတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။
ဤလုပ်ငန်းဟာ ပတ်ဝန်းကျင်၌ ပိုးသတ်ဆေးဒဏ်ခံရတဲ့ပြဿနာကို ကူညီဖြေရှင်းပေးသည့်အပြင် တိရိစ္ဆာန်တွေ သက်သာချောင်ချိရေးနဲ့ လူတို့ ရဲ့ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတဲ့ တိရိစ္ဆာန်များအား မှက်ကြီး တိုက်ခိုက်ခြင်းတွေကို လျော့ချရန် သမားရိုးကျ ပိုးသတ် ဆေး တွေ အသုံးပြုခြင်းကို အခြားနည်းလမ်းတစ်ခု ထောက်ပံ့ပေးပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။